Saturday, March 19, 2011

ငရဲကြီးရှစ်ထပ်

4
ကျနော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေဟာ ငရဲခံရတာ ငရဲကြီးတာ စတာတွေ ဝဠ်လည်ခံစားရဖို့ ငရဲကြီး ရှစ်ထပ်ဆိုတာ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုဝဠ်လည်ဖို့ ဆိုတာကလဲ အလွယ်ပြောရရင် မြတ်စွာ ဘုရား ချမှတ်ထားတဲ့၊ သူ့အသတ်မသတ်ရ၊ သူများသားသမီး မစော်ကားရ၊ အရက်သေစာ မသောက်စားရ၊ လိမ်လည်မှုမပြုရ၊ ခိုးယူခြင်းအမှု မပြုရ စသည်ဖြင့်ပေါ့ ရှိပါတယ်။ ဒါတွေကို ကျူးလွန်ခဲ့ရင် ဘယ်လိုဝဠ်လည်ခံစားရမယ်၊ ဆိုတာလဲ တချို့ တရားစာအုပ်တွေမှာ ဖတ်မှတ်ဖူးကြမှာပါ၊ တချို့လဲ ပန်းချီသရုပ်ဖော်ပုံတွေနဲ့ ရေးဆွဲပြတတ်ကြပါတယ်။ စာတွေ ပုံတွေထဲမှာတော့၊ ဂျိုကြီးတွေ ပေါက်နေတဲ့ လူနီနီကြီးတွေက ဆူးချွန်လို လှံကြီးတွေ ကိုင်ပြီး  ဝဠ်ခံရတဲ့ လူတွေကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ အရှင်လတ်လတ် ထည့်ပြုတ်တာတို့၊ ဆီပူအိုးထဲ အရှင်လတ်လတ် ထည့်ကြော်တာတို့၊ မီးကျီ၊ မီးခဲပေါ် ဖြတ်လျှောက်ခိုင်းတာတို့စသည်ဖြင့်ပေါ့ ဖတ်ဖူးပါတယ်။

ကျနော့်အနေနဲ့ တခုစဉ်းစားမိတယ်၊ အဲဒါက ငရဲကြီးရှစ်ထပ်ဆိုတာ ဘယ်နေရာလဲ ဆိုတာပဲ၊ တချို့ကတော့ ပြောကြတယ် မဟာပထဝီ မြေကြီးအောက်မှာလို့ ဆိုကြတယ်၊ ကျနော်ကတော့ ဒီလိုမယူဆဘူး၊ ငရဲကြီးရှစ်ထပ် တကယ်ရှိနေတာ ကျနော်တို့ လက်ရှိနေ နေတဲ့ ကမ္ဘာကြီးပေါ်မှာပဲ ရှိတယ်လို့ ယုံကြည်ထားတယ်။ ဘာကြောင့် ဒီလိုပြောသလဲ ဆိုတာ ရှင်းပြနေရင် ရှည်နေမှာ စိုးလို့ အောက်မှာရှိတဲ့ ဗီဒီယိုလေးသာ ကြည့်လိုက်ပါ။

4 Response to ငရဲကြီးရှစ်ထပ်

19 March 2011 at 20:50

ဒါဆိုရင်တော့ အဲဒီ တရုတ်တွေက ငရဲသားကြီးတွေပေါ့....

Anonymous
19 March 2011 at 21:16

အာ... အဲလိုလဲ မဟုတ်ဘူးလေ၊ ပြောချင်တာက ငရဲကြီး၈ထပ်က ဒီမြေပေါ်မှာပဲ ရှိတယ်ဆိုတာ ပြောချင်တာ၊ လူတွေအကုန်လုံး အတူတူပဲ၊ လျှာရင်းမြက်မြက်ကလေး စားရဖို့ နည်းမျိုးစုံ သုံးပြီး စားနေကြတာလေ ခုဗီဒီယိုက ဥပမာအနေနဲ့ တင်ထားတာ .. စကားလိုက်မကပ်နဲ့ ဒါပဲ ဟတ်ဟတ်

20 March 2011 at 07:20

ဟာ...... အကုသိုလ်တွေ အကုသိုလ်တွေ
သူတပါးကို အရှင်လတ်လတ် မီးပူထဲထည့်တယ် ဟင်းးးးးးးးးးး ကြည့်ရတာ မသက်သာလိုက်တာ ငါးက ပါးဟပ်ကြီး ဟ စိ ဟ စိ နဲ့

22 March 2011 at 17:21

အဲဒီလိုကောင်တွေ မရှုမလှ ပြန်ခံရမှာလို့ ကျနော်တော့ ယုံတယ်ဗျာ။
ေ-ာက်အစားသောင်းကျန်းလွန်းတယ်။ ကြာရင် ဘီလူး သဘက်တွေ ဖြစ်ပြီး အချင်းချင်း ပြန်စားတာနဲ့ ပြည်ပျက်မယ့် ကောင်တွေ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း