ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း ၂ ရဲ့ အဆက်လို့ ပြောလို့ရပါတယ်။
၂ရဲ့ အကျဉ်းချုပ်ကတော့ အမေပြောလွန်းလို့ ဗေဒင် သွားမေးတာ ဗေဒင်ဆရာကပဲ ပေါက်ကရဟောလိုက်သလား၊ ကိုယ့်ရဲ့ ဇာတာကပဲ တကယ်ကိုညံ့လို့လားတော့မသိဘူး၊ အသက်၆၀ကျော်မှ အိမ်ထောင်ကျမတဲ့ ကိုယ်ရဲ့အိမ်သူက ကိုယ့်ထက် ၅ နှစ်ကြီးမတဲ့ သားသမီးကလဲ ရပြီးသားဖြစ်နေမယ်တဲ့ ဒါပါပဲ။
ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း ၃ ကတော့ ဒီလိုဗျ။
အမေက ပထမဗေဒင်ဆရာရဲ့ ဟောချက်ကို သိပ်မယုံတာနဲ့ ကျွန်တော်တို့ လမ်းထဲက ဗေဒင်ဆရာကိုထပ်မေးဖြစ်ပြန်ရော ဒီတခေါက်တော့ ကျွန်တော်မပါဘူး။ အမေသူ့ဟာသူသွားမေးတာပါ။
အဲဒီဗေဒင်ဆရာက ပြောရရင် ဟောစားတဲ့သူမဟုတ်ဘူး ကြုံရင်ကြုံသလိုတွက်ပေးတဲ့သူပါ။
အဲဒါ ဗေဒင်ဆရာ ဘာတွေဟောလိုက်၊ ပြောလိုက်သလဲ မသိဘူး၊ နောက်နေ့ကျတော့ ကျွန်တော်ကို အမေက သားတဲ့ မင်းမွေးနေ့မှာ ဘုရားသွားရမယ် ထုံးစံအတိုင်း ဘယ်အချိန်၊ ဘယ်နာရီ ပေါ့ဗျာ၊ ကျွန်တော်ကလဲ ပြီး.. ပြီးရော ဆိုပြီး ဟုတ်ကဲ့ပေါ့၊ ဒီလိုနဲ့ မွေးနေ့ကျတော့ အမေက သူဈေးက၀ယ်လာဗျာ အစုံပဲ ပန်းတွေရော၊ တံခွန်၊ ကုက္ကား၊ ရွှေချထားတဲ့ ဖယောင်းတိုင်၊ အစုံပေါ့ အဲဒါကိုပဲ လက်တပွေ့ရှိတယ်။
ပြီးတော့ ပုတီး.. ဒါကို ကျွန်တော်ပြောသေးတယ် ဘုရားမှာ အများကြီးပဲ မယူဘူးဆိုတာမရဘူး .. ဒါသိမ်ဝင်ထားတဲ့ပုတီးဘာညာနဲ့ ..... ပုတီးက သာမန်အရွယ်မဟုတ်ဘူး အလုံးကြီးကိုပေးတာ စဉ်းစားကြည့်
နောက်ဆုံး ပြောမရတာနဲ့ယူခဲ့ရပါတယ်။
အဲ ဘုရားသွားတော့ ကားငှားပြီးသွားရတယ် လိုင်ကားမစီးရဲဘူး၊ စဉ်းစားကြည့်လေ ပုတီးကြီးလည်ဆွဲ ၊ ပန်းတွေ ဘာတွေ ညာတွေက လက်ထဲမှာ မသိရင်ဘိုးတော်ပေါက်စ ပုံပေါက်နေမလားပဲ
ထားပါ.. .ဖြစ်ချင်တော့ လမ်းမှာ ဘော်ဒါနဲ့တွေ့လို့ သူနဲ့ကလဲ မတွေ့တာတော်တော်ကြာပြီ ဒါနဲ့အားရ၀မ်းသာဖြစ်ပြီး လမ်းတ၀က်ဆင်း စကားပြော ဘယ်တုန်းကပြန်ရောက်လဲ ဘယ်တော့ ပြန်သွားမှာလဲ (သင်္ဘောသားတို့တုံးစံပေါ့ဗျာ)လက်ဖက်ရည်သောက် စကားပြောနဲ့ လုံးလုံးကိုမေ့သွားတယ် ပြီးတော့ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုပြီး ဇယားချကြတာပေါ့၊ ပြီးတော့မှ ဘော်ဒါက မင်းဘယ်သွားမလို့လဲ ဆိုတော့မှ သတိရတယ်
ဘာဖြစ်သွားတယ်ထင်သလဲ ပစ္စည်းတွေက တက္ကစီပေါ်ပါသွားတယ်ဗျ၊ ဖြစ်ပုံများပြောပါတယ်၊
ဒါနဲ့ဘုရားကိုမသွားဖြစ်တော့ပါဘူး။
အိမ်ပြန်ရောက်တော့ အမေ မေးတော့ သွားတယ်ပေါ့ဗျာ။ နောက်တော့ ဟောလိုက်တဲ့ ဗေဒင်ဆရာကို လိုက်ရှာပြီးတော့ အကျိုးအကြောင်းပြောပြီး သူ့ကိုပဲ လုပ်ခိုင်းရတာပေါ့ (ကိုယ်တိုင်ကလဲ ဘုရားဆို သိပ်စိတ်မ၀င်စားဘူး အရက်ဆိုင်တို့ နိုက်ကလပ်တို့ဆို နှစ်ခါမပြောရဘူး ပြောတဲ့သူမောမှာစိုးလို့ :D )
အဲ စကားပုံထဲကလလိုပဲ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကကျားထက်ဆိုး ဆိုသလိုပါပဲ ဆရာသမားက ကိုယ်ပေးတဲ့ ပိုက်ဆံနဲ့ ရှပ်ထု(အရက်သောက်)လိုက်သတဲ့။
အဲလိုနဲ့ပဲ မြန်မာပြည်ကသာ ပြန်ထွက်လာတယ် ယတြာ ကိုမချေဖြစ်လိုက်ပါဘူး။
လူပြို အဲ... လူပျိုကြီးဖြစ်ချင်တော့လဲ အဲဒီလိုဗျ။ စိတ်တော့မရှော့သေးဘူးဗျ။
အသက်၄၀(နောက်၁၀နှစ်)မှမရသေးရင် ရေမရှိတဲ့ ချောင်းထဲ နှစ်ခေါင်းဖော်ပြီးကို ပက်ပက်စက်စက်သေပြစ်မယ်စိတ်ကူးထားတယ်ဗျ
ကဲ နည်းကောင်းလေးများရှိရင်မစ ကြပါဦး၊ ကြာတော့ တစ်ယောက်ထဲ နေရတာငြီးငွေ့လာပြီ။

6 Response to ကျွန်တော် ပြောပြချင်တဲ့ ကျွန်တော့်အကြောင်း၃
ဖြစ်မှ ဖြစ်ရတယ်
တော်သေးတာပေါ့ ကားမောင်းတဲ့သူနဲ့ မညားတာ ဟားဟား
ဟားဟား
ဖြစ်မှဖြစ်ရလေဗျာ ..
ကျနော်တို့ ငယ်ငယ်က ကစားတာ ရှိတယ်လေ
ပေါက်သင်ညို အပျိုလိုချင် ခေါင်းညိမ့် ဆိုတာလေ ..
ရောက်တဲ့ အရပ်မှာ ခေါင်းတာ ညိမ့်ဗျို့ မမှားဘူး အဟီး ..
အသက် ၄၀ ဆိုတာ နောက်မကျသေးပါဘူးဗျာ
အဲ့ဒီအချိန်မှ ဘ၀ က စတာလို့ တစ်ချို့က ပြောကြတာပဲ ..
ကျနော် ကတော့ နောက် သုံးနှစ်လောက်နေရင် ယူတော့မှာ
ကိုယ့်အစွမ်းအစနဲ့မှ မရရင် အိမ်ကို အပူကပ်ပြီးတော့ကို ယူတော့မှာ ...:D
တစ်ယောက်တည်း နေရတာ သရဲ ကြောက်လို့ပါ :D
ယတြာက တစ်ခုခုတော့မှားနေပြီ ဗျ။
အိမ်ထောင်ကျအောင် ပုတီးစိပ်တယ်ဆိုတော့။ ဟဟ။
ဗုဒ္ဓဟောခဲ့တာက သံသရာကလွတ်ငြိမ်းရာ နိဗ္ဗာန်လေ။
မိန်းမမရမှာစိုးလို့ ဘုရားတရားလုပ်တာ ဟုတ်မှမဟုတ်တာ။ အိမ် စိတ်မဆိုးနဲ့နော်။ ကျနော် သိသလောက်ဆို အစ်ကို နိုက်ကလပ်သွားတာ။ အရက်ဆိုင်သွားတာက အပယ်မကျဘူးဗျ။ အဲဒါတွေက အပယ်ရောက်ဖို့ အားပေးတာပဲရှိတာ။ (အောက်ဆီဂျင်လိုပေါ့။)
မိန်းမယူဖို့ ပုတီးစိပ်မှ အပယ်ကျမှာ။ အဲဒါက အယူမှား။
နောက်ပြီး ဗေဒင်၊ယတြာတွေက ကံကံ၏အကျိုးကို ဆန့်ကျင်တယ်လို့ ထင်မိတာပဲ။
နောက်တစ်ခုက ပုတီးဆိုတာ ကျနော်တို့ မြန်မာလူမျိုါ်တွေ အဓိက ကိုးကွယ်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ မရှိဘူးဗျ။ ပုတီးဆိုတာ ဗုဒ္ဓမပေါ်ခင် BC ၂၀၀၀ ကျော်ကတည်းက အီရတ်က ကုလားတွေစိတ်ခဲ့တာဗျ။ သူတို့က လာရောနေတာ။
သိသလောက်လေးတင်ပြတာပါ။
ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး။ ကိုအိမ်။
လေးစားပါတယ်ဗျာ။
ဒီတစ်ခါ ပြန်ရင် ဗေဒင်ဆရာ ဆီကို ဘယ်မှ သဝေ မထိုးပဲ တည့်တည့်သွား.. ယတြာကောင်းကောင်း ရှယ်လုပ်လိုက်.. အားမလျှော့ပါနဲ့.. ဆရာသမားကလဲ
အဟဲ ဗေဒင်မမေးနဲ့ တော. ။ နောက်တစ်ခါ အခွန်ဆောင်ဖို့ သွားရင် FE Bank က သာမီးလေးတစ်ယောက်ကို ရအောင်ရှာပေတော့။ ဒါမှမဟုတ် SECD နဲ့  DMA က တစ်ယောက်ယောက်၊ မကြိုက်သေးရင် လ၀က ကတစ်ယောက်လောက်ပေါ့။ ဘယ်နည်းနဲ့ မှ ပြေးမလွတ်ဘူး။ ကိုယ့် ဆရာပြေးမလွတ်တာကို ပြောတာနော်။ မယုံမရှိ စမ်းသာကြည့်ပေတော့။
ကြိုးစားပေါ့ဗျာ... အချိန်တွေ ရှိပါသေးတယ်ဗျ...
၁၀နှစ်... ၁၀နှစ်...
အားမလျော့ပါနဲ့... :)
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း