Monday, October 13, 2008

အဲဒါ... အချစ်လို့ခေါ်တယ်

4
အချစ်ဆိုတာဘာလဲ ဆိုပြီး ၀ိုင်းပြီးတက်လိုက်ကြတာ ဘယ်ဘ၀ထဲက အညိုးထားခဲ့လဲသိဘူး သောက်သောက်လဲကို တက်ကြတာ။ ဆိုတော့... ရေးရတော့မှာပေါ့။ ရေးမယ်ဆိုတော့ ကျွန်တော့်အဖေပြောခဲ့တဲ့ စကားလေးသွားသတိရမိလို့ အဲဒီစကားလေးပဲအခြေခံရေးတော့မယ်။
ဒီလိုဗျ အဖေကပြောဖူးတယ် အမေနဲ့ သူနဲ့က လူကြီးချင်းသဘောတူလို့ယူဖြစ်တာတဲ့ ယူပြီးနောက်ပိုင်း အဖေနဲ့အမေက သဘောထားခြင်းက လုံးဝမတူဘူး အဖေက တိကျတယ်၊ ပြတ်သားတယ်၊အပိုမလုပ်ဘူး၊လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
အမေက သနားတတ်တယ်၊ အပြစ်ပြောတာမကြိုက်ဘူး၊ လုပ်ချင်တာတဇွတ်ထိုးလုပ်တတ်တယ်။ပြီးတော့ အဖေက တနင်္ဂနွေသား၊ အမေက စနေသမီး။ပျော်မဆုံးမော်မဆုံး ကာလတွေဟာ သူတို့အိမ်ထောင်ရေးမှာ ရှိခဲ့ပါတယ်။ဒါပေမဲ့ အိမ်ထောင်ရေးတို့ ထုံးစံအတိုင်း အိမ်ထောင်သက်လေးရလာတော့ ညှိယူရတဲ့ကာရန်တွေ များများလာတော့ တခါတလေ ဘီလူးဆိုင်းကရတဲ့ အခါလဲ ရှိခဲ့ပါတယ် ကျွန်တော် တသက် တော့ ၂ခါပဲ ဖြစ်တာတွေ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ သူတို့အိမ်ထောင်ရေးမှာ သားသမီး၆ယောက်အထိ ထွန်းကားခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာက အိမ်ထောင်တခုမှာ စိတ်တူသဘောတူ၊အကြိုက်တူ၊အလိုက်သိဆိုတာတွေလေ။ဒီလိုအယူအဆ မတူကြတဲ့သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲ နေနိုင်ခဲ့ကြတာ ဘာကြောင့်များလဲ။ အခုတော့ သားသမီးတွေလဲ အရွယ်ရောက်ကုန်ကြပြီး အိမ်ထောင်အသီးသီးကြလို့ မြေးတောင်ချီနေကြပါပြီ။ အဲဒါဘာကြောင့်လဲ......................

4 Response to အဲဒါ... အချစ်လို့ခေါ်တယ်

14 October 2008 at 15:58

ဟေးလူဘယ်ပျောက်နေတာလည်း
လာလည်ဦးလေ..
အိမ်ကိုသတိရလွမ်းလို့လာလည်တာ.

15 October 2008 at 14:26

အိမ်ကြီး
အချစ်အကြောင်းပြောတာတော့ကောင်းတယ်။
ငြိမ်းချမ်းတဲ့အချစ်ကိုပိုင်ဆိုင်ခံစားခွင့်ရတဲ့ဆွေစဉ်မျိုးဆက်ဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်။
မသိလို့မေးပါရစေအုံး။
နီနီဝင်းဘလော့မှာ လာပြီး ကွန်းမက်ပေးတာမှာ ယောက်ျားအဒေါ်နဲ့တည့်ပါစေဆိုတာ ဘာကိုဆိုလိုမှန်း သိပါရစေလားဟင်။
ရန်ထောင်တဲ့မေးခွန်းတော့မဟုတ်ဘူးဆိုတာယုံပေး။
အဟုတ်သိချင်တာသက်သက်ပါပဲ။
ရေးတာလေးကကောင်းတယ်ရှင့်။
အထက်ပါမေးခွန်းကို ဖြေဆိုပေးယင်တော့ ဝမ်းသာမိမှာပါနော်။
ခင်မင်စွာဖြင့်
နီ

16 October 2008 at 16:00

ဦးဦးအိန် ကြီးရဲ့အချစ်အကြောင်းလေး
ကိုဖတ်သွားပါတယ်။။

16 October 2008 at 16:15

ပျောက်နေလိုက်တာ..ပျောက်နေလိုက်တာ..သူမဟုတ်တဲ့ အတိုင်းပဲ..ဟွန်း..ရေးပေးတာရှဲရှဲပါ..သူ့ အချစ်အကြောင်းရေးခိုင်းတာအဖေနဲ့ အမေကိုဆွဲထည့်တယ်.. :P :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း