အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သဘောပေါက် ရှင်းလင်းအောင် ဟောကြားတတ်ရာ အသုဘရှင်များ အပူငြိမ်းပြီး သောကပြေပျောက်ကြပါတယ်။ ဒီလိုနှင့်တစ်ရက်မှာ ဦးဇင်း၏မယ်တော်ကြီးဆုံးရှာသည်။ ထုံးစံအတိုင်း ဦးဇင်းက အသုဘရှု တရားဟောရပြန်ပါတယ်။ မယ်တော်၏ရုပ်ကလပ်ရှေ့တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ဟောကြားရင်း ဦးဇင်းမှာ တရားကို ရှေ့ဆက် မဟောနိုင်၊ အသံတွေတုန်ယင်လာသည်။ ခါတိုင်းတရားနဲ့ဖြေဖို့ ပရိတ်သတ်ကြီးကို ဟောကြားခဲ့သော ဦးဇင်း ယခုတော့ ဦးဇင်းကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ပရိတ်သတ်ကြီးရှေ့ ငိုလေတော့ ပရိတ်သတ်ကြီးက တရားနဲ့ဖြေပါဦးဇင်းရယ်ဟု ပြန်နှစ်သိမ့်ခဲ့ရသည်။
ပုံပြင်လေးကဒါပါပဲ.....
ဒါကိုဖတ်ခြင်းအားဖြင့် လူအများက ရယ်စရာလို့ထင်ကောင်း ထင်နေပါလိမ့်မယ်။
မိတ်ဆွေရော ဘယ်လိုယူဆပါသလဲ????????????????????
သင့်အယူအဆလေး သိပါရစေ။

2 Response to ဖြစ်တတ်ပါတယ်
အဲဒီ ပုံပြင်လေး က ကြားဖူးတယ်ဗျ ဒါပေမယ့် မကြားဖူးသူတွေ အတွက်ပေါ့လေ တရားသဘောလေးတွေပေါ့ ဆရာဝန်တို့မည်သည် မိသားစုကို ဘယ်တော့မှ မကု တဲ့ ရှေ့နေတို့ မည်သည် ဘယ်တော့မှ မိသားစု အတွက် ရှေ့နေမလိုက်တဲ့...
ဒါကတော့ ပညာပေးလေးပေါ့..
လူသားရယ်လို့ဖြစ်လာရင် ဘယ်သူမဆို မိသားစုကို သံယောဇဉ်တွယ်ကြစမြဲပါပဲ.. ဖြစ်တတ်ပါတယ်... :)
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း