Thursday, October 22, 2009

ပီယဆေး (စော်ကြည်၊ ဘဲကြည်ဆေး)

23
မန်ကျည်းမှည့်ကို၊ ကနခို၊
ရောစွက်လို့ကျို
ဖန်းခါး၊ သျှိသျှား၊ ဆတူထား
ဆားခါးနည်းနည်းပို။
တလုံး၊တလုံး သပိတ်လုံး၊
သုံးလုံးတခါမျို
မျို၍မကျ ရေမျှောချ
ဒုက္ခ တခါပို။
ဆေး၏အစွမ်း၊ မြင်ရာငမ်း၊
ပင်ပန်းမရှိဗျို။
မျက်နှာကိုမြင်၊ လွန်ချစ်ခင်
ချစ်လျှင် သနားပို။
ချစ်ကြိုက်သူများ၊ ဝိုင်းရံထား
ပြေးသွားရမလို။
ချစ်သူများစွာ၊ လိုချင်ရာ၊
သောက်ပါထိုဆေးကို။

ရေးသားသူ ...... ဟိန်းထက်စိုး သဘောကျလို့ တင်ပေးလိုက်တာ ဟီး...။ ဆေးညွှန်းကတော့ ရှယ်ပဲနော် ချစ်တဲ့သူများစွာ ရှိနေလို့ ထွက်တောင်ပြေးရတယ် ဆိုပဲ..... ဆေးဖော်ပြီး သောက်ကြည့်မှနဲ့တူတယ်....။
ပီယဆေး လိုချင်သူများ ထိုဆေးညွှန်း ဆေးဖော်စပ်ကြပြီး သုံးစွဲတော်မူကြပါဗျား... စေတနာနဲ့ ဖော်ပြတာ ယုံသူဖော်စား၊ မယုံသူကျော်သွား ဒီမောင်တော့ တကယ်စွံနေတယ်ဗျား...(မျက်စေ့)..။


23 Response to ပီယဆေး (စော်ကြည်၊ ဘဲကြည်ဆေး)

22 October 2009 at 03:58

်ဟင်အင့် စားဖူး

နည်းလဲယူဖူး

တို့က စော် ကြည်တာတင်မကဘူး

ဘဲတွေရော ဘဲမဟုတ်တာတွေရော ကြည်နေလို့ ပုန်းနေရတာ..

စိတ်ညစ်နေတယ်ကွားး

ဟီးးးး

ချစ်ခင်စွာဖြင့်

ဖိုးစိန်

22 October 2009 at 03:59

အယ် သပိတ်လုံးလောက် ဆို သေရချည်ရဲ့ ဟယ်
ရှင် အရင်သောက်လေ လူပြိုဂျီးရဲ့ ဟွင်းးးး

22 October 2009 at 06:50

ကောင်မလေးတွေ မကြည်ရင်နေပါ မန်ကျည်းမှည့်နဲ့ ကနခိုတော့ မစားပါရစေနဲ့



လေးစားလျက်
တောင်ပေါ်သား

22 October 2009 at 08:00

ကိုအိမ် က ပီယဆေးရောင်းနေတာလား?

22 October 2009 at 08:47

သပိတ်လုံးလောက် သုံးလုံးတစ်ခါမျိုရရင်တော့လား စော်မကြည်ခင် ကိုယ်အရင် ဂီသွားနိုင်တယ်။ အင်းကိစ္စမရှိပါဘူးလေ ကိုယ်တို့က ကြည်ပြီးသားဆိုတော့ ဒီဆေးတွေ မလိုပါဘူး ဟဲဟဲ ငါကွ

22 October 2009 at 09:17

မကြည်ချင်နေပါစေ ပီယဆေးတော့ မသောက်ချင်ပါဘူး ကိုအိမ် အရင်ဆုံး သောက်ပြီးလို့ဖြစ်မယ် အခုလို ပြန်ပြောပြတာ ကျေးဇူး
လူပျိုကြီး မြန်မြန်စွံပါစေတော်...

22 October 2009 at 09:33

အမလေးနော် မစွံလည်းနေတော့ တစ်သက်လုံး အပျိုကြီး ဘ၀နဲ့ ပဲ အရိုးထုတ်တော့မယ် ဟဲဟဲ ဟိုသီချင်းလို အိမ်ဖောင်းဖောင်းလေးလည်း အားကျမခံ လူပျိုကြီး ပဲလုပ်တော့မယ် အဟိ ချစ်ညီမ phyu lay;

22 October 2009 at 09:33

အမလေးနော် မစွံလည်းနေတော့ တစ်သက်လုံး အပျိုကြီး ဘ၀နဲ့ ပဲ အရိုးထုတ်တော့မယ် ဟဲဟဲ ဟိုသီချင်းလို အိမ်ဖောင်းဖောင်းလေးလည်း အားကျမခံ လူပျိုကြီး ပဲလုပ်တော့မယ် အဟိ ချစ်ညီမ phyu lay;

22 October 2009 at 12:07

ဒါမျိုးက ဂေါ်မစွံ လူပျိုကြီးတွေပဲ လိုတာ .. ငှဲ ငှဲ.. :P

22 October 2009 at 13:20

ကိုအိမ်ရေ မစွံရင်တော့နေပါစေတော့နော် မန်ကျည်းမှည့်နဲ့ ကနခိုတော့မစေားတော့ဘူးဗျာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

22 October 2009 at 20:31

ကိုအိမ် ဘယ်နှစ်ခါ စားပြီးပြီလည်း :P

22 October 2009 at 20:55

အဲ့ဆေးက ကိုအိမ်စားနေကျလေ... လိုအပ်တဲ့သူတွေ စားတာ စားပါစေဗျာ... :P

22 October 2009 at 22:17

စားဘူးဟာ စားဘူး။
ဘယ်နှယ့်တော့ ဘယ်လိုပါးစပ်ပေါက်နဲ့ မျိုချရမှာတုန်း။
သပိတ်လုံးလောက်ရှိတဲ့ဆေး တစ်ခါသောက် ၃လုံးကို။

ဒီတော့ စားဘူးးးးးးးးးးးးးးးးးးးးးးး

22 October 2009 at 22:48

ပီယဆေးဖော်ထားပုံကလည်း ဆားတွေပဲ ချက်နေသလိုလို ထင်မိတယ်။

23 October 2009 at 00:18

အဲဒီဆေးစားလို့ ....မျက်နှာကိုမြင် လူချစ်ခင်တဲ့ ...
မျက်နှာအုပ်ထားတဲ့ ကုလားဇာတ်လိုဆို ဘဲက ဘယ်လိုကြည့်ပြီး ကြွေမလဲလို့ ..
အပူတွေ အပူတွေ ... ကိုယ်ပူတော့လည်း မကောင်းဘူး ..
ညားလို့ သူပူတော့လည်း ဝေဒနာတစ်မျိုးပဲ သူ့အတွက်

အဲဒီတော့ တရားဘာဝနာသာ ကြိုးစားအားထုတ်ပါ ကိုအိမ်ရာ .. အနော့လိုမျိုး ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

24 October 2009 at 12:40

အွန် မ ငီး ...
တော်ပါပြီ .. ကြောက်ပါပြီ .. ပီယဆေးမစားခင်တောင် ဂလောက်စွံနေတာ .. (မျက်စိ ) .. စားမိရင်တော့ ပွင့်ထွက်သွားမလားပဲ ....
ကိုယ့်ဟာကိုယ်စားဖို့  ပဲ သိမ်းထားလိုက်တော့ နော် ...

24 October 2009 at 17:25

တော်ပါပြီ တော်ပါပြီ၊ ထော်လာဂျီပဲ စီးရစီးရ အဲလေယောင်လို့ အဲဒီဆေးစားမှ ကြည်မယ်ဆိုရင်လည်း နေပါစေတော့၊ ကိုကပိုးလို့ သူများဟပ်ချင်လည်း ဟပ်ပါစေတော့၊ ဆေးတော့မစားပါရစနဲ့ ယောင်္ကျာတို့ ဇွဲသေခါမှ လျော့မယ် ကြည်မဲ့ကောင်မလေးမတွေ့မချင်း ဒီအတိုင်းပဲ Try တော့မယ် ဟီဟိ

24 October 2009 at 20:59

အဲဒီဆေးနဲ့ ဆေးတိုက်ဖွင့်စား ကိုအိမ်သူဌေးဖြစ်ပြီ...

26 October 2009 at 17:43

အမလေးဗျာ.. တစ်လုံးတစ်လုံး သပိတ်လုံးဆိုရင်တော့ အိမ်သာတက်ရင် တော်တော်ဒုက္ခရောက်တော့မှာပဲ...
ဆေးအစွမ်း မြင်ရာငမ်း ဆိုတော့ မလွယ်ဘူးဗျို့... ဒုသနသော တွေ ဖြစ်ကုန်တော့မယ်.။ ဟာဟ

31 October 2009 at 00:47

စားကြပါစေဗျား... စားကြပါစေ...
ဖိုးစိန်နဲ့ မြစ်ကျိုးတို့ကို နည်းနည်းစီကျွေးလိုက်စေချင်တယ်...

းဝ)

10 November 2009 at 01:19

ဟားဟားဟား ...
ညအိပ်မပျော်လို့ ကိုဂျီးဆီ အကြွေးဝင်ဆပ်နေတာ .. ဘယ်လိုဆက်အိပ်မတုန်းဗျ .. အိမ်မှားပြီ ၀င်မိပြီထင်တယ် ..
ရယ်နေရတာနဲ့ပဲ .. အိပ်ဖြစ်ပါ့မလားတောင် မသိတော့ဘူး ..
ဟားဟား ..

29 November 2009 at 10:31

ဆေးညွှန်းကတော့ ခန့်တယ်
ကိုယ်တိုင်သောက်ကြည့်ပြီးပီလား

မစွံလည်းနေပစေတော့ မသောက်တော့ဘူး

18 December 2013 at 16:38

ကောင်းတယ်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း