ဆံခြည်ပင် ဆယ်ပင် စီထားတာကို နှမ်းတစ်လုံး၊
နှမ်းခြောက်လုံးကို မုယော တစ်လုံး၊
မုယောလေးလုံးကို တစ်လက်သစ်၊
လက်ရှစ်သစ်ကို တစ်မိုက်၊
သုံးမိုက်ကို တစ်တောင်၊
လေးတောင်ကို တစ်လံ၊
ခုနှစ်တောင်ကို တစ်တာ၊
တာနှစ်ဆယ်ကို တစ်ဥဿဘ၊
ဥဿဘနှစ်ဆယ်ကို တစ်ကောသ၊
လေးကောသ၊ တစ်ဂါဝုတ်၊
လေးဂါဝုတ် တစ်ယူဇနာ ....။
နှမ်းလုံးတို့၊ မုယောတို့ အမြင်ဖူးရင် လူကြီးတွေသာ မေးကြည့်ပေတော့။
သစ်၊ မိုက်၊ တောင်၊ လံ၊ တာ၊ ဥဿဘ၊ ကောသ၊ ဂါဝုတ်၊ ယူဇနာတွေ မသိရင်လဲ လူကြီးတွေသာ မေးကြည့်ပေတော့ ... ကိုယ်တိုင်လဲ မသိလို့ ပြောနေရတာလေ ...။ သိရင်တော့ ပြောပြမှာပေါ့ ...။

1 Response to မြန်မာတို့၏ ကိုယ်ပိုင် အတိုင်းအထွာနှင့် ခရီးအကွားအဝေးများ
ဆံပင် ဆယ်ပင်က အလျှားလိုက် စီတာလား အနံလိုက် စီတာလားဟင်... နောက် တဂါဝုတ် တို့ ယူဇနာ တို့ ဆိုတာလဲ မြန်မာ အသုံးအနှုန်း ဟုတ်ဘူး ထင်တယ် အဲဒါတွေက ဇာတ် နိပါတ် ပါဠိ တွေထဲက အသုံးအနှုန်းတွေလို့ ထင်တာပဲ .. ငါလဲ မသိဘူး သိချင် လူကြီးတွေ သွားမေး :P
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း