စိုင်းထီဆိုင် ဆိုခဲ့သီချင်းလေး နားထောင်ရင်း ငယ်ငယ်က ကလေးဘဝကို ပြန်လည် အမှတ်ရနေမိတယ်ဗျာ...။ သီချင်းစာသားထဲကလိုပဲ ငယ်စဉ်က ကလေးလေးဘဝမှာ အပူအပင်ကင်းကင်းနဲ့ အိပ်ချိန်တန်အိပ်၊ စားချိန်တန်စား၊ ကစားချိန်တန် ကစားခဲ့တာလေးတွေ ပြန်စဉ်းစာတိုင်း လွမ်းမောမိသလို၊ ပြုံးစရာလဲ ကောင်းခဲ့ပါတယ်။ တကယ်လဲ လွမ်းမောတမ်းတ စရာပါပဲ၊ ငယ်ဘဝမှာ ဘာအပူအပင်မှ မရှိခဲ့သလောက် အရွယ်ကြီးပြင်းလာတာနဲ့ အမျှ ပူပင်သောကတွေ၊ လိုလောဘတွေ၊ ချစ်ခြင်း၊မုန်းခြင်း စတာတွေကြီးစိုးလာပြီး ဖြူစင်နေတဲ့ ဘဝလေးဟာ အရောင်တွေ စွန်းထင်းလာပါတယ်။
ဒါကလဲ လူရယ်လို့ ဖြစ်လာရင် ကြုံတွေ့နေရမှာဆိုတော့လဲ မကြုံချင်လဲ ကြုံရတာပါပဲ။ တခါတလေ စိတ်ပျက်ငြီးငြူစရာတွေ ကြုံလာရင် ကလေးလေးဘဝ ပြန်လိုချင်လာတယ်ဗျာ...။ အဲဒီလို ကလေးဘဝက အဖြစ်အပျက်လေးတွေ ပြန်တွေးမိတိုင်း ရယ်စရာ ဖြစ်ခဲ့တဲ့ အဖြစ်လေးတွေထဲက တချို့ကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
မောင်နှမ၆ယောက်မှာ ယောကျာင်္လေးဆိုလို့ ကျနော်ရယ်၊ ကျနော့်အကိုရယ် ၂ယောက်ထဲ ပါတာပါ။ ၂ယောက်ထဲပေမဲ့ ဘယ်တုန်းကမှ မတည့်ပါဘူး။ တယောက်နဲ့တယောက်က တစောင်းစေးနဲ့ မျက်ချေးလို တွေ့တာနဲ့ ရန်စောင်တတ်ကြပါတယ်။ ၂ယောက်သားတည့်တယ် ဆိုတာအတော့်ကိုရှားပါတယ်။ များသောအားဖြင့် တည့်တဲ့ အချိန်တွေကတော့ ခြံထဲက ခြံပြင်ထွက်မကစားရတဲ့ အချိန်တွေဆိုရင်တော့ တည့်ပါတယ်။ ဒါကလဲ အဖိုးဘယ်မှမသွားပဲ အိမ်မှာရှိတဲ့နေ့မို့ပါ။ အဖိုးက အတော်စည်းကမ်းရှိတဲ့သူပါ။ သူ့သဘောကတော့ အိမ်မှာ ရှိတဲ့ မောင်နှမတွေပဲ စုပြီးကစား စေချင်တာပါ။ ပြီးတော့ ပါတ်ဝန်းကျင်က ကလေးတွေနဲ့ ပေါင်းပြီး ပျက်စီးမှာ စိုးရိမ်တာလဲ ပါမှာပေါ့၊ ရှေးလူကြီးမို့လားတော့မသိဘူး၊ လုပ်တာ ကိုင်တာ တိကျသလို၊ စိုက်တာပျိုးတာလဲ ဝါသနာပါ ပါတယ်၊ ခြံထဲမှာ သရက်ပင်ဆိုရင် မချစ်စု၊ဘင်္ဂလား၊ ရင်ကွဲ၊ သုံးလုံးတတောင်၊ စတဲ့ သရက်ပင်တွေ ရှိသလို၊ မင်းဂွတ်သီး၊ နာနတ်၊ကြက်မောက်၊ ပိန္ဓဲသီးပင်၊ အုန်းပင်၊ စတာတွေလဲ စိုက်ထားပါတယ်၊ ခြံက ရှိတာမှပေ ၈၀ပါတ်လည်လားမသိဘူး ရှိတာ သူစိုက်ထားတာတွေနဲ့ ခြံက ပြည့်နေတာပါ။ (အခုတော့ အဲဒီမြေနေရာမှာ တိုက်ခန်းတွေ ဖြစ်ကုန်ပါပြီ။)
အဖိုးအိမ်မှာရှိတဲ့နေ့ဆို ကျနော်တို့မောင်နှမတွေ အပြင်ထွက်ဆော့လို့ မရတော့ပါဘူး။ ဒီတော့ ကစားဖော်ဆိုလို့ ဒီ၂ယောက်ပဲ ရှိတာဆိုတော့ မခက်ဘူးလား ..... ။ သူနဲ့ကျနော်နဲ့ ကြားမှာ မိန်းကလေးတယောက် ခြားတယ်ဆိုတော့ အသက်ကလဲ ၅နှစ်လားမသိဘူး ကွာပါတယ်၊ ဒါပေမဲ့ သူက အကြီးဆိုပြီး ဘယ်တော့မှ မညုာပါဘူး၊ ကျနော်ကလဲ အငယ်ဆိုပေမဲ့ လျော့ပေးမယ်မထင်နဲ့ လစ်ရင် လစ်သလို၊ ပြန်ဆော်တတ်ပါတယ်။ ၅နှစ်သာ ကွာတာပါ၊ သူကလူကောင်ညုက်လို့လား မသိဘူး သူနဲ့၊ ကျနော်က ခန္ဓာကိုယ် အချိုးအစားက မတိမ်း၊မယိမ်းတွေပါ။
ကျနော်တို့၂ယောက် အဓိက ကစားတာဘာလဲဆိုတော့ သေနတ်ပစ်တိုင်းကစားတာပါ။ တနေ့ပေါ့ ..............
"ဟေ့ကောင်.. ဖိုးကြီးရှိတယ်ကွ အပြင်ထွက်ကစားလို့မရဘူး၊ ဒီတော့ မင်းနဲ့ငါ သေနတ်ပစ်တမ်းကစားမယ် ရှုံးတဲ့သူက ဂုံးပိုးကြေး "
"စိမ်လိုက်လေ နင်သာ အကြီးဆိုပြီး ငါ့ကိုမညစ်နဲ့ "
" အေးပါ မင်းကလဲ အငယ်ဆိုပြီး တခုခုဖြစ်တိုင်း မေကြီးကိုသွားမတိုင်နဲ့"
"စိတ်ချ ဟရောင် နင်သာ မညစ်နဲ့ အားလုံး အိုကေတယ်"
အဲဒီတုန်းက ကျနော်တို့ ကိုင်တဲ့ သေနတ်ကတော့ ဝါးခြမ်းပြားကို သရေပင်နဲ့ချည်နှောင်ပြီး သေနတ်ပုံစံ ဖြစ်အောင်လုပ်ထားတဲ့ ဟာတွေပါ၊ အဖေကတော့ ဝယ်ပေးရှာပါတယ်၊ ဒါပေမဲ့ တရက်ပြည့်အောင်မခံပါဘူး၊ အကုန်ပျက်ကုန်လို့ နောက်ပိုင်းတော့ မဝယ်ပေးတော့ပါဘူး၊ ဒီတော့ မြန်မာမှု၊ မြန်မာ့ဟန် ဖြစ်တဲ့ ဝါးခြမ်းပြားအရှည်တခုကိုယူ၊ ပြီးတော့ ဝါးအတို၂ချောင်းကိုယူ၊ ပြီးတော့မှ၊ သရေပင်နဲ့သေချာချည်ပြီး သကာလ..သေနတ်ဖြစ်ပြီလေ။ တချို့လဲ ဥဏ်ကွန့်မြူးပြီး ဝါးတုတ်ကလေးတွေနဲ့ တကယ့်သေနတ်ပုံစံ လုပ်တတ်ကြပါတယ်၊ သရေပင်တော့ အတော့်ကိုကုန်ပါတယ်၊ အကြမ်းခံတယ်ပြောရမလားတော့ မသိဘူး၊ အတော်အသုံးခံတယ် ခင်ဗျ။
" တစ်.. နေရာယူ... နှစ်... အဆင်သင့်.... သုံး ... ကျည်ဆံထည့်၊ လေး..မောင်းချိန် ... ငါး... ပစ်နိုင်ပြီ "
" ဒိုင်းညောင့်၊ ဘူးညွန့်၊ ဒဂူးညွှန့်၊ ဦးဘညွှန့် ....... "
"ကျား... ဒက်.. ဒက် .. ဒက်..ဒက် ... ဒက်"
" ဟေ့ရောင် ... မင်းသေပြီကွ ခုနကခြေထောက်ထွက်လာတာကို ငါလှမ်းပစ်လိုက်တယ် "
" ဟေ့ရောင် ... ဘာမှမထိဘူးကွ အလွတ်ကြီး ပြီးတော့ ခြေထောက်ထိရုံနဲ့ မသေဘူးကွ ဒဏ်ရာပဲရတာ"
" သြော်.. မင်းက ဒီလိုလား.. ရတယ်ကွ ဒါဆိုလာပြီကွ လက်ပစ်ဗုံး၊ ..... ဝုန်း .. သေနတ်နဲ့လဲ ပစ်တယ်ကွ ဒက်ဒက်ဒက် .... ဟေ့ရောင်မင်းသေပြီ ထွက်တော့ "
"မသေဘူးကွ.. မင်းလက်ပစ်ဗုံးပစ်တာ တနေရာကွ၊ ပြီးတော့ မြေကြီးမှာ ငါလှိမ့်ပြီး ထပ်တောင် ရှောင်လိုက်သေးတယ်ကွ "
"အေးလေ.. မင်းအဲလိုမြေကြီးပေါ် လှိမ့်ပြီးရှောင်နေချိန် ငါ သေနတ်နဲ့ ပစ်သေးတာပဲကွ၊ မင်းဘာမှမငြင်းနဲ့ "
" မြေကြီးပေါ် လှိမ့်ရှောင်နေတဲ့သူကို သေနတ်ထိတာ မင်း ရုပ်ရှင်ထဲမှာ မြင်ဖူးလို့လား တခါမှမထိဘူး ဟေ့ရောင် ဘာမှအပိုတွေ မပြောနဲ့ "
"မင်း မညစ်နဲ့နော်၊ သေချာချိန်ပြီး ပစ်တာကွ မထိစရာလား၊ ထိတာမှ မင်းတကိုယ်လုံး ကျည်ဆံရာချည်းပဲကွ၊ ပြီးတော့ မင်းခြေထောက်မှာလဲ ဒဏ်ရာရထားပြီလေ မင်းဘယ်လို မြေကြီးပေါ် လှိမ့်ပြီးရှောင်မလဲ"
" ဟားဟား.. ဘာကျည်ဆံရာမှ မရှိဘူး ဘာမှလာမပြောနဲ့"
"ထိတယ်ကွာ "
"မထိဘူးကွာ"
"ဟေ့ရောင် တင်းလာပြီးနော်.. "
"တင်းတော့ မင်းက ဘာလုပ်ချင်လဲ"
"အေး.. ငါလာပြီ တွေ့ကြသေးတာပေါ့"
"ဒိုင်း.. ဒိုင်းညောင့်.. ဟားဟား အခုမှတကယ်ထိတာကွ မင်းသေပြီ "
" မင်းအရင်သေတာကွ၊ မင်းသေတာ မင်းဝန်မခံပဲ ငြင်းနေလို့ ငါကလာရှင်းတာကို မင်းထွက်ပစ်တာလေ၊ ငါဘာမှမဖြစ်ဘူး"
" ဖြစ်တယ်ကွာ"
"ကဲကွာ ..ခွပ်... အဲဒါဖြစ်ဦး"
"မင်း... မင်း.... ငါ့ကိုထိုးတယ်" ဆိုပြီး မျက်နှာကို ခပ်တည်တည်ကြီးနဲ့ ဒေါသဖြစ်သွားတဲ့ စတိုင်ဖမ်းပြီး တခါထဲ င်္အကျီဆွဲချွတ်၊ မရှိတဲ့ ဗလကို အပီအပြင်ညုစ်ထုတ်ပြီး ဗရုစလီစတိုင်နဲ့ (သိုင်းရူးကလဲ ရူးသေးတယ်) နှာခေါင်းက ထွက်လာတဲ့ သွေးကို လက်မလေးနဲ့ အသာပွတ်၊ သွေးကို အသေအချာကြည့်ပြီး ပါးစပ်နဲ့ စုပ်ယူလိုက်ပါတယ်၊ ပြီးတဲ့နောက်မှာတော့ အကို့ကို တချက်ရှိုးပြီး မင်းတော့နာပြီဆိုတဲ့ အကြည့်မျိုး တချက်ကြည့်လိုက်ပြီး ဗရုစလီ သိုင်းကွက်နဲ့ ညောင်..ညောင့်..ညောင်း..ဝါ..ဝို.. ဝို့.. လို့အော်လိုက်တော့ အကိုခမျာ တချက်တွေ သွားပြီး အလံဖြူပြပြီး ငြိမ်းချမ်းရေး ရချင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ အခြေအနေကို အလွတ်မပေးတဲ့ကျနော်က ဗရုစလီ စတိုင်အတိုင်း ခုန်ကန်လိုက်တာ ကိုယ့်ဆရာ ဖုန်းကနဲ အသံနဲ့အတူ ဖင်ထိုင်ရက်လေးလဲလို့ အဲဒီအချိန်မှာပဲ၊ အဖိုးက အိမ်ထဲက ခြံထဲ ဆင်းအလာနဲ့ တန်းတိုးတော့၊ ဗရုစလီမင်းသား ကျနော့်ကို လာဦးလို့ ခေါ်ပြီး ဖျောင်းခနဲ တချက်ရိုက်ပါတယ်၊ ဒါပေမဲ့ အငြိုးကြီးတဲ့ ကောင်ပဲဗျာ ဒါမျိုးဘယ်ရမလဲ.. အဖိုးကို မျက်ရည်ခံလေးထိုးပြီး အကိုက စထိုးလို့ ကျနော်ပြန်ကန်ရပါတာပြောပြီး နှာခေါင်းထဲက မရှိတဲ့သွေးတွေ ညုစ်ထုတ်ပြလိုက်တော့ လက်ဖြောင့် စစ်သားကြီး အကို့ကိုလဲ တချက်ပေါ့။ ရိုက်လဲ ပြီးရော
"သွား၂ကောင်လုံး အိမ်ပေါ်သွား၊ နောက်ထပ် ရန်ဖြစ်သံ မကြားချင်ဘူး"
အိမ်ပေါ်ရောက်တော့၊ ၂ယောက်သား ဘာမှလဲ လုပ်စရာ မရှိတော့၊ တယောက်မျက်နှာ တယောက်ကြည့်ပြီး မကျေမနပ်နဲ့ ကြည့်နေကြတာပေါ့၊ ဒါပေမဲ့ သိပ်တော့ မကြာပါဘူး၊ ကိုကြီး၊ ညီးလေးတွေဖြစ်ကြပြန်ပါရော၊ ဒါနဲ့ တခြားကစားနည်းတခု ကြံကြပြန်ပါတယ်။ ဘာကစားနည်းလဲဆိုတော့ နတ်ကတာပါ။ ကျနော်တို့ အမေက ဟိုးအရင်က နတ်ယုံကြည်တဲ့သူ တဦးပေါ့၊ နတ်လဲကပါတယ်၊( ဒီအကြောင်း နောက် ကြုံမှရေးပါဦးမယ်) ဆိုတော့ ကျနော်တို့ အတွက်က မြင်ဖူးနေကျဆိုတော့ ဘယ်လိုကရမယ်၊ ဘယ်လိုနတ်ဝင်မယ်၊ ဘယ်လိုဝတ်စားမယ်ဆိုတာကသိပြီးသားလေ .... ။
"အင်း... ဟင်း..ဟင်း.. "
"နတ်ဝင်ပြီးဟ.. ပဝါစည်းပါဟ၊ ခေါင်းပေါင်းလဲ ပေါင်းပေကြပါဦးဟ." အမှန်က ၂ယောက်ထဲရှိတာပါ၊ ဒါပေမဲ့ တကယ့်ပွဲထဲကအတိုင်း လူအများကြီး ရှိတဲ့ပုံစံနဲ့ ကျနော်ကပြောတာပါ (ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေနွဲ့ရဲ့ မြေးတွေလို့ ပြောစရာ မလိုအောင်ကို အဲဒီလို အတိအကျနဲ့ သဘာဝ ကျကျသရုပ်ဆောင်တာပါ)အဲဒီမှာ မျက်နှာသုတ်ပဝါကို အကို့ရင်ခေါင်းမှာ စည်းပေး၊ လက်သုတ်ပဝါကိုတော့ ခေါင်းမှာစည်းပေး ပြီးတော့ ခေါင်းပေါင်းဘေးမှာ အချွန်လေးထွက်အောင် ဘယ်လိုလုပ်ရမှန်း မသိလို့ စာရွက်တရွက်ဖြဲပြီး အချွံလေးလုပ်ပြီး ခေါင်းပေါင်းမှာထိုးပေးလိုက်တာပေါ့။
"ကိုယ်တော် အခုဝင်တာဘာများပါလဲ.. ဘုရား .. ကျနော်မျိုးတို့ မသိလို့ပါ"
"ဟေ့.. ကိုကြီးကျော်တဲ့ဟေ့.. ပခန်းကိုကြီးကျော်ဆိုတာငါပဲကွ.. မောင်မင်း.. ငါ့ကို ဒူးထောက် ခစားစမ်း"
"အမိုက်အမဲလေးတွေမို့ အမှားလုပ်မိရင် ခွင့်လွှတ်ပါ အဖေကြီး ခင်ဗျာ...အခုလဲ သားတော်တို့ အဖေကြီး စိတ်တိုင်းကျ ဖြစ်စေရအောင် လုပ်ပေးပါ့မယ် ဘုရား... "
" အေး.. ဆိုင်းတီးပေးစမ်းကွာ... ငါကလိုက်ဦးမယ်" ဆိုတော့ ကျနော်ကပဲ ပါးစပ်ဆိုင်းတီးပေးရတာပေါ့။ ပူးနှောင်းချပ်ချိန်း ပူးချိန်ချိန်၊ ပေါ့ဗျာ။
အဲဒီမှာ ဆရာသမားက ကရရုံနဲ့ အားမရပဲ၊ အရက်ဆက်စမ်းဆိုလို့ ကြံရာမရတာနဲ့ ရေအိုးစင်က ရေတခွက် ခပ်ပေးတာပေါ့၊ ဒါကိုပဲ ပုလင်းနဲ့သောက်မယ်ဆိုလို့ လိုက်ရှာရပြန်ရော၊ ကျနော်ကလဲ ပါးစပ်နဲ့ဆိုင်းတီးတာ အာတွေ့နေတဲ့ အချိန်ဆိုတော့၊ မှန်တင်ခုံပေါ်မှာ ပုလင်းဖြူဖြူလေး တလုံးတွေ့တယ်၊ အထဲမှာလဲ အရေတွေပါပြီးသား အရေတွေကလဲ ရေလိုပဲ ဘာအရောင်မှ မရှိတော့ ကျနော်လဲသူ့ကို သွားဆက်သလိုက်တော့မှ ကိုယ်တော်ကြီးလဲ သဘောကျ၊ ကျနော်လဲ ပါးစပ်ဆိုင်း ဆက်တီးပေါ့၊ အဲဒီမှာ ဆရာသမားက ပုလင်းဖွင့်ပြီး တချက်မော့ချလိုက်တာ ...
"ဖွီး.. ဟေ့ကောင်.. မင်းဟာက ရေလဲ မဟုတ်ဘူး.. ပါးစပ်ထဲ ပူသွားတာပဲ"
" ဟ.. နင်ပဲ.. ရေမလိုချင်ဘူး ပုလင်းနဲ့မှသောက်မှာဆို ငါလဲ နင်အဆင်ပြေအောင်လဲ ယူလာရပေးတာလေ.. ထပ်လာမခိုင်းနဲ့ သွားမယူပေးဘူး .. ဆက်သောက်အဲဒါပဲ"
အဲဒါဗျာ သူကလဲ ကျနော့်ခိုင်းမရမှန်းလဲသိ၊ သူကိုယ်တိုင်ကလဲ ရေနဲ့သွားရလဲမှာဆို ကတဲ့ အရှိန်လေး ပျက်မှာစိုးလို့ ထင်ပါရဲ့ ဆက်သောက်ပြီး ဆက်ကတာပေါ့၊ သောက်တယ်သာ ပြောတာပါ ကရင်း၊ ခုန်ရင်းနဲ့ ဘေးစင်ကုန်တာနဲ့၊ ပါးစပ်ထဲ လောင်းထည့် တာမှာလဲ အပြင်ကို ထွက်ကျတာများပါတယ်။ အဲဒီအချိန်မှာ အမေက အခန်းထဲ ဝင်အလာ၊ အကိုသောက်နေတာကိုတွေ့တော့..
" ဟဲ့.. ဟဲ့ ဘာတွေသောက်နေတာလဲ ပြစမ်း.. ဟောတော့်.. ကိုယ်ကျိုးတော့ နဲကုန်တော့မှာ.. အကိုရေ ဒီကိုမြန်မြန်လာပါဦးတော့ ရှင့်သား အကြီးကောင် အရက်ပျံတွေ သောက်နေတယ်"
ဒီအသံကြားတော့ အဖေပြေးလာပြီး အကို့ကိုထမ်းပြီးဆေးခန်းပြေးတာတန်းနေတာပါပဲ။ တော်သေးတာက ခုနပြောသလိုပေါ့ အပြင်ဖိတ်ကျတာက ခပ်များများလေ၊ ပြီးတော့ ပူ၊ စပ် အရသာဆိုတော့ ပါးစပ်ထဲပဲ ရောက်ပြီး မြိုမချမိတာပါ၊ ကလေးဆိုတော့ ဒီလို အရသာတွေ မခံစားတတ်တာလဲ ပါမှာပေါ့။ အဲဒီလိုနဲ့ ဆေးခန်းက ပြန်လာတော့ ကိုကြီးကျော်ကို ၃ချက်ရိုက်ပြီး နတ်ထိန်းသူ ကျနော်ကတော့ ၅ချက် အရိုက်ခံရပြန်ပါရောလားဗျာ။
သြော်... ငယ်ဘဝတွေ ပြန်တွေးမိတိုင်း လွမ်းမောစရာပါပဲ၊ အခုဆိုရင် ကျနော့်အကိုလဲ အိမ်ထောင်ရက်သားကျပြီး ကလေးတပြုံတမနဲ့ ဝန်တင်ထားတဲ့ လှည်းကိုရုံးနေတဲ့ နွားတကောင်လို ဘဝကိုရုန်းကန်နေရသလို၊ သူ့ညီ ကျနော့်မှာလဲ၊ သူ့လိုရုန်းဖို့ အတွက်လှည်းကောင်းကောင်းတစီး လိုက်ရှာရင်း ဘဝကိုဖြတ်သန်းနေပါကြောင်း .........။
ဆက်လက်ပြီးတော့ ငယ်ဘဝတွေအကြောင်းကို ရေးပေးဖို့ကို
ယောကျာင်္းလေးထဲက ကိုမြစ်ကျိုးအင်း၊ ကိုတောင်ပေါ်သား၊ ကိုဗီလိန်၊ကိုဂျူလိုင်းဒွင်း၊ ကိုရမ်းဂန်း၊ကိုလူထွေး၊ ၊ကိုဂျယ်ကြီး ကိုဖိုးသင်္ကြန်
မိန်းကလေးထဲကတော့ မိန်းကလေးပေမဲ့ အင်မတန်မှလက်မြန်၊ခြေမြန်ရှိပြီး အငြိမ်မနေတဲ့ ခရေစီဒွင်း၊ နောက်လူများကတော့၊ အဖြူရောင်ညီမလေး၊ နန်းညီ၊ မကီ၊ ဧရာဝတီစာကြည့်တိုက်ပိုင်ရှင် ဖလားဝါးပိုရမ်၊ နေ့အိပ်မက်၊ ဝက်ဝံလေး၊ မငုံ ၊ မေသူခိုင် တို့ပါပဲ၊ ဘာမှခက်ခဲတဲ့ အကြောင်းအရာ မဟုတ်တော့ ရေးပေးကြမယ်လို့ မျှော်လင့်ပါတယ်။
Friday, December 18, 2009
Subscribe to:
Post Comments (Atom)
27 Response to ကလေးဘဝ အမှတ်တရလေးများ
ဦးဆုံးလာဖတ်သွား ဖြေပေးမယ်နော်
ဟဲဟဲ ဘယ်လောက်ဆိုးလည်း သိသွားမယ်နော်
(အဖြူရောင်ညီမလေး)
အမ်လေး တဂ်တယ်တော့ အကြွေး၁ ခု ကျန်သေးတယ် ကိုအိမ်ရေ . .
ရေးပေးပါ့မယ် :)
ဟောတော့ အားရပါးရ ရယ်မောပြီးဖတ်လာတာ ပြီးသွားတော့မှ တဂ်ပို့စ်တဲ့လား.. နေ့အိပ်မက်တော့ အကြွေးသံသရာထဲက ထွက်နိုင်တော့မယ်မထင်.. အဟင့် ဟင့်..
ဒါနဲ့ရုပ်ရှင်းမင်းသမီးက တမင်ရေးထားတာမဟုတ်ပါဘူးနော် ရုပ်ရှင်ကို ရုပ်ရှင်းလို့
အိမ်မှာ စီဗုံးမရှိပါလား။ ဒီအိမ်ကလည်းပြည့်ပြည့်စုံစုံထားမှ
ပေါ့။ ပိုစ့်အသစ်တင်အုံးလေ၊ ဒီကလေးဘ၀က မတက် တော့ဘူးလား။း)) စီဗုံးမတွေ့လို့ ဒီကပဲအော်သွားပြီ။ အဆင်ပြေပျော်ရွှင်ပါစေ။
ငယ်ဘဝကိုပြန်တွေးလိုက်ရင် ပျော်စရာတွေကြည်းပါဘဲ...
သြော်.. ဒါနဲ့ ညီမလေးယောက်ရှိတယ်ပေါ့ အကိုအိမ်...
ဟဲ ဟဲ ဟဲ ဟဲ
(ဦးကျောက်လုံး အသံဖြင့် ဖတ်ရန်)
ဟားဟား..ဖတ်လိုက်ပီး အပျော်တွေ ကူးစက်သွားတယ်ရှင်..ရေးတာ ကောင်းလိုက်တာ..ရယ်ရတယ်..။
မောင်လေး ၂ယောက်ပဲရှိတော့ ဆော့စရာ လူမရှိဘူးရှင့်..။
လေစားစွာဖြင့်..
ငယ်ဘ၀အကြောင်း ပြန်တွေးရင် ပျော်စရာကြီးပါ...
အစ်ကိုအိမ်တို့ကတော့ လွန် လွန်လွန်းပါတယ်...
အတော့်ကိုကဲတယ်...
ရိုက်ခံရတောင်နဲသေး... ဟေဟေးးးးးး
:clap
ခုလို လက်စွမ်းထက်တာ ငယ်တုန်းက ဒီလို ဇ လေးတွေ ရှိလို့ပေါ့ ... အိမ် ရယ် ...
ညီ အစ်ကို နှစ်ယောက်တည်း ပါတာဆိုတော့ အဲလို ချစ်ကြတာပေါ့လေ ...
တော်တော်ကဲပဲ အကိုကတော့း) ခုကော တယောက်ထဲ ဆော့နေလား ဒိုင်းညှောင်း လုပ်ပြီး အဟား အရက်ပြန်သောက်ရတယ်လို့ တော်ပါသေးတယ် ရေးပေးမယ်ဗျို့ ခု များနေတယ် တခုပြီး တခုပဲ တက်ဂ်တွေများနေတယ်
လေးစားလျက်
တောင်ပေါ်သား
ဆရာလေးတို့တော့ လက်လန်တယ် ခြေခွင်တယ်း)
ဖတ်နေရင်း ထိုင်ရီနေလို့ ဘေးက လူတွေတောင် ဒီကောင် ရူးနေလား အကြည့်ခံရတယ်း)
အီးးး... တိုးတိုးတိတ်တိတ်... လာဘ်ထိုးထားတာတောင် တက်ဂ်ဖြစ်အောင်တက်တယ်... ဟွင်းးးး.... =(
ရေးပေးပါ့မယ်... ငယ်တုန်းက အငြိမ်မနေတာတွေ =(
ကျွန်တော်နဲ့ အကိုက ၇ နှစ်ကွာလို့ ဘောလုံး ကန်တာတခုပဲ အတူတူ ကစားဖြစ်တယ်။
ကိုယ် ၈ နှစ်လောက်အရွယ်မှာ သူက ၁၅ နှစ် ဆိုတော့ လူပျိုလုပ်နေပြီလေ။
လမ်းထဲမှာက ကလေးတွေ လူငယ်တွေ အရွယ်စုံ ရှိတယ်ဗျ။ ကမြင်းတာတော့ နေ့ရော ညရောပါပဲ။ ညဘက်ထမင်းစားပြီး ရင် လမ်းမ မှာလူစုပြီး ည ၉ နာရီ နွေရာသီတွေဆို ၁၀ နာရီလောက်အထိ ကစားကြတာ ပြန်တွေးရင် တကယ့်လွမ်းမောဖွယ်ရာပါပဲ။
အောက်ဆုံး တပိုဒ်က ဘယ်လိုကနေ ဘယ်လို ပါလာရတာလဲး)
အဲ လူဂျီးးးးးး သာမီးက ဘလော့ဂ်ပိတ်ထားတယ်လေ ရေးလို့ရဘူးဟ
လူဂျီးနော် ငယ်ကျိုးငယ်နာတွေ ပြန်မဖော်ခိုင်းနဲ့ ဟားဟားးးးးးးးးးးးးးး ရီလိုက်ရ တခွီးးးးခွီးးးးပဲ ဟက်
ပျော်ရွှင်ပါစေနော်
တိတ်ကဲ
သိပ်ကဲခိုင်းတာမဟုတ်ဘူးနော် ဘိုင်
လှည်းကောင်းတစ်စီး လှလှလေး မြန်မြန်ရှာတွေ့ပါစေး)
အင်...မှားပါတယ်။ အကောင်းမှတ်လို့ ဖတ်နေတာ..
သူများကို တက်ထားတယ်။ ဟင့်
တက်ဂ်တာတောင် ကောင်းကောင်းမရေးဘူး ။ မိန်းကလေးပေမဲ့ အင်မတန်မှလက်မြန်၊ခြေမြန်ရှိပြီး အငြိမ်မနေတဲ့ ခရေစီဒွင်း၊ တဲ့...ဟွန်းးးး
ငယ်ဘ၀က ရေးရမယ့်ဟာတွေကတော့ များတယ်...
တွေးလိုက်မိရင် တော့ ခုချိန်ခါမှ ဟာသတော်တော်မြောက်ပါတယ်။ နော့်
လာမယ်ကြာမယ်မျှော်နော်...ဟင့်
စာရေးပျင်းပါတယ်ဆိုမှ တက်ဂ်ပဲတက်ဂ်နေတာပဲ...ဗြဲ..၀ဲ..အဲ..အဲ့...
စာရေးရင် ကောင်းကောင်းေ၇းပါ...ကြော်ငြာတွေက ခဏခဏ၀င်နေတာတော့မကောင်းဘူး ...အဟတ်
လှည်းကြိုးထမ်းဖို့ လှည်းကောင်းကောင်းတစီးရှာတွေ့နိုင်ပါစေဗျာ...အဟားဟား....
ဖွလိုက်ရမလား ..ဒန်တန်းတန်... သိတယ်နော်..သိတယ်... :P
ဖတ်ရင်းနဲ့ ဟီလာတိုက်လာလို့ ခဏရပ် ဖတ်ရတယ်။ အရက်ပျံတဲ့ ပျံလေးသာဖြုတ်လိုက်ရင် အမုန်းဆွဲဦးမယ့်ပုံက..အဲဒီတည်းက လက်စွမ်းပြနေတဲ့သူပဲ ဟားဟား
တိုအိမ်က ဟာသမှာ တော်တော် လက်ပြောင်တယ် :P
ZaunG
ဖတ်ပြီးတော့ ရယ်လိုက်ရတာ။ ကိုအိမ်တို့ကတော့ ရီစရာရေးရင် မလွယ်ဘူးဟေ့။
ငယ်ဘ၀ကတော့ ပြောမနဲ့။ အပျော်ဆုံးပဲနော်။
အဲ..အရယ်ကောင်းလို့ အတပ်ခံရတာပဲ။
ပုလင်းဆိုပြီး ယူလာပေးရင် နောက်ဆို သတိနဲ့သောက်မှ...းD
(အောက်ဆုံးတပိုဒ်က ဖတ်လို့မရဖြစ်နေတယ်ဗျို့... ဘာဖြစ်တယ်ရယ် မသိပါဘူး...)
းဝ)
ငါ့ကို မtag လို့ ဆိုပြီး နည်းနည်းတော့ ၀မ်းသာသွားတယ်။
အတွေး အရေး ကောင်းလေးဖြစ်တဲ့ ငယ်ဘ၀ ပို့စ်လေးကို သေချာ ဖတ်သွားတယ် အစ်ကိုအိမ် ..။
လန်းဖြာပါစေ .။
ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ ....
ညီအကိုနှစ်ယောက်နဲ့ တူတူပျော်သွားပါတယ်ဗျာ ..း)
ရုပ်ရှင် မင်းသမီး ဒေါ်မေနွဲ့ မြေးလား? အခုမသိတယ် ကယ်ပဲ
ဒီတစ်ခေါက်မှ သေသေချာချာ ဖတ်ဖြစ်တယ် အစ်ကိုရေ... အစ်ကိုရဲ့ အရေးအသားတွေကို ဘယ်ဘက်က ကြည့်ကြည့် ချီးကျူးပါတယ်။ မိတ်ဆွေဖြစ်ခွင့်ရတာရယ်၊ ကျွန်တော့်ဆီ တကူးတက လာလည်တာရယ်ကို ကျေးဇူးအထူးတင်ပါတယ်။
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း