Monday, October 06, 2008

tag

15
ဟုတ်ကဲ့ ဂျီးဒေါ်သက်တန့်က ဖြစ်သလို စားတာလေးတွေ ရေးဖို့ တက်ထားတယ်ဆိုတော့ရေးရတော့မှာပေါ့နော်
သူတို့ တက်တာတွေကလဲဗျာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခိုင်းတဲ့ တက်တွေပဲ။
ခက်တော့ ခက်နေပြီ အိမ်တို့ကလဲ ဒါမျိုးဆို သိပ်မရေးချင်ရှာဘူးဆိုတော့ ချက်ချင်းကိုပဲ ရေးလိုက်ပါတယ်။
ဟုတ်တယ်လေ သူများမကောင်းကြောင်းသွားရေးရင် အရိုက်ခံရမှာပေါ့ ဒီတော့ ကိုယ့်အကြောင်းပဲကိုယ် မကောင်း
ပြောတယ် ဟီးဟီး
ကဲကဲ စိတ်ဝင်စားသေးရင် အောက်မှာ ဆက်ဖတ်(ဆက်ဖတ်ကို ဖတ်ရင် သေသေချာချာ ဖတ်နော် တော်ကြာ အိမ်တို့ မိုက်ရိုင်းတယ်ဖြစ်ဦးမယ် အသံမှန်အောင်ထွက်ပါစေနော်)

အိမ်တို့က ဖြစ်သလိုစားတတ်ပါတယ် သူများတွေလို ဟိုဟာမှ ဒီဟာမှ မဟုတ်ပါဘူး။ ရှိတာလေးနဲ့ပဲ တင်းတိမ်တတ်ပါတယ်။
ဟုတ်တယ်လေ ကိုယ့်မရှိတာ စားချင်နေလို့ဘယ်ရပါ့မလဲ ကိုယ်ပဲ စိတ်ဆင်းရဲမှာပဲ မဟုတ်လားဗျာ။
အိမ်တို့က မနက်ဆို ပေါင်မုန့်လေး မီးကင်ပြီး ထောပတ်လေးသုတ် ချိစ်လေး တပြားလောက် ဒါမှမဟုတ် ချောကလက်လေးသုတ် ပြီး စားရင်စား ဒါမှမဟုတ် နွားနို့လေးနဲ့ ကွန်းဖလိတ်နဲ့ ရောပြီးစား ဒါမှမဟုတ် ဖျော်ရည်လေးတခွက်နဲ့ အသီးစား
ဘိုဆန်ဆန်လေးပေါ့နော်................ ....အဲဒီလို ဖြစ်သလိုစားတယ်များ ထင်သလား။
မဟုတ်ပါဘူး... ညက ကျန်တဲ့ ထမင်းကြမ်းလေးကို ဆီလေးဆမ်း၊ ဆားလေးဖြူးပြီး ပန်းကန်မရှိလို့ ဒန်အိုးဖုံးနဲ့ လွေးပါတယ်။

ဟော.... နေ့လည်ကျတော့မှ ၀က်သားပေါင်း၊ ဒါမှမဟုတ် ၀က်သားကင်၊ ဒါမှမဟုတ် ကြက်သားကင် ဒါမှမဟုတ် ကြက်ပေါင်လေးကြော် အားလူးလေးလဲကြော် ဒါမှမဟုတ် အီတလီခေါက်ဆွဲလေး ဒါမှမဟုတ် ဟမ်ဘာဂါလေးလုပ်စား
ဒါမှမဟုတ် နွားသားပေါက် အသားလေးကို သွေးစလေး မပျောက်တပျောက်လေး ကင်ပြီး ထောပတ်လေးလူးစားပြီး အသီးအရွက်လေးပြုတ်လေးနဲ့ တတ်နိုင်ဘူးလေဗျာ ကိုယ့်ရှိတာစားရတာ ဂျီးများလို့ ဘယ်ရပါ့မလဲလို့ အဲဒီလိုလဲ မထင်လိုက်ပါနဲ့
အမှန်က ထမင်း ပျော့စိစိ ဒါမှမဟုတ် မကျက်တကျက်လေးကို ဆိုင်မှာတွေ့လို့သာဝယ်လာတာ ဘာသားမှန်းမသိတာကို ကြော်(တခါတလေတူး၊ တခါတဆလေ ဆားထည့်ဖို့မေ့)လေးကို ပန်းကန်ကလဲ မရှိ၊ဒန်အိုးဖုံးကလဲ အသားကြော်နေတော့ အိုးဖုံးထားတယ်ဆိုတော့ စားပွဲကို ရေဘတ်ဝတ်နဲ့တိုက်ပြီး အဲဒီစားပွဲကိုပဲ ပန်းကန်အမှတ်နဲ့ ထမင်းတင် ဆီလောင်း ဆားထည့်ပြီး စားရတာပါ။ :D

အဲညကျတော့မှ အလုပ်ကလဲပြီးပြီဆိုတော့ စိမ်ပြေနပြေ အော်ဒါမှာစားတာ တခါတလေ ပီဇာ၊တခါတလေ မက်ဒေါ်နယ်သွားစား၊တခါတလေ kfc ကိုသွားစား၊ တခါတလေ အသားကင်ဆိုင်သွားစား ပေါ့ဗျာ အလုပ်က ပြီးပြီဆိုတော့ စိတ်လွတ်ကိုယ်လွတ်အဲဒီလို အပြင်သွားစားတယ်များ ထင်ပါသလား။
မဟုတ်ပါဘူး ... မှားပါတယ်ခင်ဗျာ အိမ်မှာပဲ နေ့လည်က ကျန်တဲ့အေးဆက်ဆက် ဘာအသားမှန်းမသိဘဲ ကြော်ထားတဲ့ အသားကိုပဲ မေ့လို့မရတဲ့ ငယ်ရည်းစားကို ရုတ်တရက်ပြန်တွေ့လိုက်ရသလို တွေတွေကြီးစိုက်ကြည့်ပြီး ကောင်းလဲစားမကောင်းလဲစား(မကောင်းတာကများပါတယ်)ကို အခုတော့ အားလပ်နေပြီးအိပ်စက်ဖို့ အရှိန်ယူနေတဲ့ အိုးဖုံးလေးကိုစွဲယူပြီး ၀မ်းမီးကိုငြိမ်းရင်း ကျွန်တော်ရဲ့ တနေ့တာ ဖြစ်သလိုစားခြင်းကို ကုန်လွန်စေပါတယ်ခင်ဗျာ။
ကဲဆက်လက်ပြီး တက်ခံရမဲ့ ဘလော့ဂါတွေကတော့ ကိုသီဟညိမ်း အလှတရား
ရောင်ပြန် မဆုမွန် ကြယ်စင်သွေး ပန်းခရမ်းပြာ
ဒရင်း
မ၀ါ
ဇောင်း
ချင်းမလေး
ဗီလိန်
သဉ္စာ
မယ်ဂု
လူသစ်
စိတ်ဖြေရာ
စိတ်ကူးကမ္ဘာလေး
ခင်ဦးမေ
ဂရင်းဂဲ
ခေါင်ခေါင်
မောင်မျိုး
ဆရာလင်းထက်
သံလွင်ဟီးရိုး
အကုန်လုံးကိုဆွဲစိလိုက်ပါတယ် ကျန်ကောင်းကျန်နိုင်ပါတယ်
ကဲ ဆရာ၊ဆရာမတို့ ရေးဖို့သာပြင်ကြပါခင်ဗျား။



15 Response to tag

Anonymous
6 October 2008 at 16:01

ဟ....ငါဒီနေ့ ပဲရေးလိုက်တာလေး) စာမဖတ်သွားတာ သိသာတယ် ဟားဟား တော်တော်ဆိုးတဲ့ကောင် နာတော့မယ်နော် :P

6 October 2008 at 16:18

ဟားဟား စဖတ်ကတည်းကကိုမှ ရီရတယ်ညီရေ
မင်းစာတွေဖတ်ရတာ အကိုမင်းကို
ကျေးဇူးလည်းတင်တယ် စိတ်ညစ်လို့ညီ့စာတွေ
ဖတ်ရရင် တဒင်္ဂပျောက်သွားတယ်ညီရာ
တစ်ကယ်ရီရတယ်
ဟားဟားးးးးးးးးးးး

6 October 2008 at 16:32

ချက်ချင်းရေးလိုက်တာပဲကိုး...
ကျေးဇူးတင်ပါတယ်ရှင့်... :)
ပထမတစ်ခေါက် လာကြည့်တုန်းက မတွေ့လို့ အော်သွားတာ...
စိတ်မရှိနဲ့နော်...
ဒါနဲ့ တကယ်ပဲ ပန်းကန်နဲ့ မစားဘူးလားဟင်... နောက်နေတာမလား...

6 October 2008 at 16:45

အယ်..ပျင်းလို့လာလည်ပါတယ်ဆိုမှ..မပြောမဆို
တက်ထားတယ်ပေါ့လေ..မောင်မောင်အိမ် ..
အမကို သက်သန့်လေး တက်ထားပြီးတာ သိသိကြီး
နဲ့ ထပ်တက်လိုက်ပြန်တာပေါ့... တစ်မျိုးလုံး တစ်ဆွေ
လုံး တက်လိုက်တာ..အမပါ ပါသွားတာပေါ့လေ..
ဟုတ်စ... ဟုတ်ကဲ့ပါရှင်.. ရေးခိုင်းတော့လည်း ရေး
ပေးရဦးမှာပေါ့နော်။ ခဏ စောင့်။ :P

6 October 2008 at 17:49

ဂယ်ဖဲ... ဂယ်ဖဲ.... ဟွန်း... ဦးဦးယူချိုး....
ဦးဦးဖစ်တရိုချားဒါဂယဲ...မက်မက်တောင်
တရေကျတွားဒယ်... ရှလွတ်... ဟားဟား....တော်တော်ရယ်ရတယ်.... :P

တက်ဂ်တော့တက်မယ် ဦးဦးရေ... မကျာမီရာမီ
ညော်ပေါ့နော်.. ဦးဦး.. ဟဲဟဲ.. :P

ကဲ..ကဲ..ဘဘောကာဦးဦးတို့တီတီတို့ရေ..
ချိန်ခါမရွေး လက်မနှေးဘဲ တက်ဂ်ပေးလိုက်ကြပါဦးစို့... :P : P

6 October 2008 at 18:52

ဟင် လုပ်ပြန်ပြီ တစ်ယောက် နေနှင့်ကြအုံး ဆောင်းတွင်း အလုပ်ပိတ်မှ တရက် တစ်ပုဒ်နှုန်းနဲ့ ပြန်တဂ် အုံးမယ် ...။
အခုတော့ တဂ်တဲ့ အထဲ ငါက နောက်ဆုံး ဆိုတော့ ဟဲ ဟဲ သူများတွေ အားလုံးပြီး မှ ရေးတော့မယ် ... :P

6 October 2008 at 19:39

အာ .. လုပ်ပြီဗျာ.. ခုပဲ ရေးပြီးတင်လိုက်တယ်။
သူ့ကိုတောင် ပြန်တက် ထားတာကြီးကို....
ဘာမှန်းလဲသိဘူး ဗျာ..

ခေါ်ဘူး။

Anonymous
6 October 2008 at 20:07

တက်ထားပြန်ပြီ...... မမသက်တန့်တက်ထားတာချင်းတူတူကို... ဂယ်ပဲ....
လုပ်တော့မယ်.....
ဒါနဲ့ တစ်ကယ်ပန်းကန်မရှိဘူးလားဟင်.... ဒါတော့မဖြစ်နိုင်ပါဘူး..... ဟုတ်တယ်ဟုတ်

6 October 2008 at 20:42

တကယ့်ကိုပြဿနာပဲ။ အလွန်တရာမှ ဟင်းချက်လက်ရာကောင်းတဲ့ ယောက္ခမက နေ့တိုင်းချက်ကျွေးနေတာ ဘယ်လိုလုပ် ဒီတက်ကိုရေးမလဲ :(

6 October 2008 at 20:47

လုပ်ပြီဗျာ အဲဒါပေါ့ လက်ပစ်ဗုံးကြဲ လိုက်တာ ကျုပ်ပါလာစင်တယ်။ ရေးတော့ရေးမယ်ဗျာ။ အကြွေးမှတ်ထား။ အိမ် TAG ထားတဲ့သူတွေ အကုန်ပြီးရင်ပြော ဗီလိန်နောက်ဆုံးမှရေးမယ်။ :)

Anonymous
6 October 2008 at 21:55

အိမ်လေးရေ
အစ်မရေးပြီးပြီလေကွာ...
http://masumon.blogspot.com/2008/09/blog-post_30.html

Anonymous
6 October 2008 at 23:51

သနားလိုက်တာနော်။ ကျွတ်.....ကျွတ်....

အမလေး ပြေးပြီဗျို့။။။ ကျွန်တော် ကျွတ်ကြောက်တယ်။

ဗျဲ.........................:P :D

7 October 2008 at 00:17

ဗျိုးကိုကြီးအိမ်...နောက်တစ်ခါဖြစ်သလိုပီဇာတွေ.ွအီတလီခေါက်ဆွဲတွေစားရင် ...ခေါ်ကြွေးပါဂျ...
ကျနော်လည်းဖြစ်သလိုလေးလွေးချင်လို့ပါ ဟဲဟဲ
နော်ကတစ်ခါ NTUC ရောက်ရင်ပန်းကန်ဝယ်ခဲ့ပေးပါ့
မယ်ဂျ...ကျနော်မကြည့်ရက်လို့ပါ...ဟီးဟီး ... :P

7 October 2008 at 09:59

ကိုကိုအိမ်..ဘကြီးရေ..ဗီလိန်ဆီကကြိမ်လုံးယူခဲ့..
ရိုက်မယ်...ပြီးပြိဗျို့လာဖတ်တော့..

7 October 2008 at 13:33

ဟေ့လူ ခဏစောင့် ဦး ဗျ...
ကွန်ပြူတာရောဂါရသွားလို့ 

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း