မနေ့ကဖြစ်တာလေးပြောပြချင်တယ်ဗျာ။ကံမကောင်းအကြောင်းမလှတော့ ဘလော့သူတွေ ၀ိုင်းပို့တဲ့ကျိမ်စာမိတာလားတော့မသိဘူးဗျာ ရေချိုးခန်းထဲချော်လဲသွားတယ်ဗျ။ဖြစ်ပုံက ရေးချိုးမယ်ဆိုပြီး သားဆိုးရဲ့ရောသမမွှေသီချင်းခွေအကျယ်ကြီးဖွင့်တယ်ပြီးတော့ ရေချိုးခန်းထဲသီချင်းစည်းချက်အလိုက် ဒွန့်ရင်းဝင်သွားတာပေါ့.... အရှိန်လေးကလဲရလာတော့ ဒွန့်ရုံတင် အားမရတော့ဘူး ခုန်ပါခုန်ချင်လာတာနဲ့ ခုန်လိုက်တာ ချော်ပြီးရေချိုးဇလုံဇောင်းနဲ့ တင်းပါးရိုက်ထည့်လိုက်တာ ဆေးထိုးအပ်တုံးတုံးကြီးနဲ့ဆေးထိုးပြီး သေသေချာချာမချေမိရင် ဘာဖြစ်တတ်သလဲ..... အဲဒီအတိုင်းပဲဗျာ။ ဖြစ်ဖြစ်ခြင်း၅မိနစ်လောက်က အသံတောင် မထွက်နိုင်ဘူးဗျာ ခါးပါအစစ်တခြမ်းနာသွားတယ်။အဲဒီလိုဖြစ်တော့ ဘလော့သူတွေ သွားသတိရတယ်.... သူတို့များဝိုင်းကျိမ်စာတိုက်နေကြလို့လားဆိုပြီးတော့ပေါ့ဗျာ။ကိုယ်တိုင်ကလဲကမြင်းတာလဲပါတာပေါ့........
သီချင်းကလဲမြူးစရာ ဆိုင်းကြိုက်တဲ့မောင် ဆိုတော့ဗျာ......။ မနေ့ကမှ အဲဒီသီချင်းနားထောင်တာပါဗျာ အရင်ကဆိုရေးချိုးရင်း လေးဖြူ(သို့)မျိုးကြီး(သို့)တခုခုပေါ့ဗျာ နားထောင်ရင်းရေချိုးနေကြဗျ အံမယ်....ရေချိုးရင်း မာန်ပါလာရင် ရေပန်းကိုမိုက်လိုသဘောထား၊နံရံ၃ဘက်ကို ပရိတ်သတ်ကြီးတွေလို သဘောထားပြီး သီချင်းတွေဘာတွေ အော်ဆိုပစ်တာဗျ ဒိထက်မာန်ပါလာရင်တော့ ကွေးနေအောင်ကိုကပစ်တာဗျ။မနေ့ကမှ ရှည်ပြီးသားစိုးနားထောင်လိုက်ကာမှ ဖြစ်တော့တာပါပဲဗျာ။ ဒါပါပဲဗျာ။
သီချင်းကလဲမြူးစရာ ဆိုင်းကြိုက်တဲ့မောင် ဆိုတော့ဗျာ......။ မနေ့ကမှ အဲဒီသီချင်းနားထောင်တာပါဗျာ အရင်ကဆိုရေးချိုးရင်း လေးဖြူ(သို့)မျိုးကြီး(သို့)တခုခုပေါ့ဗျာ နားထောင်ရင်းရေချိုးနေကြဗျ အံမယ်....ရေချိုးရင်း မာန်ပါလာရင် ရေပန်းကိုမိုက်လိုသဘောထား၊နံရံ၃ဘက်ကို ပရိတ်သတ်ကြီးတွေလို သဘောထားပြီး သီချင်းတွေဘာတွေ အော်ဆိုပစ်တာဗျ ဒိထက်မာန်ပါလာရင်တော့ ကွေးနေအောင်ကိုကပစ်တာဗျ။မနေ့ကမှ ရှည်ပြီးသားစိုးနားထောင်လိုက်ကာမှ ဖြစ်တော့တာပါပဲဗျာ။ ဒါပါပဲဗျာ။
14 Response to ကံမကောင်းအကြောင်းမလှခြင်း
ကိုအိမ်ရေ ညနေတည်းက ကြားတယ်။ ကျတော် add ထားတယ် ရရင် လက်ခံလိုက်ပါဦး။ အမြန်ဆုံးသက်သာပါစေ
အကိုအိမ်ရေ
ကိုအိမ်တို့ဖြစ်ရလေခြင်းဗျာ...တော်သေးတာပေါ့နောက်ပြန်လဲကျလို့...မှောက်ယက်များကျရင်တော့မတွေးဝံ့စရာပဲ
မောင်လေးရေ... ဖြစ်ရမယ် ခုန်ပေါက်ရအောင် ကလေးလည်းမဟုတ်တော့...ဟွန်း
နိုင်အောင် မတိုက်လို့ ဖြစ်မယ်ဗျ
:P
သူများတွေ အားရအောင် ဘာလို့ ပြောတာတုန်းဗျ လွှတ်ထားပေးလိုက် ဆက်တော့မလွဲနဲ့  ခေါင်းကွဲနေတယ်း) တွံတေးသိန်းတန် နဲ့ ဟစ်ရင်ကော ကောင်းမလားလို့  ။
အကိုအိမ်ရေ...
နောက်တစ်ခါဆို သားစိုးနဲ့ဒွန့်မယ်ဆို ဦးစိုင်း(ဒဏ်ကြေလိမ်းဆေး)ဆောင်ထားပေါ့လေ...
ဘလော့သူတွေ ပို့သတဲ့ မေတ္တာကြောင့် ခုတော့ သက်သာပြီဟုတ်...
နဲတောင်နဲသေးတယ် ဟေး
နဲတောင်နဲသေးတယ် ဟိဟိ
နောက်တာနော်..
မြန်မြန်ပြန်ကောင်းပါစေကွယ်.. :)
ကောင်းတယ် ၀မ်းသာတယ် . နဲတောင် နဲသေးတယ်... မှတ်ပြီလား..
ှဆရာရေ..
သက်သာရဲ့ လား ?
ဂရုစိုက်ပါဗျာ...
ခုရောဘယ်လိုနေသေးလဲ.သက်သာရဲ့လား.နေကောင်းအောင်နေ.ကိုယ်ဘာသာကိုယ်ကဲလို့ဖြစ်တာကို သူများတွေကို ပြောနေပြန်ပြီ.ဆေးခန်းသွားလိုက်ဦးနော်.
သက်သာရဲ့လားကိုအိမ်၊ ကျိန်စာမိလို့ ဖြစ်တာဆိုရင်၊ ခုမေတ္တာဝိုင်းပို့ပေးနေပြီလေ( တကယ့်မေတ္တာပို့တာပြောတာနော်၊ ရွဲ့တာဟုတ်ဘူး)၊ ကောင်းတော့နော်
ဟဟ မောင်အိမ်..
ရုပ်ကြည့်တော့ အခုလိုပေါမယ့်ပုံတကယ်မပေါက်ဖူး.ဟီး
မထင်ရဘူး.း)
ညီလေး သက်သာရဲ့လား။ တော်ကြာ ၃ ယောက်ဝိုင်းငိုနေမှ.. ဟာ ဟ
ဂွတ် .. အဲ ဟုတ်ပါဝူး
သက်သာပလား...
ဆိုင်းကိုအဲလောက်တောင်ကြိုက်ရသလားရှင့်
ထမင်းမေ့ဟင်းမေ့ကနေကြနဲ့တူပါတယ်
သက်သာပါစေရှင်
နောက်တစ်ခါတော့ သတိနော်
တစ်ခါဆိုမှတ်ရောပေါ့
ရေချိုးခန်းဝင်ခါနီး စာရွက်လေးချိတ်ထားလိုက်
“ ငါချော်လဲဖူးတယ် မကနှင့် ” လို့ :P
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း