Thursday, November 27, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော်အကြောင်း၈(သို့)ကျွန်တော်နှင့်သီချင်းများ

23
လောကမှာ သီချင်းမကြိုက်တဲ့ ပုထုစဉ်လူသားရယ်လို့ မရှိနိုင်ပါဘူး။ လူတွေသီချင်းကို ဘယ်လောက် နှစ်သက် ကြသလဲဆိုရင် ဘုရားရှိခိုး တာတောင်သီချင်းနဲ့ရှိခိုးကြပါတယ် အထူးသဖြင့်ခရစ်ယာန်ဘာသာဝင်တွေဆို ပိုဆိုးပါတယ်။ ဗုဒ္ဓဘာသာမှာလဲရှိပါတယ်၊ တခြားဘာသာတွေမှာလဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သံစဉ်တေးသွားတွေဟာလူ့စိတ်ကိုနူးညံ့ပျော့ပြောင်းစေသလို၊ပျော်ရွှင်ခြင်း၊စိတ်ခွန်အား၊ လွမ်းတတ် သူတွေ အတွက် ဖြေဆေး စသည်ဖြင့်ပေါ့ စာအုပ်ထဲဖတ်မှတ်ဖူးပါတယ်။
ဒါပေမဲ့ဗျာ ကျနော်အတွက်ကျတော့ အဲဒီလိုမဟုတ်ဘူး အသံမကောင်းဘူးလာဆိုတော့ အသံလဲသူ့ဟာသူတော့ ကောင်းပါတယ် အဆိုးကြီးမဟုတ်ပါဘူး ဒါဆိုဘာလို့လဲ မေးစရာရှိပါတယ်၊အကြောင်းကတော့ ကျနော်ဟာ သရီးရှဲဒိုးအိုင်ဒုတ်နိုး(အရိပ်သုံးပါးနားမလည်)သလို၊ ပတ်ဝန်းကျင်နဲ့လဲသဟဇာတဖြစ်အောင် ၀ါးတားဖော်လို ဖစ်ရှ်ဖော်လို (ရေလိုက်ငါးလိုက်)မနေတတ်တာပါ။ အဲဒါကြောင့်အိမ်ကလူကြီးတွေကလဲအမြဲပြောတယ် နင်ဟာလေ နီးယားလီးသည်ဘာဖလိုပလေးရင်းသည်ဖျာနို(ကျွဲပါးစန္ဒားတီး)တဲ့ ဟုတ်လဲဟုတ်မှာပဲ ဖြစ်ခဲ့တာတွေလဲကြည့်ဦးလေ...........
အတိုချုံးပဲရေးမယ်နော် ပြောပြရမှာအများကြီးမို့လို့ပါ ပြီးတော့ ကျနော်ကသူများတွေလိုလဲ တဖွဲ့တနွဲ့ မရေးတတ်လို့ပါ။
မှတ်မှတ်ရရ ပထမဦးဆုံးရည်းစားစထားတုန်းကပေါ့................................
သူနဲ့ကျနော့်ရဲ့ရည်းစားသက်တမ်းက၂ရက်ထဲပါ။ ပထမရက်က အဖြေရတယ်၊ရပြီးတော့ နောက်ရက်မှာလျှောက်လည်ဖို့်ကိုချိန်းလိုက်တာ နောက်နေ့မှာပဲသူနဲ့ပြတ်ခဲ့ရပါတယ်။ဘယ်လိုဖြစ်လဲဆိုတော့.....
သမီးရည်းစားနှစ်ယောက်ပန်းခြံသွားကြတယ်၊ ရောက်တော့ ဘယ်ကစလို့ဘာပြောရမှန်းမသိ ဖြစ်ပြီး နှစ်ယောက်စလုံး ၀စီပိတ်ကျင့်နေကြတာ ၁နာရီလောက်ကြာတယ်ဗျ သူကလဲရှက်ရှက်နဲ့ခေါင်းကြီးငုံ့ထားတာ ဇက်ကျိုးသေတဲ့မသာမကြီးလိုပဲ၊ လက်သည်းကလဲအကြောင်းမရှိအကြောင်းရှာပြီး ခွာနေတာ သွေးတောင်စို့လာသဗျ။ ကျနော်ကလဲ ဘယ်ကစပြောရမလဲဆိုတာ ထိုင်စဉ်းစားရင်း ဟိုကြည့်ဒီကြည့်နဲ့ကြာတော့ သူကပဲစပြီး ..............
သူမ။ ။ဟဲ့ ငါ့လက်တောင်သွေးစို့လာပြီဟာ ပြောစရာရှိတာပြောလေ ဘာမှန်းလဲမသိဘူး ခွေးထိုင်ထိုင်ပြီးမျောက်မှိုင် မှိုင်နေတယ်။
ကျနော် ။ ။ဘယ်ကစပြောရမှန်းမသိလို့ပေါ့ဟာ ပြီးတော့ငါကအခုမှရည်းစားထားဖူးတာဟ
သူမ။ ။အော်... နင်ပြောပုံကငါ့ကျတော့ မိန်းမရွှင်လို့ဆိုလိုတာပေါ့လေ။
ကျနော်။ ။ငါမပြောမိပါလား
ဒါနဲ့စကားလမ်းကြောင်းလွှဲလိုက်ပြီး ကျနော်။ ။ဒါနဲ့နင့်လက်ကဘာလို့သွေးစို့လာတာလဲ။
သူမ။ ။နင်မှစကားမပြောတာ ငါလဲရှက်ရမ်း ရမ်းပြီးလုပ်မိလုပ်ရာလုပ်လိုက်တာပါ အခုတောင်တော်တော်နာနေပြီ။ဒုက္ခပါပဲအနာဖြစ်ရင်
တော့ အနာဖြစ်တာအကြောင်းမဟုတ်ဘူး မေးခိုင်ပိုးဝင်မှ တကယ်ဒုက္ခ
ကျနော်။ ။ပြပါဦးနင့်လက်(ကျနော်လဲညာတာပါတေးနဲ့ခွင်ကြုံတုန်းလေးကိုင်လိုက်တာပေါ့ ဟိဟိ)အတော်သွေးစို့သွားတာပဲနော်။
သူမ။ ။ပျင်းစရာကောင်းတယ်ဟာ နင် ငါ့ကိုသီချင်းဆိုပြ
ကျနော်။ ။အိုကေ(အဲဒီမှာ သူ့ရဲ့ကိုယ်လေးကိုရင်ခွင်ထဲသွင်းလိုက်တာပေါ့ဗျာ သူကလဲအလိုက်သင့်ပါပဲ သူ့ရဲ့ကိုယ်လေးကို ကျနော့်
ရင်ခွင်ထဲမှာမှီရင်းနားစွင့်နေလေရဲ့) အဲဒီမှာ ဆိုလိုက်တဲ့သီချင်းကတော့ ကိုင်ဇာသီချင်းပါ ကြာတော့ကြာပြီဗျ အခုတောင်မေ့တေ့တေ့
ရယ် စိတ်နာလို့မဆိုတာလဲပါတာပေါ့ဗျာ ဒီတော့ခွင့်လွှတ်ပါနော် ရတဲ့အပိုဒ်လေးပဲရေးပြပါ့မယ်။
ကျနော်။ ။မိုးရွာတာရပ်လိုက်ပေးပါ့ဒေ၀ါအမှောင်ရှင်ရယ်..... တောင်းပန်တယ်ကျနော့်ချစ်သူကြောက်နေရှာရော့တော့မယ်....
(အဲဒီအချိန်မှာ သူ့မျက်နှာလေးက ပြုံးလို့)ပျော်ရွှင်စွာသူ့ရဲ့အုတ်ဂူဖြူဖြူအိမ်လေးထဲမှာ မှေးပျော်ကာ အိပ်နေတာလေး မနိုးပါစေနဲ့မိုး
ရယ်...(ဒီစာသားရောက်တော့ ကျေးဇူးရှင်ကမျက်နှာကြီးနီလာပြီဗျ ကျနော်ကလဲ သီချင်းဆိုရင်းဇန်ဝင်သွားတော့ သူဘာဖြစ်နေမှန်း
သတိမထားလိုက်မိဘူးလေ)မေအိပ်တဲ့အုတ်ဂူလေးဘေးမှာ မောင်ထီးကလေးမိုးကာပေးပါ့မယ်(ဒီအပိုဒ်လဲရောက်ရော ဗုန်းဆိုသူထရပ်ပြီး နင်..နင်..နင်ငါ့ကိုသေစေချင်နေတယ်ပေါ့လေ...)
ကျနော်လဲရုတ်တရုတ်တရက်ဆိုတော့ကြောင်သွားတယ်ဗျ သူဘာကိုဆိုလိုမှန်းသဘောမပေါက်ဘူး။
သူမ။ ။တော်ပြီ..တော်ပြီနင်လိုအကောင်နဲ့ရည်းစားဖြစ်မဲ့အစား ဆိုက်ကားသမားကိုပဲရည်းစားလုပ်တော့မယ်၊ ဒီနေ့ကစပြီး နင်နဲ့ငါ ပြတ်ပြီပြောပြီး ဇောင့်..ဇောင့်..ဇောင့်နဲ့ထွက်သွားလေရဲ့ ကျနော့်မှာသာ စဉ်းစားလို့မရဘူး ငါဘာများလုပ်မိလို့လဲ ဖက်ရုံတင်ဖက်ထားတာ ဘယ်ဟာမှလဲမထိမိပါဘူးဆိုပြီး အိမ်အပြန်လမ်းမှာ စဉ်းစား လာတာ အိမ်ရောက်တဲ့အထိပဲဆိုပါတော့ အဖြေကမထွက်ဘူး ဒါနဲ့ည အိပ်ယာဝင်ရင်း နဖူးပေါ်လက်တင် စဉ်းစားတော့မှ သဘောပေါက်တော့တယ်။ ပြန်စဉ်းစားကြည့်ရင် ကျနော်ကလဲကျနော်ပဲဒီအချိန်မှာ
ဒီသီချင်းဆိုစရာလား၊ တခြားသီချင်းဆိုရရဲ့သားနဲ့ ပြီးတော့ဟိုကလဲ သူ့လက်သည်း သွေးစို့သွားတော့ မေးခိုင်ပိုး ၀င်မှာစိုးရိမ်နေတဲ့အချိန်အားလုံးကွက်တိပဲ။ဒါပါပဲ ဘလော့ဂါညီအကိုတို့ရေ ကျနော့်သင်ခန်းစာယူပြီး ရည်းစားနဲ့တွေ့ရင် ဒီလိုသီချင်းမျိုးတွေမဆိုမိစေနဲ့နော်သတိပေးလိုက်ပါရဲ့ဗျာ။


နောက်အဖြစ်တစ်ခုကတော့ အဘွားနဲ့ပါ အဲဒီနေ့ကအိမ်မှာပဲ ပျင်းတာနဲ့ သီချင်းတစ်ပုဒ်အော်ဆိုတာပေါ့ဗျာ သီချင်းကတော့ လွှမ်းမိုးရဲ့ရင်တွင်းမေ သီချင်းလေးပါ အဲဒါကိုကျနော်ဖျက်ဆိုလိုက်လို့ပါ.. ဒီလိုဗျ......................................
နှလုံးသားထဲကတေးသံ....နာခံစေတော့.......ဘ၀တခုလုံးနဲ့ရင်းကာ...ရင်ထဲကတေးသံတွေ.......... ကမ္ဘာကုန်ကျယ် သရွေ့တည်စေသော်.....တည်ပါစေသော်................. မှန်ရာကိုသစ္စာဆိုပါမည် ...................... ဘုရားပေါ်မှာရွှေခွာဖူးပါသည်....အဲဒိတခါထဲ....ခွာခဲ့ဖူးပါသည်...........................
ဟဲ့..ဟဲ့..ဟဲ့ ကာလနာလေးရပ်စမ်း ဘယ့်နဲ့တော်...ဆိုစရာရှားလို့ ပတ်ဝန်းကျင်ကကြားရင် ငါတို့ကို ဘုရားသူခိုးတွေ ထင်ကုန်ပါ့
မယ်ဟယ်....။ အဲဒီအချိန်ကလဲ ဘယ်ရွာမှာဘုရားအခိုးခံရတာနဲ့ ဘယ်မြို့မှာ ဘုရားအခိုးခံရတာနဲ့ ဘုရားသူခိုးတွေပေါ်ပြူလာဖြစ်
ချိန်နဲ့သွားတိုက်ဆိုင်တာပါ။

နောက်တခါကတော့ အိမ်နားကအရှုးနဲ့ဖြစ်တာပါ ကျနော်ရေးဖူးပါတယ် သူ့အကြောင်းကိုအဖြစ်ကမနှစ်ကနဲ့မတူ ဆိုတဲ့အကြောင်းအရာ ရဲ့ခေါင်းစဉ်အောက်မှာပါ။ ဘယ်လိုဖြစ်လဲဆိုတော့ တညပေါ့အိမ်ရှေ့မှာထိုင်ရင်းငြီးလိုက်တဲ့သီချင်းက အဆိုတော်နဲ့ သီချင်းခေါင်းစဉ်တော့မေ့သွားပြီဗျ။စာသားကိုကြည့်ရင် သိကြမှာပါနော်.. ဆိုလိုက်တဲ့သီချင်းက ......လမင်းဝင်းဝင်းပပ..ညချမ်းမှာ..သာသောအခါ..မိုးထက်သို့မျှော်ကာ..မျှော်ကာ ခင်ခင်မင်မင်ပြုံးကြည့်ရာ.......လမင်းလဲကိုယ့်ကို ပြုံးချိုသောသူ့မျက်နှာတုံ့ပြန်အပြုံချင်းလဲလှယ်ကာ... .ကြယ်လေးတွေချစ်စရာ...အပြာရောင်ကောင်းကင်မှာ...သူတို့ကိုတစ်လုံးချင်းပြုံးရင်းကြည့်နေတာ ..မကြာခင်ပြန်ကာပြုံးလို့သူတို့လဲကိုယ့်ကိုပြန်ကာ..... ပြုံးတုံ့ပြုံးလှယ်ကြည်စယ်ရှာ..................
အဲဒါအရှုးမို့လို့ကြယ်တစ်လုံးချင်းကိုလိုက်ပြုံးပြတာကွ ဘယ်နဲ့ဗျာ...အားလုံးကိုတခါထဲပြုံးပြရင်ရောမရဘူးလား သူမို့လို့အလုပ်မရှိချစ်တီးခေါင်းသန်းရှာပြီး ကြယ်ကိုတစ်လုံးချင်းလိုက်ပြုံးပြရတယ်လို့ဗျာ..။ကျနော့်မှာလေ ဘာပြန်ပြောလို့ ပြောရမှန်းမသိဘူး ကြောင်ပြီး သူ့ကိုပဲကြည့်နေမိတယ်ဗျ။
သူပြောတော့လဲ ဟုတ်တုတ်တုတ်ပဲ ဆိုတော့ပြန် ပြောဖို့စကားမရှိတာလဲပါတာပေါ့နော်..။

ဒီတခါတော့ အဖေနဲ့ပေါ့ဗျာ ဘယ်လိုလဲဆိုတော့.....တစ်ညနေမှာအဖေရုံးကပြန်လာတော့ ထမင်းအတူစားဖို့ အမေလှမ်းခေါ်တာပေါ့ဗျာ ဒီတော့ကျနော်ကလဲ သီချင်းလေးငြီးရင်းထမင်ဝိုင်းသွားတာပေါ့ ရောက်တော့ ဟင်းကကြက်သားဟင်းဗျ ဒါနဲ့ဝင်ထိုင်ရင်းနဲ့ကိုယ့်အနီးဆုံးလူအမေ့ကို အရင်ဆုံး ဟင်းခပ်ထည့်ဦးချရင်း ဆိုလိုက်တာက.......ထူးအိမ်သင်ပြန်ဆိုထားတာပါ အမေတခုသားတခုပါ..........
တချို့ကအဝေး ချစ်သူလေးတွေ ပြန်လည်ကာလေပူဆွေးနေ. ....ဒီလိုပါပဲ...အချစ်နဲ့မကင်းခြေ....
ငယ်ကျွမ်းဆွေ လွမ်းနေ......ဒါပေမဲ့သားတစ်ယောက်မှာအမေ....အမေတစ်ခုသားတစ်ခုမို့သာပဲလေ လို့ဆိုပြီး အမေ့ပန်းကန်ထဲအသားတုံးတခုထည့် ကျနော့်ပန်းကန်ထဲ အသားတုံးတခုထည့်လိုက်ပါတယ် အဲဒီမှာအဖေက ဟေ့ကောင်...ငါ့အတွက်ရောဆိုပြီးမျက်နထားကြီးနဲ့မေးတော့တာပေါ့ ဒါနဲ့ကျနော်လဲ ဟင်းပန်းကန်ကြည့်လိုက်တော့ ကြက်တောင်ပံတွေပဲကျန်တာတွေ့ရတော့တယ် ဒါနဲ့ဖြတ်ထိုးဥာဏ်လေးသုံးပြီး
နောက်သီချင်းပြောင်းဆိုရင်း အဖေ့ပန်းကန်ထဲလှမ်းထည့်ပေးလိုက်တော့ အဖေကဆုပေးတယ်...ခွေးမသားတဲ့။
ကြက်တောင်ပန်အဖေ့ဆီလှမ်းထည့်ရင်းဆိုတဲ့သီချင်းကတော့...ရင်ဂိုသီချင်းလေးပါ အားလုံးသိကြမှာပါ...........
အတောင်ပံပါရင်အဖေ့ဆီကို...အို့...ကြက်တောင်ပံကဈေးကြီးတယ်...လှမ်းလက်ရယ်လာပြီကွယ် ပန်းကန်ပေးပါတော့....
လို့ဆိုလိုက်တော့ အဖေပြုံးသွားလေရဲ့။

ကဲကဲ ပရိတ်သတ်ကြီးလဲမျက်စေ့ညောင်းလောက်ရောပေါ့...ဒီတော့ ဒီလောက်နဲ့ပဲကျေနပ်ပါ ထပ်ရေးရင်ပြီးမှာမဟုတ်တော့ဘူးဗျ။
ဘာပဲပြောပြောအခုတော့သိပြီဟုတ်...... အိမ်တို့ကဘယ်တုန်းကမှအပေါက်အလမ်းမတဲ့ခဲ့တာလေးတွေ။
အဲဒါကြောင့်ပြောတာ အိမ်ဆိုတာ သရီးရှဲဒိုးအိုင်ဒုတ်နိုးအပြင်၊ပတ်ဝန်းကျင်နဲ့လဲ ၀ါးတားဖော်လိုဖစ်ရှ်ဖော်လို မနေတတ်တာအဲဒါကြောင့်
လဲ အိမ်ကလူကြီးတွေက နင်ဟာလေ နီးယားလီးသည်ဘာဖလို ပလေးရင်းသည်ဖျာနို တဲ့။

23 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော်အကြောင်း၈(သို့)ကျွန်တော်နှင့်သီချင်းများ

28 November 2008 at 02:22

ဖွတ်...
ကိုလူနောက်ခင်ဗျားဟာ
ဟုတ်မလိုဟုတ်မလိုနဲ့ အဟုတ်ပါပဲလား

ဟီးးး
မိန်းမမရတာလဲ မပြောနဲ့...
ဘယ်နှယ့်ဗျာ ရည်းစားကို အုတ်ဂူထဲသွားထည့်ရတယ်လို့..
ဖီလင်ဝင်လာရင် မရတော့ဘူးမို့လား..
ကိုမိုက်မချ နဲ့တူတယ်..
ဟက်ဟက်။

:D :D

28 November 2008 at 06:29

ဟဟဟ.. အိမ်ကတော့ လုပ်ပြီ အမြဲ.. ရယ်ရတာချည်းပဲ.
အာဝဇာန်းက တော်တော်ရွှင်တာကိုးးး ဒီလို အတွေ့အ
ကြုံပို့စ်လေးတွေရေးနိုင်တာကိုက ထူးတယ်.
အမ နောက်တခါထပ်ပြောသွားဦးမယ်.
မင်းသားမလုပ်နဲ့ လူရွှင်တော်လုပ်..ဟဟ

မ၀ါ

28 November 2008 at 07:30

ဟီးဟီးဟီးဟီးဟီးဟီးဟီး
ရီမော....
အူနှိပ်ပြီး..
ကျေးဇူးတင်စွာနဲ့ပြန်သွားပါတယ်...

28 November 2008 at 09:48

ဟ ဟ၊ ရယ်ရလွန်းလို့ သေတော့မယ်။ နှစ်ခေါက်တောင် ဖတ်သွားတယ်သိလား။ :P

ကျမလည်း သီချင်းကို မကြိုက်ပေမယ့် စိတ်ညစ်တဲ့အခါ နားထောင်လေ့ရှိတယ်။ ဒါပေမယ့် ကိုအိမ်ကြီး ဆိုတဲ့သီချင်းတော့ နားမထောင်ပါရစေနဲ့နော်။ ဟိ ဟိ။ တော်ကြာ စိတ်ညစ်ရမယ့်အစား ရယ်ရလွန်းလို့.........။
ဟ ဟာ့။ ပြောရင်းနဲ့ ရယ်ချင်လာပြီ။
ဟ ဟား ဟား.........
:P :P :P
:D :D :D
:):):)

28 November 2008 at 09:59

အိမ်တို့ကဘယ်တုန်းကမှအပေါက်အလမ်းမတဲ့ခဲ့တာလေးတွေ။
အဲဒါကြောင့်ပြောတာ အိမ်ဆိုတာ သရီးရှဲဒိုးအိုင်ဒုတ်နိုးအပြင်၊ပတ်ဝန်းကျင်နဲ့လဲ ၀ါးတားဖော်လိုဖစ်ရှ်ဖော်လို မနေတတ်တာအဲဒါကြောင့်
လဲ အိမ်ကလူကြီးတွေက နင်ဟာလေ နီးယားလီးသည်ဘာဖလို ပလေးရင်းသည်ဖျာနို တဲ့။

တော်တော်လေးရီခဲ့ပါတယ် အိမ်ရေ... ကျေးဇူပါနော်

28 November 2008 at 11:16

ဟတ်ဟတ်... တော်တော်လည်း ရယ်ရတယ်..
ကိုအိမ်တို့ကတော့လုပ်ချလိုက်ရင် ကွက်တိပဲ..
တော်သေးတာပေါ့ ကောင်မလေး က သီချင်းအဆိုကောင်းတယ်ဆိုပြီး
ပါးပါမချလိုက်တာ ။ ဟားဟား
မက်မက်လည်း အဲဒီ ကိုင်ဇာဆိုတဲ့သီချင်းလေးကို
ကြိုက်တယ်။ အဓိပ္ပါယ်လည်း ရှိတယ်. .. သံဇဉ်လေး
လည်းငြိမ်တယ်.. ဂွတ်ပဲ... ဟိးဟီး.. ပြောရင်းနဲ့ ကာရာအိုကေဆိုချင်စိတ်ပေါက်လာပြီ .. ဟင့်..

:P :P :P :P :P :P :P :P

28 November 2008 at 11:23

ကိုအိန်ရေ... စာလုံးတွေက
အရမ်းသေးတယ်ဗျာ။
ဖတ်ရတာ မနဲ အာရုံထားပြီး
မျက်စိကို ပြူးပြီး ဖတ်ရတယ်..
အဲဒါ ဖောင့်နဲနဲသွားပြင်လိုက်ပါဦးနော့်။
အကြံပေးကြည့်တာပါ။ ပြင်လိုက်ရင်တော့
အကောင်းဆုံးပေါ့.. ဟိဟိ.. :P :P

28 November 2008 at 12:39

အကိုအိမ်ရေ...
ဖတ်ပြီးတော့ ဗိုက်နာပြီး ပြန်သွားတယ်... :D
(မှတ်ချက်... ရယ်ရလွန်း၍ ဗိုက်နာခြင်း ဖြစ်သည်...)

28 November 2008 at 14:15

ကိုအလှတရား ပေးလည်းပေးချင်စရာပဲ
ကိုလူနောက်
ရယ်လိုက်ရတာ မောတယ်
သက်သက်သာသာပါးပါးလေးရယ်ရတာလည်း မဟုတ်ဘူး
တခစ်ခစ်နဲ့ကိုရယ်နေရတာ
ဖြတ်ထိုးဥာဏ်ကလဲကောင်းပါ့နော်
ဘိုလိုကလဲတုတ်လိုက်သေး
သရီးရှဲဒိုး အိုင်ဒုတ်နိုးကတော့အမိုက်ဆုံးပဲ( တော်တော်မလိမ္မာဘူးပေါ့ )
ဘုရားပေါ်မှာ ရွှေခွာဖူးပါသည် လိုက်ဆိုကြည့်တာ အဲလိုမလုပ်ဖူးပါဘူး :P
အားရပါးရရယ်သွားတယ် တယ်နောက်တဲ့လူ
ပျော်စရာတော့ကောင်းသား
ကျေးဇူးတင်ပါတယ်

28 November 2008 at 15:20

အကိုကတော့ တော်တော်နောက်တဲ့  သူပဲဗျာ ။ ရယ်ရတာ
တော့ လွန်ရောဗျိုး ။ ကောင်းလိုက်တဲ့ ဟာသဥာဏ်။

28 November 2008 at 18:20

အင်းးးးးး အခုမှပဲရှင်းရှင်းလင်းလင်းနဲ့ အားရပါးရရယ်သွားတော့တယ်အိမ်ရေ
ဟာသဥာဏ်ကတော့..တော်တော်လေးကိုရွှင်တာပဲနော် လူရွှင်တော်လုပ်စားရင်တောင်..လုပ်လို့ရတယ် အားပေးချီးမွှမ်းတာနော် အဟဲ

28 November 2008 at 19:11

ဂယ်ရီရတယ်ဟေ့..
လူနောက်ကြီး..ဖတ်နေရင်းနဲ့ ရီနေရတယ်..ဟီးဟီး
ရီးစားမရတာလဲမပြောနဲ့ တော့..နဲတောင်နဲသေးတယ်..
ဟီး.. :P :P

28 November 2008 at 20:14

ခွီးးး..ခွီးးး ...
ရယ်ရင်းနဲ့ သီးကုန်ပါဘီဗျာ...
ပါးစပ်ထဲ ငုံထားတဲ့ ရှားပါး BE လေးတွေတောင်
ထွက်ကုန်ပေါ့...
ကိုအိမ်.. မကောင်းဘူးဗျာ..
ရယ်အောင်လုပ်တယ်
လူဇိုးးးး :P

28 November 2008 at 22:02

ကျတော်က သရီးရှဲဒိုး အိုင်ဒုတ်နိုးလေ ဒါကြောင့်
လာရောက်မြှောက်ပင့် အချွန်နဲ့မသွားတယ်။
ရယ်လိုက်ရတာဗျာ တော်လိုက်တာ
တူညားတားတမီးတွေ ညားတော်လိုက်ကျနှာ
အဟက် အဟက်

28 November 2008 at 23:05

အစ်ကိုက ဟာသဥာဏ်အတော်ရွှင်တာပဲ။ အတော်လေးကို ရယ်ရတယ်ဗျာ။ အခုလို မွန်းကြပ်ချိန်တွေမှာ အဲလို ရင်ပေါ့သွားမယ့် ဟာသလေးတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ဆီမှာ ရေးသွားတဲ့ ကွန်းမန့်ကိုလည်း ရယ်မိပါတယ်။ ကျနော်လည်း အဲလို စားတတ်ရင်ဗိုက်ဝတယ်လို့ ဆရာသခင်ကို နောက်ဖူးတယ်ဗျ။ ဆရာကတော့ ပြုံးပဲကြည့်နေခဲ့တာပါ။

28 November 2008 at 23:44

ဘဝမှာ ကမောက်ကမဖြစ်ခဲ့ပုံတွေက ဂွတ်လှချည့်လား။ ကောင်မလေး လက်ကို ကိုင်နည်းတော့ ရသွားတယ်ဗျာ။ (အဟီး)

Anonymous
29 November 2008 at 02:58

အဟဲ...တကယ့် အဖြစ်အပျက်လားဗျု..။ ၇ည်းစားနဲ့ ပြတ်တာ အရယ်ရဆုံး ပဲ..။ ဒါမဲ့ အဲ တုန်းကတော့ အသည်း ကွဲနေမှာပေါ့နော်...အဟိ ။

29 November 2008 at 03:29

မှတ်ထားက အရူးကတစ်မူးသာတယ် ကိုအိမ်ရေ
ရယ်ရတာ အူတက်တယ်ဗျာ ဟားဟားဟားဟား
ခင်ဗျားတကယ်လည်းရေးတတ်တွေးတတ်တဲ့သူ
မြင်ယောက်ပါဘိဗျာ***ဟားဟား

30 November 2008 at 20:43

ကိုအိမ့်စီကို လာလိုက်ရင် ရယ်ရတော့တာပါပဲ။
ကောင်းတယ် အကိုရေ။
နောက်ဆို သီချင်းညည်းရင် သတိထားပြီး ညည်းပါ့မယ်
ဟဲဟဲ....။

Anonymous
2 December 2008 at 22:24

ဟားဟား
တစ်ကယ်ပဲ ရီနေရတယ်.....
အစ်ကိုကတော့ ဟာသဥာဏ်ရှိတယ်နော်.. သရီးရှဲဒိုး အိုင်ဒုန့်နိုးတဲ့ သီချင်းတော့လာမဆိုပြနဲ့အုံး မရီနိုင်ပဲဖြစ်သွားအုံးမယ်.. အဟီးး...

9 December 2008 at 09:54

စိတ်ညစ်ရင် ဒီမှာ စာလာဖတ်ရမယ်ထင်တယ် ရယ်ရတာနဲ့ အကုန်မေ့နေတယ်

2 June 2009 at 20:30

ဘယ်လိုရီရင်ကောင်းမလဲနော်..။ ဒီလိုပဲ ရီတော့မယ် ၀ါးးးးးးးးးးး....ဟာာာာာာာာားးးးးးး....ဟားးးးးးးးးးးးးးး....။ တော်တော်ရီလိုက်ရတယ်။ တော်တော်ဟာသရေးတတ်ပါပေတယ်ဗျာ..။

21 August 2009 at 16:52

ခင်ဗျားဗျာ တော်တော် ရွှတ်နောက်နောက် နိုင်တာပဲ အဟက် ရယ်လိုက်ရတာ အူကိုနာလို့ အဟီးးးးး သီချင်းတွေလဲတော်တော် ရတယ် ဂလိုလုပ်ဗျာ ကျုပ်တို့ ဆီးသီးထုပ်ဖို့ ကိစ္စရှိတယ် ဖေသားကြီးရယ် မေ့သမီးကြီး အိန်ဂျယ်ရယ် ကျုပ်ရယ် ခင်ဗျားကြီးရော ပါဦးမလားလို့ အဟီးးးး တော်တော့်ကို ပေါက်မယ့်ကိစ္စ ဗျ သိလား (ခေါင်းတွေပေါက်မှာလေ ခဲနဲ့ ဝိုင်းထုလို့ ) အဟီးးးး
လိမ့်ပြီဗျာ နော် ဘိုင်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း