Monday, September 29, 2008

အဖြစ်က မနှစ်ကနဲ့ မတူ

6
မသဉ္စာ ရေးတဲ့ နားပါပေမဲ့ ကြားသာရဲ့လား ဆိုတဲ့ ပို့စ်လေးဖတ်ပြီး ကျွန်တော် ကြုံခဲ့ရတဲ့ အဖြစ်လေးကို သွားသတိရလိုက်ပါတယ်။ အမှန်တော့ဒါဟာ လူတစ်ဦးရဲ့ စိတ်ဝင်စားမှုပေါ်မူတည်တယ်လို့ ကျွန်တော်ယူဆပါတယ် ဥပမာဗျာ။ ။ ကျွန်တော်စိတ်မ၀င်စားတဲ့ အကြောင်းလာပြောလို့ကတော့ လော်စပီကာနဲ့ လာအော်လဲ ကြားလိုက်ပေမဲ့ နားမလည်လိုက်ဘူး ဘာကိုပြောသွားမှန်းကို မသိတာ။ အဲ.. ကျွန်တော်စိတ်ဝင်စားမဲ့ ကောင်းမလေးတွေအကြောင်းပြောလို့ကတော့ နားစိုက်ရုံတင်မကဘူး ပြောတဲ့သူကို မျက်လုံးနဲ့ပါ အားရပါးရပြူးကြည့်ပြစ်တာ ဆိုတော့ ပြောတဲ့သူကကြာတော့ သရိုးသရီဖြစ်ပြီး ဆက်မပြောရဲအောင်ဖြစ်သွားပါတယ်။
ဆိုတော့.. ခုနက စကားပြန်ဆက်ရရင် ကျွန်တော်ကြုံခဲ့ရတာ ဒီလိုဗျ

အတိုချုံးပဲပြောမယ်နော် စာရှည်မှာ စိုးလို့ ကျွန်တော်မှာ သူငယ်ချင်း တစ်ယောက်ရှိပါတယ် သူ့နာမည်က သော်ဇင် ပါ(ပါ မပါဘူးနော်) တရက်တော့ ကျွန်တော်တို့ လက်ဖက်ရည်သောက်ဖို့ ပိုက်ဆံမရှိလို့ သူ့အမေဆီ သွားတောင်းကြပါတယ်။
တောင်းတော့ သူ့အမေက နင့်အဖေဆီမှာတောင်းလို့ ပြောပါတယ်။ ခက်နေတာက ဒီကောင်က အဖေဆိုသေမလောက်ကြောက်တာ
ဒီတော့ မတောင်းရဲဘူးပေါ့ဗျာ အဲဒါနဲ့ ဒီကောင်က သားမတောင်းရဲဘူးအမေ ဘာညာနဲ့ သူ့အမေကို ကပ်ပြီး တောင်းပေးဖို့ပြောတာပေါ့ဗျာ သူ့အမေကလဲ ဘာမှမကြောက်နဲ့ ငါတောင်းခိုင်းလိုက်တာလို့ပြော နင့်အဖေ ငါ့ကို မလှန်ရဲပါဘူး
အဲဒီမှာ ကျွန်တော် ကတမျိုးနားလည်လိုက်ပြီး မနေနိုင်င်မထိုင်နိုင် ရှည်ပြီးသွားမေးမိပါတယ်။
မေးလိုက်ပုံက..... ဟမ်.. ဒါဆို ဦးလေးက အဒေါ့်ကို မလှန်ရဲဘူးဆိုတော့ ဒီကောင်က ဘယ်လိုမွေးလာတာလဲဟင်
............... အဲဒီနေ့က ကံကောင်းလို့ ဇာတ်မင်းသားစတိုင်မဖြစ်တာ(ခေါင်းပေါက်၍ပတ်တီးဖြင့်) လက်ဖက်ရည်လဲ မသောက်လိုက်ရပါဘူး။

အဲနောက်တခုကတော့ ကျွန်တော် သူငယ်ချင်းပါ အမှန်တော့ ဒီကောင်က ကျပ်မပြည့်ပါဘူး ဘယ်လိုပြောရမလဲ ပြားကိုးဆယ်လို့ ပြောရမလားပဲ၊ တခါတလေ ကျတော့ သူ့ရဲ့ အိုင်ဒီယာလေးတွေက ကျွန်တော်တို့တောင်မတွေးမိတာတွေပါ အရှုးက တမူးသားတယ်ပြောရမှာပေါ့။
ကျွန်တော် ပြီးခဲ့တဲ့နှစ်က ရန်ကုန်ပြန်တုန်းကပါ ဒီလိုဗျ တရက် ကျွန်တော် အခွန်ဆောင်ဖို့ ကိစ္စနဲ့ မြို့ထဲသွားတော့ သူပါလိုက်မယ်ဆိုလို့ နှစ်ယောက်သားသွားကြပါတယ်။ မြို့ထဲဆိုတာ သိတဲ့အတိုင်း အသိတစ်ယောက်မဟုတ် တစ်ယောက်က တွေ့ရပါတယ် ပိုဆိုးတာက ကျွန်တော်က ပြန်လာခါစဆိုတော့ တော်ရုံနဲ့ စကားစမပြတ်ဘူးပေါ့နော်။
အဲဒီမှာ ဘော်ဒါ တစ်ယောက်နဲ့ သွားတွေ့ပါတယ် သူလဲ သင်္ဘောသီးပါပဲ တွေ့တော့ ဟိုပြောဒီပြော နဲ့ပြောကြရင်း သူအိမ်ထောင်ကျသွားပြီ ဆိုတဲ့အကြောင်း ကျွန်တော့်ကိုရော ယူဖို့သင့်ပြီ ဘာညာပေါ့ တရားချတာပေါ့ဗျာ။
အဲကျွန်တော်ကလဲ ဖိန့်ဖိန့်လုပ်ပြီး ဟာကွာ တစ်ယောက်ထဲတောင် တိုင်ပတ်နေတာ နေပါစေပေါ့ အဲဒါဘော်ဒါက မင်းဒါတွေစဉ်းစားလို့ကယူဖြစ်မှာ မဟုတ်ဘူး ယူသာယူလိုက် ဖြစ်သွားလိမ့်မယ်သူ့ဟာသူ။
ငါ့ကိုကြည့် အခုဘယ်လောက်စိတ်ချမ်းသာလဲ အိမ်ပြန်ရောက်တာနဲ့ မိန်းမက ကို ပင်ပန်းလာလား ရေသောက်လိုက်ဦး အမောပြေ
ထမင်းက အစဉ်သင့်ပဲ ရေအရင်ချိုးမလား ထမင်းအရင်စားမလား ....... အောင်မလေး တနေ့လုံး ပင်ပန်းထားသမျှအမောကိုပြေရောပဲ သင်္ဘောတောင်ပြန်မလိုက်ချင်သေးဘူး ဟဲဟဲဟဲ ဆိုတော့ ဟိုအရှုးပြားကိုးဆယ်က ဘာပြောလိုက်တယ်မှတ်သလဲ ဟ ဒါဆိုအတော်ပဲ နောက်နေ့ကစပြီး ညနေဆို ခင်ဗျားအိမ်လာမယ် ဆိုပြီးပြောလိုက်လေရဲ့။
ဘော်ဒါဆိုတာ ဖေါင်းလိုက်တဲ့ ဒေါ ကျွန်တော်မှာ မနဲ တောင်းပန်လိုက်ရတာ ပါသမျှပိုက်ဆံကုန်ရော(ဘီယာလိုက်တိုက်ရလို့)
ဒါပါပဲ ဆိုတော့................ စကားတခွန်းကြောင့် ဒုက္ခရောက်နိုင်သလို လိုအင်ဆန္ဒလဲ ပြည့်သွားနိုင်ပါတယ်။
ဟုတ်ကဲ့ ဒါပါပဲ ပြီးပါပြီပေါ့နော်

6 Response to အဖြစ်က မနှစ်ကနဲ့ မတူ

29 September 2008 at 20:44

ဟားဟားဟား...အဖြစ်ကတော့ တကယ်မနှစ်ကနဲ့ မတူဖူးပေါ့။ စကားဆိုတာ အဲ့လို့ပဲ သတိထားပြောရတယ် :P

Anonymous
30 September 2008 at 12:04

ဟား ဟား. ရယ်ရတယ်ကွာ............ :P
ဖြစ်ရမယ်..

1 October 2008 at 15:27

ဟဟဟားဟား..
ရယ်ရတယ်မောင်လေး ရေ...
ရယ် စရာလေးတွေ ဆက်ရေးဦး .. နော်။ :P

1 October 2008 at 18:41

Mr.သင်္ဘောသီး ရယ် ကြည့်ကျက် လဲလုပ်ပါဗျာ..
ခင်ဗျားကလဲ ဖြစ်လိုက်ရင် တစ်လွဲကြီးပဲ..

1 October 2008 at 21:38

မေးလည်း မေးတတ်တယ်
ဟိုအန်တီခမျာ ဘယ်လိုဖြစ်သွားရှာမလဲမသိ...
:P

2 October 2008 at 03:51

အင်း အမေးမတော် တစ်ခွန်းပေါ့လေ။ ခေါင်းပဲပေါက်တာ ကံကောင်း။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း