ဝလုံး သည် သူ့နဂိုအားဖြင့် တန်ဖိုးရှိနှင့်ပြီးဖြစ်သည်။
ဝ မရှိပဲ ၀ိ လုပ်၍ မရဟူသော စကားပုံလဲရှိ ပြီး၊ ၀လင်ခြင်း၊ ၀ဖီးခြင်း၊ သာဟာဝပြောခြင်း စသဖြင့် အနက်အဓိပ္ပာယ်လည်းရှိပါတယ်။ ပြောရလျှင် ၀လုံးသည် တစ်ကိုယ်တည်း ရပ်တည်နိုင်သော စွမ်းရည်၊ ဂုဏ်သတ္တိရှိပါသည်။
တို့အတူ သူနှင့်ပေါင်းဖက်ကြသူများမှာလဲ ၀လုံး၏စွမ်းရည်ကြောင့် ဂုဏ်တက်ကြရပါတယ်။ ဥပမာ။ ။ ၀၀လင်လင်၊ ပြည့်ပြည့်၀၀၊ ၀၀ဖြိုးဖြိုး စသည်တို့ဖြစ်ပါတယ်။
သုညကျတော့ ထိုသို့မဟုတ်၊ သုညသည် ထီးထီးနေ၍မရ။ ထီးထီးနေလျှင် သူ့တွင်ဘာမှတန်ဖိုးမရှိ သုညသာဖြစ်သည်။ တန်းဖိုးအားဖြင့်လည်း ဗလာသာဖြစ်သည်။
အများနှင့်ပေါင်းသင်း သည့်အခါတွင် အပေါင်းခံရသူ၏ဂုဏ်ကို ပိုမိုတက်စေနိုင်သလို၊ လုံးဝကျဆင်းအောင်လည်း လုပ်ဆောင်နိုင်ပါသည်။
ထို့ကြောင့် သုညကို နေရာပေးတတ်ဖို့လိုပါတယ်။ အပေါင်းအသင်းများဟာ သူ့ကိုရှေ့မှာ ထားမလား နောက်မှာထားမလား။
မိတ်ဆွေ သင်ရော သုည ကိုဘယ်နေရာမှာ ထားချင်ပါသလဲ။
သင်၏ရှေ့မှာလား နောက်မှာလား။ စဉ်းစားပြီးပြောပါ။ ပြီးရင် အောက်က စာကို ဆက်ဖတ်ပါ။အဖြေကရှင်းပါတယ်။
နောက်မှာထားမှာပေါ့...ဒါမှ မိမိရဲ့ ဂုဏ်သတ္တိ ပိုပေါ်မှာပေါ့.... မရှင်းဘူးလား... ဥပမာဗျာ။ ။ သင်က ၁(တစ်) ဆိုပါစို့ သင် သုညနဲ့ ပေါင်းရတော့မယ်၊ သုညကိုရှေ့မှာထားရင်း မိမိရှိရင်းထက် နှစ်ဆကျသွားမယ် နောက်မှာဆို ၉ဆတက်လာမယ်။
ကဲ မိတ်ဆွေ ၀၁လုပ်မှာလား ၁၀ လုပ်မှာလား။
ကျွန်တော်ဆို ၀၁ပဲရွေးမှာ ဘာလို့လဲ သိလား......... ကိုယ်တိုင်က သုည ဖြစ်နေလို့

2 Response to သင်ဟာ သုည လား ၀လုံးလား
“ကျွန်တော်ဆို ၀၁ပဲရွေးမှာ ဘာလို့လဲ သိလား......... ကိုယ်တိုင်က သုည ဖြစ်နေလို့” ဆိုတဲ့စကားကို သဘောကျမိပါတယ်း)ရှေ့မှာနေနေ နောက်မှာနေနေ တန်ဖိုးတစ်ခု ပေးနေသရွေ့တော့ အဖိုးတန်နေမှာပါပဲ။ ပို့စ်တည်ထားတဲ့ အတွေးအခေါ်လေး သိပ်ကောင်းပါတယ်။
ဂလိုလား ဒင်းက... ရှေ့မှာနေမယ်ပေါ့... ၀၁ နဲ့ ၁၀ ကို တော်တော်များများ ပြောကြတယ်.. but ဘာလို့ မတူကြတာလဲ.. ကျတော်လည်း ပြောဖူးတယ် http://n-ight.blogspot.com/2008/12/blog-post_25.html :D (ကြော်ငြာတော့ မဟုတ်.. ဟီးးး)
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း