ဘယ်လောက်ပဲ တိုင်းတပါးမှာ ကောင်းစား ကောင်းစား တချိန်မဟုတ် တချိန် ပြန်လည်တမ်းတ တတ်ကြစမြဲပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်နေရာမှာပဲနေနေ မိဘ အရိပ်လောက် ဘယ်အရာမှ အေးမြမှုမပေးနိုင်လို့ပါပဲ။ ပေးနိုင်ခဲ့လဲ အတုအယောင် ဒါမှမဟုတ် ခဏတာပဲပေးနိုင်တာ မဟုတ်လား၊ ဒါကြောင့် လူတိုင်းလူတိုင်း အမြဲ မဟုတ်တောင် အခါတလေတော့ လွမ်းတတ်ကြစမြဲပါ၊ ဒီအထဲမှာ ကျွန်တော်လဲ အပါအ၀င်ပေါ့။ ဒီသီချင်းလေးကို ဘယ်အချိန်မှာပဲ နားထောင်..နားထောင် ရင်ထဲမှာ ထိန်းလို့ မရအောင် ငိုချင်လာတယ်၊ ဘယ်လိုမှခံနိုင်ရည် မရှိခဲ့ဘူး။
အမေ့အိမ်ကို လွမ်းသူတိုင်း နားဆင်နိုင်ဖို့ ဒီသီချင်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ခံစားနားဆင်ရင်း မိဘမေတ္တာ ကိုပိုမိုနားလည် နိုင်ကြပါစေ။

2 Response to အမေ့အိမ်
ခင်ဗျားလည်းလွမ်းတတ်တာ ပဲကိုး...
သိပ်လည်းမလွမ်းနဲ့ ဦးဗျို့ ..
ချန်ထားဦး..ချန်ထားဦး
...please where can I buy a unicorn?
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း