Monday, December 01, 2008

စဉ်းစားပေးကြပါ

18
ဒီတခါတော့ မေးခွန်းတစ်ခုမေးပါမယ် ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး အားလုံးသိပြီးသားနေမှာပါ။

ဘာမှလဲမခဲယဉ်းပါဘူး လွယ်ပါတယ်။ဖြေဆိုနိုင်သူ မည်သူ့ကို မဆိုအမေရိကန်ဒေါ်လာ၅၀၀တိတိဆုချမယ်။

အဖြေမှန်သူဘယ်နှစ်ယောက်ဖြစ်ဖြစ် တစ်ယောက်၅၀၀ပါ။ ဆုငွေ၅၀၀ကို အဖြေမှန်သူများ ခွဲဝေစရာမလိုပါဘူး။

အဖြေမှားသူကိုတော့ ၂၀၀ပဲပေးပါတယ်။

ဆုငွေကအမှန်အကန်ပေးမှာပါ မလိမ်ပါ၊ မညာပါ၊ ဒါမျိုးတွေလဲဝါသနာမပါဘူး။

အိမ့်ဆီမှာ ပိုက်ပိုက်တွေပေါနေလို့ပါ။ပေါဆို တနေ့ကပဲ ဒေါ်လာနှစ်သန်းဆုပေါက်ထားတာဆိုတော့ ဘလော့ဂါ

ညီအကို၊မောင်နှမတွေကို ပေးချင်လွန်းလို့ပါ ပြီးတော့ဒီအတိုင်း ဘလိုင်းကြီး ပေးလိုက်ရင် ယူတဲ့သူအတွက်လဲ

အားနာမှာပဲ၊ ပေးတဲ့ကျနော့်အတွက်လဲ ဘာဖီလင်မှ မရှိဘူး ဒါကြောင့်ဒီဂိမ်းလေးကို လုပ်လိုက်တာပါ။

ဒီလိုလုပ်တော့ အားလုံးလဲပျော်ရွှင်ရွှင်နဲ့ အမှတ်တရလဲဖြစ်သွားတာပေါ့နော်။

စိတ်ဝင်စားနေပြီလား............. ကဲ...ဒါဆိုစလိုက်ကြရအောင်ဗျာ......

ကျနော်မေးမဲ့မေးခွန်းက သားအဖနှစ်ယောက်ရှိတယ်ဗျာ(အဖေနဲ့သား)သူတို့ကိုမှတ်ရလွယ်အောင် အဖေနာမည်ကို ဦးဖေ၊ သားနာမည်ကို ကိုသားလို့ပေးလိုက်မယ်.....ဟုတ်ပြီနော်

သားအမိနှစ်ယောက်ရှိတယ်(အမေနဲ့သမီး) သူတို့ကိုလဲမှတ်ရလွယ်အောင်အမေကို ဒေါ်မေ၊သမီးကို မမီးလို့ပေး

လိုက်မယ်။ တနေ့ကျတော့ ဦးဖေက မမီးကိုသဘောကျပြီးလက်ထက်လိုက်ရောဗျို့၊ အဲဒီလိုပဲ ကိုသားကလဲ

ဒေါ်မေ့ကို ချစ်လှပါချည်ရဲ့ဆိုပြီး ယူလိုက်တယ်ဗျ။

ကဲဒါဆိုရင် သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆွေမျိုးတော်ကြပါသလဲ????????????????? ဒီလိုနဲ့ နှစ်တွေလတွေနဲနဲကြာလာတော့ ဦးဖေကလဲ နွားပျိုသန်လှ၊ နွားအိုပေါင်ကျိုးသလောက်ပါဆိုတဲ့ စကားပုံကို သက်သေထူရင်း ကလေးတစ်ယောက်မွေးရောဗျို့။ဦးဖေမိန်းမကမွေးတာနော်

ဒီလိုပဲ ကိုသားကလဲ တွံတေးစိုးအောင်ရဲ့ ပျင်းတောင်ပျင်းသေးတယ် သီချင်းထဲကအတိုင်းပဲ သူလဲ ကလေးတစ်ယောက် မွေးရောဆိုပါတော့။

ဒီတော့ ဒီကလေးတွေကရော ဒီလေးယောက်နဲ့ ဘယ်လိုတွေတော်ကြပါသလဲ??????????????????????

မေးထားတာရှင်းပါတယ်နော်။ ကဲအဖြေမှန်သူများ အောက်က ဆက်ဖတ်ရန်ကို နှိပ်ပြီး ဆုငွေများ
ထုတ်ယူသွားနိုင်ပါတယ်။ မမှန်သူများကတော့ ၂၀၀ပဲထုတ်ယူရပါမယ်။
ပိုမယူသွားနဲ့နော် ပြန်လိုက်တောင်းမှာ ..........................ဟိဟိဟိဟိ
ဆက်ဖတ်ရန်.........












18 Response to စဉ်းစားပေးကြပါ

1 December 2008 at 04:43

ကိုအိမ် ကိုအိမ် လုပ်ပုံလုပ်ပုံ ****
ကိုအိမ့်ကို ရွှေညီအကိုအငြိမ့်ပေးလိုက်မယ်**
အဲဒီမှာ အဖြေတွေပါတယ်***ဟားဟား***

1 December 2008 at 05:49

မောင်အိမ် တို့ကတော့လုပ်ပြီ.
အဖြေမတတ်.
အဲဒီ ရုပ်ဆိုးဆိုးနဲ့ ဒေါ်လှကြီးလဲမလိုချင်ပေါင်.ဟဟ

အစ်မတော့ ဒေါ်လှယူတော့ဘူး.
တခြားသူတွေအတွက်ချန်ခဲ့တယ်.တာ့တာ. ဟဟ
ဒါနဲ့ ဟိုကောင်လေး အလှ၁၀၀ နဲ့ မောင်ခြေရာတို့ ပိုက်
ဆံမရှိလို့ ကော်ဖီလေးတွေ ၊ နို့မှုန့်လေးတွေခွဲသောက်
နေကြရတယ်ပြောတတယ်.သူတို့နှစ်ယောက်ကိုသွား
ခေါ်လိုက်.အဟီးးသူတို့ ဒေါ်လှရချင်လိမ့်မယ် ထင်တယ်။
:D

အမ၀ါ

1 December 2008 at 06:06

ဦးဖေ နဲ့ မမီး နဲ့ ၊ ကိုသား နဲ့ မမေ နဲ့ ကလင်မယားတွေ
ဟုတ်တ.ယ်မလား...
၅၀၀ ယူသွားပြီး လစ်ပြီ

:P
1 December 2008 at 07:44

ခေါင်းမူးတွားဘီ..:(

1 December 2008 at 08:17

မူးတော့မူးသွားပြီဗျ...ကျေးဇူးအထူးပါ...
ပိုမူးခြင်လို့ 
နောက်တစ်ပုဒ်လောက်လုပ်ပါဗျ...

Anonymous
1 December 2008 at 08:19

အော်.. ခေါင်ခေါင်ဖြေသလိုပဲ
ဦးဖေ နဲ့ မမီး နဲ့ ၊ ကိုသား နဲ့ မမေ နဲ့ ကလင်မယားတွေ မှန်တယ်မှတ်လား .. ယူပြီ ၅၀၀ ။
နောက်တစ်ခုက ..
ဦးဖေမိန်းမကမွေးတာဆိုတော့ ဦးဖေရဲ့သား
ဦးဖေမိန်းမက ကိုသားရဲ့ သမီးဆိုတော့ ဦးဖေရဲ့ မြေးလည်းတော်တယ်
အဲ.. ဘယ်လိုဆက်ပြီး အမျိုးစပ်ရမှန်းသိတော့ဘူး
အဖြေမှားသွားလားဟင် .. ဒါဆိုယူပြီ ၂၀၀ ။
ပေါင်း ၇၀၀ ယူသွားပြီ ဟိဟိဟိ

1 December 2008 at 10:27

မဖြေနိုင်ဘူးဗျာ... နှစ်ရာတော့ ယူသွားတယ်...
:)

1 December 2008 at 10:42

ဒေါ်လှတွေက ရုပ်ဆိုးတယ်...
ယူဘူး...

Anonymous
1 December 2008 at 11:08

ဆွေမျိုးတော်ရင် ဘယ်လိုခေါ်ရပါ့ ဆိုတာ
ဒါမျိုးထင်တယ်း)

1 December 2008 at 12:13

ဦးဖေ၏သား-to Kothar= ညီ။မြေး။
to Kothar' wife=မြေး။မောင်။
to U phay=သား။
to U Phay's wife=သား။

ကိုသား၏သား-to Kothar=သား။
to Kothar' wife=သား။
to U Phay=မြေး။ညီ။
to U Phay'wife=မြေး။မောင်။

ကိုသား၏သားနှင့် ဦးဖေ၏သား=မြေးတစ်လှည့် အဘိုးတစ်လှည့်တော်၏။(မကျေနပ်၇င် ကိုယ့်ဖာသာ ပြန်ဖြေပြ။...ဟိ)

ကိုင်းကျနော့်တာဝန်ကျေပြီ။ ဒေါ်လာတော့ မယူ တော့ဘူး။
နည်းလို့။ ထီလက်မှတ်သာပေး။ ဆုငွေသွားထုတ်မယ်။
တစ်ယောက်တစ်ဝက်။။။။။။။

1 December 2008 at 13:26

ဘာတွေလဲ တားတားမူးပီး
ကျန်ဆွားပီ တိုအိမ်လူဂျိုး
ဘာပဲ ဂျစ်ဂျစ် ဒေါ်လှ နှစ်ရာ ယူပီးပြန်ပီ

1 December 2008 at 14:06

ဒေါ်လာယူပြီး ဖျားမှာကြောက်လို့ ယူတော့ဘူးရှင်
ဒါပဲ တာ့တာ :P

1 December 2008 at 15:56

ဟင်း......... ဘယ်လင်မယားမိသားစုအရုတ်တော်ပုံလည်းမသိပါဘူးနော်
တော်တော်လေးကိုရှုတ်တယ် အိမ်ရေ.. ဘာမှစိတ်ညစ်မခံနဲ့ သူတို့တတွေအစဉ်ပြေကြတယ်ဟုတ်.. ပြစ်ထားလိုက်တော့ ကိုအိမ်ထီလက်မှတ်သာ.. မေ..ကိုပေးလိုက် ပိုတောင် အစဉ်ပြေသွားဦးမယ်

1 December 2008 at 17:14

$ 500 ပြန်အမ်းခဲ့တယ် .. .. Beer သွားသောက် တော့မယ် တာ့တာ ..

http://winzaw-mdy.blogspot.com

2 December 2008 at 19:55

ဦးအိမ်.. ပြေးပြေး.. စေသနာနဲ့ သတိလာပေးတာနော်
ငွေတုလုပ်မှု့ နဲ့ အခုဦးအိမ်ကိုလာဆွဲတော့မယ်..ဟိဟိ..
ဒီအိမ်မှာ ငွေမည်းတွေရောက်နေတယ်..တဲ့.. ဟတ်ဟတ် :P :P

Anonymous
2 December 2008 at 22:18

မေးထားတာရှင်းတယ်
မရှင်းတာက အဖြေ.. ခေါင်းရှုပ်ခံပြီးမစဉ်းစားတော့ဘူးလေ..
နှစ်ရာယူသွားတယ် ဘယ်နှစ်ခါဖြေလို့ရလည်း လာဖြေတိုင်းနှစ်ရာယူမယ် ဖြစ်တယ်ဟုတ် ဖြစ်ပါတယ် .. ဟီးး :P

3 December 2008 at 23:34

လုပ်ချလိုက်ပြန်ပြီ။ တော်တော်လေးစိတ်ဝင်တစား ဆက်ဖတ်လိုက်မိတယ်ဗျ။ အကြောင်းအရာနဲ့ အရေးအသားက စွဲဆောင်ထားတာကိုး။ ပြီးမှ သြော်...
ယူတယ်ဗျာ..ပေးပေး။

4 December 2008 at 23:27

ဒေါ်လှတော့လိုချင်သားဟယ် ပစ္စည်းသွားဝယ်ရင်သူများမယူမှာဆိုးလို့ အယူသွားတော့ဘူးနော်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း