****************
ဗေဒင်ဆိုလို့ ဗေဒင်တွက်ပြမယ်လို့ မထင်လိုက်ပါနဲ့။ အခုရေးမဲ့ အကြောင်းကတော့ ကျွန်တော် ဇာတာကို စစ်ဆေးခဲ့တဲ့ အကြောင်းပါ။
ဒီလိုပါ လွန်ခဲ့တဲ့ ၁နှစ်လောက်က ကျွန်တော့်အမေရဲ့ တိုက်တွန်းမှုကြောင့်ဗေဒင် သွားမေးခဲ့ပါတယ်။ အဓိက ကတော့ အမေကျွန်တော့်ကို အိမ်ထောင်ကျစေချင်တာပါ။
ကိုယ်တိုင်ကသိနေတယ် ဗေဒင်မေးရင် ပိုက်ဆံကုန်မယ် ငါ့ယူမယ်သူမရှိဘူးဆိုတာ။
ကျားကျားချင်းတောင် မခံနိုင်တာ မ ဆိုဝေးရော၊ မယုံရင် အကိုလိုရော၊ ဆရာလိုပါခင်တဲ့ ကိုလင်းထက် ကိုပဲမေးကြည့်။
သူဆို gtalkပေါ်တက်ရင်တောင် ကိုယ်ယောင်ဖျောက်ပြီးတက်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ရစ်တဲ့ဒဏ်ကို မခံနိုင်လို့ပါ။ ဒါတောင် သူနေတာ တစ်နိုင်ငံ၊ ကျွန်တော်နေတာတစ်နိုင်ငံ စဉ်းစာသာကြည့်။
ဒါပေမဲ့ အမေစိတ်ချမ်းသာအောင်တော့ သွားမေးလိုက်ပါတယ်။
ဗေဒင်မေးရော ဆိုပါစို့ မေးတော့ မွေးရက်၊မွေးလ၊မွေးနှစ်ဘာညာ ထုံးစံအတိုင်းပေါ့ အောင်လံထူ စစ်သူကြီးပွဲ ..........................
ဗေဒင်ဆရာက သူလုပ်စရာရှိတာလုပ်ပြီးတော့ ပြောတယ် မင်းအိမ်ထောင်ကျမယ် ဆိုတော့စိတ်ထဲနည်းနည်းတော့ ၀မ်းသာသွားတာပေါ့ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ကလဲ လိုချင်နေတာ နံ့နံ့တက် ဆက်စလူးခါတာလေ ဒါပေမဲ့ သိပ်မခါလိုက်ရပါဘူးဗျာ၊ ဗေဒင်ဆရာပြောတာလဲကြည့်ဦး
အိမ်ထောင်ကျမယ် ဒါပေမဲ့ အသက်၆၀ကျော်မှတဲ့ ကဲ..........................
ဆက်ပြောသေးတယ် မင်းရဲ့ ဖူးစာက မင်းထက် ၅နှစ်ကြီးမယ်ဆိုပဲ စဉ်းစားသာကြည့်ပါတော့။
ပြီးတော့ပြောသေးတယ်ဗျ အိမ်ထောင်ကျရင်သားသမီးမရဘူး(ဒါတော့သူပြောမှလား) ဒါပေမဲ့ ရပြီးသားဖြစ်မယ်တဲ့ ကောင်းရောဗျာ။ ဒါဆို ကျွန်တော့်အိမ်သူက မုဆိုးမပဲ နေမှာ။
ကျွန်တော့်အဖြစ်က အလှုအိမ်တက်တဲ့ ခံတွင်းပျက် ဟင်းခွက်တွေကြည့်ပြီးကသိကအောက် မချိမဆံ့ အဖြစ်မျိုးပါ။

4 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၂
အဲဒီဗေဒင် ကိုအသာထား သဉ္ဇာ့ရဲ့ ကိုကိုတို့အတွက် သီးသန့်နဲ့တွက်ကြည့် ဟိဟိ :P
အဟက်... ဖြစ်တတ်ပါတယ်.. ဟိ.... :P
ဟားဟားဟား.....အားရပါးရကို ရယ်သွားပြီဗျို.။ ဗေဒင်ဆရာနံမည်လေး လက်တို့ လိုက်ပါဦး။ ဝေးဝေးက ရှောင်ရအောင်။
ကြီးရင်မှီတဲ့...
ဖူးစာဖက်က ငါးနှစ်ကြီးမှာဆိုတော့ အကိုအိမ်တို့ မှီလို့ရတာပေါ့လေ... :D
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း