ကိုယ်တိုင်ခံစားရနေတာလေး ပြောပြချင်လို့ဒီစာရေးဖြစ်တာပါ။ ဒီလိုဗျ ဘလော့တော်တော်များများကို
လျှောက်လည်ကြည့်တော့အားလုံးလိုလိုက ပညာတတ်တွေချည်းပဲဗျ။အခုလိုပညာတတ်တွေခြားထဲမှာ ဘလော့ရေးနေရတော့ အမည်မသိ ဝေဒနာလေး ခံစားရတယ်ဗျ။ င်္ဟသာတွေကြားထဲ လင်းတနားနေသလို
မျိုးကိုယ့်ကိုကိုယ်ထင်မိတယ်။အားလုံးလိုလိုက နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတဲ့သူနဲ့၊ ကုမ္ပဏီတွေမှာအလုပ်
ကြီးအကိုင်ကြီးတွေလုပ်နေကြတာဆိုတော့ကျနော့်လို အောက်ခြေသိမ်းလုပ်နေရတဲ့သူအတွက် အမည်မသိ
ဝေဒနာလေးခံစားမိတာ မဆန်းပါဘူး။
ဖြစ်ပြီးသွားတာတွေကို မလွမ်းတတ်တာကျနော့်သဘာဝပေါ့ဗျာ။ဒါပေမဲ့ စိတ်တော့ဘယ်တော့မှ မလျှော့ဘူး။
ကိုယ်လုပ်ချင်တာတွေလုပ်ခဲ့ရတဲ့အတွက် နောင်တမရတာတော့အမှန်ပဲ။ဒါပေမဲ့ အခုလိုပညာတတ်တွေမြင်တွေ့
နေရတော့ လေးစားအားကျမိတာလဲအမှန်ပဲ။အဲဒီစိတ်လေးဖြစ်မိတော့ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်............
ငါသူတို့လို ကြိုးစားနိုင်ပါ့မလားဆိုပြီးတော့ပေါ့ အဲဒီမေးခွန်းမေးမိတိုင်း ကိုယ့်ဟာကိုယ် ပြန်မဖြေနိုင်ပြန်ဘူးဗျ။
ပညာမသင်ချင်တော့လို့ ဒီဘ၀ထဲရောက်အောင်ကူးခဲ့တာဆိုတော့ အဖြေမရှိတာ မဆန်းပါဘူးနော်။
ခက်တာက ကိုယ်တိုင်က ဘာဖြစ်ချင်မှန်းမသိတာဆိုးတယ်ဗျ။ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ မျောက်သစ်ကိုင်းလွတ်
သလိုဖြစ်နေတာဗျ။သင်္ဘောဆိုလဲအားလုံးမသိပေမဲ့ တီးမိခေါက်မိတော့ရှိတယ်။ကားဆိုလဲ ၈၀ရာခိုင်နှုန်းလောက်
နားလည်တယ်၊ ကွန်ပျုတာဆိုလဲ၄၀ရာခိုင်နှုန်းလောက်သိတယ်၊အိမ်ပြုပြင်နည်းလဲတီးမိခေါက်မိရှိတယ်၊
လျှပ်စစ်အကြောင်းလဲသာမာန်လူတစ်ယောက်ထက်တော့ နားလည်တာအမှန်ပဲ၊တော်ရုံပျက်တဲ့စက်ပစ္စည်းတွေ
လဲ ပြင်တတ်ပြန်ရော၊ အခုလဲလာပြန်ပြီ သစ်ပင်ပန်းမန်တွေအကြောင်း လေ့လာရပြန်ပြီ အလုပ်နဲ့ပတ်သက်
နေတော့ မသင်လို့ မဖြစ်ဘူးလေ။ တခါတလေတွေးမိတယ် ငါဘာကောင်လဲ ငါဘာတတ်သလဲ အဲဒီလိုကိုယ့်ဟာ
ကိုယ်မေးမိတိုင်း ဘာအဖြေမှမထွက်ဘူး။သူများတွေလို အခုခုကို တစိုက်မတ်မတ်မလုပ်ချင်တာတော့ မဟုတ်ဘူး
အခြေအနေအရ အားလုံးကိုသေသေချာချာမလေ့လာဖြစ်တာဗျ။ကျနော်ဟာ အလုပ်ကိုမလေးစားတာ၊လူ့ဘော်
ကျော့မဟုတ်တာတော့လုံးဝကျိမ်းသေတယ်။ပြောပြခဲ့တဲ့ ကျနော်တတ်တာတွေအားလုံးဟာ ဘယ်သူ့မှသင်ပေးခဲ့
တာမဟုတ်ဘူးဗျ ကိုယ့်ဟာကိုယ်စမ်းသပ်ကလိရင်းသိလာတဲ့ အရာတွေချည်းပါပဲ တကယ်ပါမယုံမရှိပါနဲ့ ဘယ်
သူမှကိုမသင်ပေးခဲ့ပါဘူး။ သင်္ဘောအလုပ်နဲ့သစ်ပင်ပန်းမန်တွေအကြောင်းကလွဲလို့ပေါ့။ ဘ၀ကိုအဲဒီလိုရုန်းကန်
နေရလို့လားတော့ မသိဘူးဗျ ဘယ်ဟာဖြစ်ဖြစ် သိလွယ်တတ်လွယ်တာလဲအမှန်ပဲဗျ။
ဆိုတော့...... ကျွန်တော်ဟာတကယ်တော့ တောမရောက်တောင်မရောက်နဲ့မျောက်သစ်ကိုင်းလွတ်တဲ့သူတစ်
ယောက်ပေါ့။
ကြံဖန်ပြီးဂုဏ်ယူချင်ရင်တော့ ကျနော်ဟာ၁၉နှစ်သားကထဲက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး မိဘကိုကိုယ့်
ရဲ့ရတဲ့လစာနဲ့ ကန်တော့နိုင်ခဲ့တယ် ဆွေမျိုးတွေကို တတ်နိုင်သလောက်ပေးကမ်းခဲ့တာ အခုထိပဲဆိုပါတော့။
အဲဒီအရွယ်ကထဲက မိဘဆီကလက်ဖြန့်မတောင်းခဲ့တာလဲယနေ့အထိပဲပေါ့။
ကျွန်တော်လဲပညာတတ်ဖြစ်ချင်တာပေါ့ သူတို့လိုပဲ အဲကွန်းအောက်ထိုင်ပြီးလုပ်ချင်တာပေါ့
ဒါပေမဲ့ဗျာ........... ................................
ဘလော့ရေးတာရပ်လိုက်ရင်ကောင်းမယ်ထင်တယ်နော် ဆင်ဖြူ့မျက်နှာ ဆင်မဲမကြည့်ဝံ့သလိုခံစားနေရလို့ပါ။
Monday, December 22, 2008
Subscribe to:
Post Comments (Atom)
34 Response to ဟိုမရောက်ဒီမရောက်တဲ့ကျွန်တော်
ဦးဦးအိမ်… ဘာတွေလျှောက်ပြောနေတာလဲ။ ပညာတတ်ဆိုပြီး မိဘဆီက ပိုက်ဆံတောင်းနေရတာထက် ၁၉နှစ်သားကထဲက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး မိဘကိုကိုယ့်
ရဲ့ရတဲ့လစာနဲ့ ကန်တော့နိုင်ခဲ့တာက အများကြီးသာတာပေါ့။ နောက်ပြီး ပညာတတ်ဆိုတာ ဘာကိုခေါ်တာလဲ။ နာမည်နောက်က အမြီးလား???။ ဘ၀မှာ တခြားသူတွေကို ဒုက္ခပေးလိုစိတ်မရှိဘဲ ကိုယ့်ကောင်းကျိုး… ကိုယ့်မိသားစုအကျိုး…. ကိုယ့်ဆွေမျိုးအကျိုး… ကိုယ့်နိုင်ငံအကျိုး… ကိုယ့်ကမ္ဘာလောကကြီးအကျိုးကို နည်းနည်းလေးဖြစ်ဖြစ်ဆောင်ရွက်သွားနိုင်တဲ့သူကမှ ပညာတတ်တာပါ။ မင်္ဂလာဆောင်မှာ နာမည်နောက်က အမြီးရှည်ဖို့သက်သက် ပညာတတ်နာမည်ခံတာက အဓိပ္ပာယ်မရှိပါဘူးဗျာ။ အဲဒီတတ်ထားတဲ့ပညာကို ဘယ်လိုအသုံးချမလဲလို့ စဉ်းစားဆုံးဖြတ်တာကမှ တကယ့်ပညာပါ။ နောက်ပြီး အသက်မွေးဝမ်းကျောင်းပညာကလည်း ပညာပဲ မဟုတ်လား။ ဘာဆိုင်လို့ ဘလော့ရေးတာ ရပ်ရမှာလဲ။ (အဲ…. ပြောမယ်ဆိုရင် ဘလော့ရေးတာလည်း ပညာပဲလေ။ :P)
ဘလော့ ရေးတာ ရပ်တယ်ဆိုတာ
နောက်ဆုံးအဆင့်မှလုပ်ရမဲ့ အလုပ်..
နောက်ပြီး ခင်ဗျားလည်းသိသားနဲ့..
ပညာဆိုတာ ကအမျိုးမျိုးရှိသေးတယ်..
ဘွဲ့လား.. အသက်မွေးဝမ်းကြောင်းပညာလား..
knowledge လား.. information လား.. wisdom လား..ဘာလားညာလား..
ကျနော်က ခင်ဗျားကို အားကျနေတာ...
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တယ်.. လွတ်လပ်စွာ နေနိုင်တယ်...
နောက်ပြီး ခင်ဗျားတတ်တဲ့ ပညာတွေကို ကျနော်သိချင်တတ်ချင်ခဲ့တာ.. ခုထိ ကားပြင်ဖို့ မပြောနဲ့ ဆိုင်ကယ်တောင် မစီးတတ်ဘူး..
ဟာဒါတွေ မပြောနေပါနဲ့.. မိတ်ဆွေတစ်ယောက်အနေနဲ့ စိတ်ဓာတ်မကျဖို့ ပဲပြောချင်တယ်..
ချဗျာ..ပျော်ပျော်နေ.. ပျင်းရင် လက်ဘက်ရည်ဆိုင်သွားမယ်.. လိုက်မလား..
:P
ပြောစရာတွေ များလာတယ်။ ကျနော်လည်းဒီအကြောင်းရေးဖို့ အစီအစဉ်ရှိတယ်။ အခုဒီမှာကြိုပြီး ချခဲ့တယ်ဗျာ။ ဘလော့ဂ်တွေပေါပါတယ်။ ဒါ့အပြင် အခြားဝဘ်ဆိုဒ် ချက်စ်ခန်းဖိုရမ် တွေလည်းပေါတယ်ဗျာ။ အဲ့ဒီ့မှာဆိုရင် ဆွေးနွေးထားလိုက်ကြတာ အားရစရာပါပဲ။ လေ့လာလို့မကုန်နိုင်ဘူး။ နောက်ပြီး ဘလော့ဂ်ရေးခြင်းဖြင့် စာအရေးအသားလည်းကောင်းမွန်လာကြတယ်။ တိုးတက်လာကြတယ်။ ဘဝအခြေအကြောင်းအမျိုးမျိုးကြောင့် ဝါသနာအလျှောက် အပြင်မှာ စာရေးဆရာမလုပ်ဖြစ်ခဲ့ပေမယ့် ဘလော့ဂ်ဂါတော်တော်များများဟာ စာအရေးအသားကောင်းတဲ့ ရွက်ပုန်းသီးလေးတွေဖြစ်နေတာကိုလည်း တဖြည်းဖြည်း လေ့လာရင်းတွေ့မိတယ်။ ကိုယ်မသိတဲ့ အတွေးအခေါ် ဗဟုသုတတွေရတယ်။ နောက်ဆုံး အဓိကတစ်ခုကတော့ ဘယ်မှာမှ မရှိနိုင်တဲ့ အမှန်တရားတွေကို ဘလော့ဂ်တွေမှာ လာတွေ့ရတယ်။ လွတ်လပ်စွာတွေးကြ ရေးကြတယ်။ ကျွန်တော်လည်း ကိုအိမ်ရဲ့ဘလော့ဂ်ကိုရောက်လာတိုင်း ပေါ့ပေါ့ပါးပါးနဲ့ စာအရေးအသားတွေထဲက အတွေးတွေရခဲ့တာချည်းပဲ။ တစ်ခုကျန်ခဲ့တာချည်းပဲ။ အကျိုးဖြစ်ထွန်းတဲ့ဘလော့ဂ်တစ်ခုပါဗျာ။ ဒါကြောင့် လုပ်ချင်တာကို မရပ်နဲ့ဗျို့။ ကိုယ်ထင်ရာကိုယ်လုပ်နေကြတာ လူ့ဘဝလို့ အော်တဲ့ စိုင်းစိုင်းသီချင်းလိုပဲ။ လူတိုင်းဟာ ကိုယ့်ဘဝကို ကိုယ်တိုင်စိတ်တိုင်းကျ ပုံဖော်ထုဆစ်နေကြရတာပါ။ စိတ်တိုင်းကျသာ ဆက်လုပ်ဗျာ။ တောင်ပေါ်ကို တက်နေရတဲ့ ခရီးသည်တွေလိုပါပဲ။ မောလို့ကျန်ရစ်နေခဲ့တဲ့ ကိုယ့်အောက်က လူတွေလည်း မနည်းဘူးလေ။ ပြန်ငုံ့ကြည့်လိုက်တော့ ဖြေသိမ့်နိုင်ပါတယ်။ အားနွဲ့သူကို ဖေးမကူညီ လက်တွဲခေါ်သွားတာပေါ့ဗျာ။ အထက်ကိုလည်း တဖြည်းဖြည်းတက်သွားကြတာပေါ့ဗျာ။ တစ်ပျော်တပါးကြီးပေါ့။ ဟုတ်ဘူးလား။
ဘယ်လို ကိုအိမ် ဘာတွေ ဘယ်လိုဖြစ်တာလဲဗျ
ဟား ဟား ဒါက ကျတော်ကိုယ် ကျတော် လှော်ရီတာဗျ
ကျတော် အခု ၂၄ပြည့်ပြီ ကျတော် ရှာတာ
အဖေနဲ့ အမေအတွက် ၀မ်းဆက် တစ်စုံစာလောက်ပဲရှိမယ်ဗျ။
အခုဘာတွေ စိတ်ဓာတ်ကျနေလဲဆိုတော့
ပိုက်ပိုက်ရှာမရတာ ဒါပေမဲ့ ဘေးမှာ ကျတော်ကို
ချစ်တဲ့ ခင်တဲ့ ဘလော့မောင်နှမတွေက အားပေးနေလို့
အခုထိ ဘလော့ပေါ်မှာ ရက်တည်နေတာ
ကျတော်မှာ အကိုလို ဟိုစပ်ဒီစပ်တောင်မရဘူး။
အခု ကျတော်လဲ စိတ်ဓာတ်ကျနေလို့ အိမ်လျှောက်ပြင်နေတာ
အကိုပြောတဲ့ ပညာတတ်ဆိုတာ ဘာကိုပြောတာလဲ
နေ့အိမ်မက်နဲ့ အကိုအလှတရားပြောတဲ့ အမြီးရှည်တာလား
ဒါဆိုရင်တော့ ကျတော်လဲ ပညာတတ်မဟုတ်သေးဘူးဗျ
အမြီးတိုနေသေးလို့
အကိုဖာသာ တစ်ယောက်တည်း တွေးနေရင်
ပိုဆိုးမယ် ကိုယ်ဖာသာ ဘလော့လေးလည်လိုက်
စာလေးရေးလိုက်ဆို အဲ့တာတွေမတွေးမိလောက်ဘူးထင်တယ်။
အကိုတို့လို အလုပ်ရှိတဲ့သူတွေ ကိုယ်ပိုင်ဝင်ငွေရှိတဲ့သူတွေ
စိတ်ဓာတ်ကျရင် ကျတော်တို့လို ၀င်ငွေ တပြားမှမရှိပဲ
သုံးချင်လို့ ဘယ်လိုမျက်နှာနဲ့ ပိုက်ဆံတောင်းရမလဲ
မသိတဲ့ လူဆို စဉ်းစားသာကြည့်ပေါ့
ကျတော်တော့ ဘယ်လောက် စိတ်ညစ်ညစ် စိတ်ဓာတ်ကျကျ
ဘလော့မောင်နှမတွေနဲ့ စကားပြော အိမ်လည်နေရင်
စိတ်ထဲမှာ သိပ်မခံစားရသလိုပဲ အဲ့အကြောင်းတွေ မတွေးမိတော့ဘူးလေ ကျတော်လည်း ပိတ်ဖို့ စဉ်းစားမိဖူးတယ်
ပိတ်လည်း ပိတ်ဖူးတယ် ဒါပေမဲ့ ၆ နာရီပဲကြာတယ်။
အားလုံး ၀ိုင်းဆူတယ်။ ၀ိုင်းပြီး ပြောကျတယ်
မပိတ်ဖို့ပေါ့ အဲ့တုန်းက အိမ်တောင်မပြင်တတ်သေးဘူး
ဒါနဲ့ အိမ်ဝိုင်းပြင်ပေးတယ် ဘန်နာတွေ ၀ိုင်းလုပ်ပေးတယ်။
ကိုယ်စိတ်ညစ်တာ ဒီဘလော့လေးနဲ့ ဘာမှမဆိုင်ဘူးလေ။
အခုဆို ကျတော်ပိုဆိုးတယ်။ အိမ်မှာ PCက ၁လုံးပဲရှိတယ်။
နောက် PC ၀ယ်ချင်တာ ပိုက်ပိုက်မရှိတာ့ မ၀ယ်နိုင်ဘူးလေ။
အလုပ်ကလဲ ရှာမရ ည အကိုတို့အိပ်တော့မှ သုံးရတယ်။
ကဲဒါတောင် ကျတော် စိတ်မကျပဲ အိမ်ရအောင်ပြင်တယ်။
စာရအောင်ရေးတယ်။
ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဘလော့ မပိတ်တော့ဘူးလို့တော့ ခံယူထားတယ်။
အခက်ခဲရှိလို့ မအားရင် မအားမယ်။
ပိတ်တော့ မပိတ်ဘူးလို့ ခံယူထားတယ်။
ကျတော့ ကောမန့်ရှည်သွားတယ်။
ဆောတီးအကို အိမ်ရေ
ဘာပဲ ဖြစ်ဖြစ် ဘလော့တော့ မပိတ်စေချင်ဘူး အကိုအိမ်
နားချင်ရင် အချိန် အတိုင်းတာ တခုတော့
အေးဆေး စဉ်းစားပြီး နားပေါ့ဗျ
ဘလော့တော့ မပိတ်ပါနဲ့ဗျ
ကျတော် လည်စရာ တအိမ်လျော့သွားမှာပေါ့
ခင်မင်လျှက် ဖိုးဂျယ်
အဲ့ဒီလိုရီစရာတွေတော့မရေးနဲ့ဗျာ...ဆရာသမားရယ်..
ပြီးရင်အားလုံးကမြေကြီးထဲကို ဘဲအတူတူသွားရမှာကိုများ..
“ဆွေမျိုးတွေကို တတ်နိုင်သလောက်ပေးကမ်းခဲ့တာ ”
ကိုတော့စိတ်ဝင်စားတယ်ဗျ..
ဆွေမျိုးမြန်မြန်တော်လိုက်ရအောင်..
မယားညီအစ်ကိုပြောပါတယ်..
ပိုက်ဆံချေးမလို့....
ခံစားချက်တွေတူနေလို့..
ကျွန်တော်ရေးခဲ့တဲ့ကဗျာလေးဖတ်ကြည့်ပါ..
“မျှော်လင့်ချက်”
ဖြစ်ခြင်တာတွေ..မဖြစ်တဲ့ဘဝ..
ရွှေမရှိတဲ့ ..ဘဝ..
ငွေမရှိတဲ့ ..ဘဝ..
.....
ဘာလို့ များ..လူလာဖြစ်နေသေးလည်း..
ငါ့ကိုယ်ငါတောင်စဉ်းစားလို့ မရ..
.....
အင်း...
ဘာဘဲပြောပြော...
ဒီဘဝမှာတော့...ရှုံးပြီးသားဘဲ......
.....
နေရသလောက်...ပျော်ပျော်နေ
ပြီးကြရင်...ပျော်ပျော်သေ.......
.....
ဒီလို နဲ့ ...
နောက်ဘဝကိုဘဲ....မျှော်တော့မယ်.....
တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ သွားပါသည်
စိတ်ဓာတ်မကျစေလိုပါ
း)
အိမ်ရေ..
ဒီတခါတော့ အတည်တွေရေးနေတာပေါ့..ဟတ်ဟတ်
အိမ်ရဲ့စာလေးတွေဖတ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်နေနိုင်တဲ့ ဘ၀ကို အားကျပါတယ်၊ ဂုဏ်ယူနေခဲ့
ပါတယ် မောင်ငယ်အိမ်။
အသက် ၁၉ နှစ်ကတည်းက ကိုယ့်ဘ၀ကိုယ်ရပ်တည်ပြီး
မိဘ၊ဆွေမျိုးတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ကျွေးထောက်ပံ့နိုင်ခဲ့တာ မောင်လေးတော်လို့ပေါ့
ကွယ်။
အစ်မလည်း ကိုယ်ပိုင်အလုပ်ကို အသက် ၂၇ နှစ်မှာ
စလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းလေး နောက်တော့
ရေးပြပါဦးမယ်။
မိဘတွေကို ထောက်ပံ့ကျွေးမွေးနိုင်တာ ဂုဏ်ယူပါတယ်
မောင်လေးရေ။
ပျော်ပျော်ရွှင်ရွှင် ဆက်လက် ဘလော့ဂင်နိုင်ပါစေ။
အိမ်ရေ ဘာတွေ ဖြစ်နေတာလဲ
တီညခင်းရှိလာလည်များလို့ ညခင်းတောင်မှတ်မိနေပါပြီ
ဒီလောက် အရည်အချင်းတွေ ရှိနေတာ...ညခင်းတို့ ရှက်ဖို့ ထားပါဦး...
အရေအတွက် ထက် အရည်အချင်းရှိဘိုလိုပါတယ်
လူတွေမှာ ပညာတက္ကသိုလ်က ပေးတဲ့ အသိ သာများကြတာ
ဘ၀ တက္ကသိုလ်က ပေးတဲ့ အသိ မရှိကြတာများပါတယ်...
ဘ၀ တက္ကသိုလ်က ပေးတဲ့ အသိ က ဘာနဲ့မှ ယှဉ်လို့မရပါဘူး။အိမ် မှာ ၂ခုစလုံးပြည့်စုံပါတယ်။
ကြိုးစားထား...
ဘလော့လေး လုပ်ဖြစ်တဲ့အတွက် လဲ အမတန်မှ ကောင်းမွန်တယ် ကိုယ့်အသိ သူ့ အသိ မျှဝေ နေကြတာ...ညခင်းတော့ တန်ဖိုးထားတယ်...အိမ်လဲ တန်ဖိုးထားနိုင်ပါစေ...လို့ ဆုတောင်းရင်း...
ခင်မင်တဲ့ တီညခင်း။
ဘာမှ အားမငယ်နဲ့ ဘလော့်မောင်နှမတွေအားလုံး လို့ သဘောထားလိုက် အဲဒါဆို အတူတူပဲမောင်လေး
ဆက်လုပ် ...
ဆုံးတဲ့အထိ ဖတ်နေတာ ဘလော့ရပ်မယ်ဆိုတာတွေ့တော့ ဘုရားတမိတယ်
အကိုအိမ် ..
အကိုအိမ်က တော်ပါတယ်... အရွယ်ရောက်ပေမယ့် အသက်၂၀တောင် မပြည့်သေးဘူး မိဘ၊ဆွေမျိုး တွေကိုထောက်ပံ့ပေးနေနိုင်ပြီ ...
ဒါလေးစားရမှာပါ.... အကိုအိမ်ရထားတဲ့ ကုသိုလ်တွေကလည်းနဲမှာမဟုတ်ဘူး...
ပြီးတော့ အကိုအိမ် မသင်ပဲနဲ့တတ်ထားတဲ့ပညာတွေက အများကြီး အဲဒါတော်တာပေါ့လို့
တော်တဲ့လူထက် ပိုတော်တဲ့လူရှိပါတယ်
ဒါပေမယ့် အဓိက ကစိတ်ပါပဲ.... ကိုယ်လဲကြိုးစားနေတဲ့သူတစ်ယောက်လေ
ပြီးတော့ အကိုအိမ်လုပ်နေတဲ့ အလုပ်တွေကို နောင်တမရဘူးဆို...
အကိုအိမ်ကြောင့် ပုလဲတို့လည်း ပျော်ခဲ့ရတယ်
နွေးထွေးတဲ့ ဒီဘလော့လေး ပျော်စရာလည်းကောင်းတယ်
ပိတ်ချင်စိတ်တော့ မရှိပါနဲ့ဦး
အကိုအိမ်ကို ကျေးဇူးတင်ပါတယ်
ပုလဲကိုယ်တိုင် ကြိုးစားဖို့လိုတယ်ဆိုတာကို နားလည်ခဲ့လို့ပါ
အကိုအိမ်.... ကိုယ်က အရှေ့ကို ကြိုမြင်နိုင်တာမဟုတ်ဘူး ဒီလူကဒါနဲ့အောင်မြင်ပြီး အကိုအိမ်ကလည်း တစ်ခုခုနဲ့အောင်မြင်မှာပဲလေ
စကားတော့ သိပ်မပြောတတ်ဘူး... အမှားပါရင်ခွင့်လွှတ်ပေးနော်.....
ဘလော့ကိုမပိတ်စေချင်တာကတော့ အမှန်
ဒါပေမယ့် အကိုအိမ်ရဲ့ဆုံးဖြတ်ချက်ကိုလဲလေးစားပေးပါ့မယ်
အကိုအိမ် အဆင်ပြေပျော်ရွှင်ပါစေနော် :)
အကိုရေ ဘာတွေ စိတ်ဓါတ်ကျနေတာလဲ ကျနော်တို့ အားလုံး တူတူပါပဲ အကိုရ ဘာမှ စိတ်ဓါတ်ကျစရာ မလိုပါဘူးဗျာ ဘယ်သူမှ ပညာဆိုတာ တတ်တယ် မရှိပါဘူးအကိုရာ သင်နေရတယ်ပါ။ အကိုဆို ကျနော်တို့ထက်တောင် သာသေး ၁၉ နှစ်သားလောက်ထဲက အိမ်ကို ထောက်ပံ့နေနိုင်ပြီလေဗျာ ကျနော်တို့ ကအိမ်ကတောင်းတုန်းအကိုရ ။ အကိုဆို အကုန်လုပ်တတ်တာပဲ ကြည့်ဦး ဘယ်သွားသွား ဘယ်ရောက်ရောက် ဒုက္ခ ရောက်ဖို့ မရှိဘူးအကိုရ ကျနော်တို့သာ တခုမရ တခု မလုပ်တတ်တော့ ဒုက္ခရောက်သေး အကိုရေ ။။။။။ ဘာမှ အားမငယ်နဲ့ တကယ်တမ်း ဘလော့ဂါဆိုတာတွေ အထင်မကြီးနဲ့ အကိုရ အားနေလို့ လျှောက်ရိုက်နေကြတယ် သဘောထား ဟဲဟဲ
တော်လိုက်တာ အသက်၁၉နှစ်မှာမိဘကိုထောက်ပံ့နိုင်ပြီ.အဲ့ဒီအချိန် ကိုယ်တွေမှာဘာမှနားမလည်ဘူး.ဒါကတင်တော်တော်ကို အားကျဖို့ကောင်းနေပြီ.ကိုအိမ်က အိမ်မက်တို့ထက် မိဘကိုလုပ်ကျွေးဖို့ အခွင့်အရေးစောရခဲ့တာ ဘယ်လောက်ကောင်းလဲ..ဘာမှအားမငယ်နဲ့.ရောက်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစား.ဘလော့ဒ်ကိုတော့ပိတ်လို့မရဘူးနော်.
တစ်ခါတစ်လေမှာ ဖြစ်ပေါ်တဲ့ ခံစားမှုပါ။ ဖြစ်လာတဲ့ခံစားမှုက ကိုယ့်ကိုအနိုင်မယူပါစေနဲ့။ လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်မှာ ပျော်ရွှင်နေရင် အောင်မြင်တဲ့လူတစ်ယောက်ဘဲ။ ဘလော့ကိုလည်း ဆက်မရေးဘဲမနေပါနဲ့နော်။ ကိုအိမ်ရဲ့ဘလော့ကိုဖတ်ရတာ စိတ်ပျော်ရွှင်ဖို့ကောင်းတယ်.. ဒီပို့ကလွဲလို့ပေါ့ ... ဘာမှစိတ်ဓာတ်မကျနဲ့နော်... အားပေးမဲ့ မောင်နှမတွေရှိတယ်။
အကို
ခုမှလာလည်ဘူးတာပါရှင်
စကားလေးတစ်ခွန်းတော့ပြောခဲ့မယ်နော်
အကိုအလှတရားပြောသလိုပါဘဲ
ပညာဆိုတာဘာကိုပြောတာလဲ
သင်သိသည်။သို့ သော်ကျွန်မ မသိပါ
ကျွန်မသိသည် သင်မသိပါတဲ့
ကောင်းသောနေ့ များပိုင်ဆိုင်နိုင်ပါစေ
အင်း မိဘကိုလုပ်ကျွေးနေတဲ့သားလိမ္မာလေးတစ်ယောက်ကိုး....
သာဓုသာဓု..နော်.... :)
ဒါနဲ့ အခုတလော မရောက်တာကြာလို့ ဘာတွေဖြစ်နေတာလဲ.. ဘာလို့စာရေးတာရပ်မယ်လို့ပြောတာလဲ... :)
ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါစေ... ပျော်ရွှုင်ပါစေ... စာရေးတာတော့မရပ်ပါနဲ့နော်.. တော်နေ မက်မက်နောက်ပြောင်ရမယ့် သူငယ်ချင်း မရှိမှာစိုးလို့....... နော်နော်....
ဘလော့ခ်မလည်တာကြာသွားတာနဲ့ဘီလိုတွေဖြစ်ကုန်တာလဲကွ
အဲ့လိုတော့ဘလော့ခ်မရပ်လိုက်ပါနဲ့လေ နော် မီးမီးလဲဘွဲတောင်ရတာမဟုတ်ဘူး အဲ့လိုတွေလျှောက်ပြောနေရင် မီးမီးချိတ်ညစ်တာပေါ့လို့
ပျော်ပျော်နေစမ်းပါမောင်လေးရယ်
မရောက်တာကြာတော့ အိမ်တစ်ယောက် ဘာတွေဘယ်လိုဖြစ်ရပြန်တာလဲ မျက်စိလည်သွားတယ် ။ ညီလေးရေ ( ကိုယ့်ထက်ငယ်မယ်ထင်ပါတယ် ) ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ညီလေးကို ကိုယ်တကယ်ပဲ လေးစားခင်မင်မိပါတယ် ။ ဘာမှမဆိုင်တာတွေတွေးပြီး မိတ်ဆွေတွေနဲ့ဝေးမသွားစေချင်ဘူး ။ အဆင်ပြေပျော်ရွှင်ပါစေကွာ ။
ဘာတွေလျှောက်တွေးနေတာလဲ..
ပညာဆိုတာသတ်မှတ်ချက်တခုပဲဟာ
ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ့်တာဝန်ကျေပီး
ကိုယ်ပျော်နေတတ်ဖို့ပဲလိုတာပဲလေ..
လောကကို အပျော်သဘောနဲ့ကြည့်
နေတတ်ရင်ငပလီပဲ
ကိုယ့်ထက်မြင့်တဲ့သူတွေကြည့်ပီး စိတ်မညစ်နဲ့
ကိုယ့်အောက်မှာ ကိုယ်လိုမဖြစ်သေးတဲ့သူတွေ အများကြီး
လူတိုင်း အကုန်မတတ်ဘူး...
လျှောက်မတွေးနဲ့နော်။ လုပ်စ၇ာရှိတာဆက်လုပ်ပါ။
အယ်....တူတူပဲကို ကျနော်ဆို ကိုအိမ့်ထက်တောင် ဆိုးသေး ဒါပေမယ့် ဘယ်တော့မှ အားမငယ် ကိုယ့်ထမင်း ကိုယ်ရှာစားနေတာပဲ ပညာတွေတက်တာ ပိုက်ဆံတွေချမ်းသာတာတွေကို အာရုံထဲတောင်မထားကျနော်ရှာတာ ဘလော့ပေါ်က အေးချမ်းတဲ့ မေတ္တာတွေ ။ ဘယ်သူ့ဘလော့က အင်ဂျင်နီယာကြီးမို့ ဘယ်သူက ဘယ်ကမို့လို့ စဉ်းကိုမစဥ်းစားတာ ။အရှင်းဆုံးပြောလိုက်မယ်ဗျို့ ယ မှာ ကျွန်သာသာနေပြီး တစ်လ အိမ်ကို ဆန် ၂ တင်းဖိုးလောက်ပဲ ပို့နိုင်တဲ့ ကျနော်တောင် အားမပျက်တာ ဟဟားး ကိုအိမ်ကလည်းခလေးကျနေတာပဲ လက်ရှိဘ၀မှာနေပျော်တယ် နည်းနည်းရတာ ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုကို နည်းနည်းပဲရောင်းစားလိုက်တာလို့ ခံစားရတယ်။ အများကြီးရချင်ရင်တော့ ဒီ့ထက်များတဲ့ တန်ဖိုးတွေ ခင်းဗျာ ပျော်ရွှင်မှုတွေကို လဲလိုက်ပေါ့း) အားမပျက်ကြေး စိတ်မပျက်ကြေး ဘလော့မပိတ်ကြေး ဒါပဲ ။ထပ်မပြောဘူး ပေါက်တယ်ဟုတ် နှစ်ဟောင်းက ကိစ္စ နှစ်သစ်ကို သယ်မလာပါနှင့် ဆြာလုပ်တာ သင့်ကြောင့် တစ်ပါသူတွေစိတ်ညစ်ပါ၏း)
ပျော်ပါစေ ပဲသီး ခရစ္စမတ် :P
ဟင် သဘောင်္ဆိုတာ ရေပေါ်သွားတဲ့အရာ
ကားဆိုတာ ဘီးတွေနဲ့ဟာကြီး
ကွန်ပျူတာဆိုတာ ချတ်တက်လို့ရတယ်
လျှပ်စစ်ပစ္စည်းဆိုတာ မီးပျက်ရင်သုံးမရဘူး
သစ်ပင်ဆိုတာ အသီးသီးပြီး ပန်းပင်က အသီးမသီးဘူး
ဒါလောက်ပဲသိတဲ့ နာ့ဘဝကမှ ပိုဆိုးပါလား
သူရေးမှ ငိုချင်သွားပြီ တော်ပြီ နာအရင်ဘလော့ပိတ်မယ် ပီးရင် အိမ်ပြန်ပီး အဖေ့လုပ်စာပဲ ထိုင်စားတော့မယ် အီးးးးးး
ဘလော့ပိတ်ပါက နောင်ဂျိန်ပလေးပါမည် ။ :P
အခွင့်ရှိနေသမျှ ဆက်ရေးပါဗျ ။ :)
ဘယ်လိုဖြစ်တာလဲ ကိုအိမ်ရ..
ဘာလို့စိတ်ဓာတ်တွေကျနေရတာလည်း
ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပညာတတ်တယ်ပဲပြောပြော။ အားလုံးကအတူတူတွေပါပဲ.....။
ဘလော့ပိတ်မယ်ဆိုတာတော့ မလုပ်ပါနဲ့.... အဆင်မပြေတာက လူတိုင်းမှာရှိကြတာပဲ...ဘယ်သူကမှ ဘယ်သူ့ထက်ပိုသာတယ်ဆိုတာ မ၇ှိပါဘူး..
စိတ်ဓာတ်မကျနဲ့
အနော်တို့ရှိတယ်
taw par tal so hma hoon.hla par tal so nay hma d htet po hla chin thu lay ... :P
nout tar naw
bar phyit nay tar lel? kya naw toe pyaw pho htar ohn ha naw
စိတ်ဓါတ်မကျပါနဲ့ အိမ်ရေ...
ချင်းချင်းဆိုဘယ်လိုလုပ်မလဲ..
အခုထိအလုပ်တောင်မလုပ်ဖူးသေးဘူး..အဟိ..
မိဘလုပ်စာထိုင်စားနေရတုန်း..
မုန့် ဖိုးတောင်းနေရတုန်း..
အိမ်ကပျော်ပျော်နေတတ်တာပဲ..ဘ၀ကပျော်စရာ
ကြီးနေမှာပါ..အားတင်းထား
တချိန်ချိန်ကျရင်..ဖြစ်လာမယ်..
ရည်မှန်းချက်တွေအောင်မြင်လာမှာပါ..
blog တော့မပိတ်လိုက်ပါနဲ့ ..ဆက်ရေးပါ..
အိမ်ရေးတာလေးတွေကဖတ်လို့ ကောင်းတယ်..
ပျော်စရာလေးတွေပါ..အားပေးနေတယ်နော်..
အာဂျား..အာဂျား..ဖိုက်တင်း.. :)
ဦးအိမ်ကလည်း ဒီမှာဘဝတူတစ်ယောက်ရှိတယ်
ဘာမှအားမငယ်နဲ့......
ဆက်သာလုပ်....
ဘလော့ဂ်ရေးတယ်ဆိုတာကလည်း ပညာပြိုင်နေကြတာမှမဟုတ်တာ ....
ဆိုတော့ကာ ဒီဘလော့ဂ်ကို မပိတ်လိုက်ပါနဲ့နော်..
နော်... နော်.. နော်
လိမ္မာတယ်....
အားပေးရရင်တော့ အဲဒီလိုမခံစားပါနဲ့ အချွန်နဲ့ မရရင်တော့ ဒီလို စာတွေကိုလာဖတ်နေတဲ့ ပရိသတ်တွေ အမြဲရှိနေတယ်ဆိုတာပဲ မြှောက်ပင့်ရရင်တော့ နောက်လည်း ဆက်ပြီးတော့ ကိုအိမ်ရဲ့ blog ကိုဖတ်နေမယ် အထူးစပါယ်ရှယ်ကတော့ ခုလိုရေးနေလို့ ခုလိုဖတ်ရတာကိုပဲ ကျေးဇူးတင်နေတာပါ MERRY CHRISTMAS! ပါ ကိုအိမ် ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စာဖတ်သူတွေအတွက် ပျော်ရွှင်စေတဲ့ စာတွေ အမြဲရေးနိုင်ပါစေရှင်...
အိမ်ရေ
အခုမှ ဖတ်မိတယ် အရူပ်တွေ လုပ်နေလို့လေ ဘာဖြစ်တာလဲ အိမ်ရေ..
ဘယ်တော့မှ မတွေးနဲ့ အဲ့လို အတွေးမျိုး..လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုး ကိုယ်ပိုင်အားသာချက်တွေ ရှိပြီးသားပဲ..
ဘလော့လေးကို နားမယ်ဆိုလို့ ပြောရဦးမယ် ..ဘလော့လေးကို ရပ်မယ်လို့ပြောတဲ့လူတိုင်းကို ပြောဖြစ်တဲ့စကားလေးပါပဲ ဘလော့လေးက ကိုယ်တိုင်မွေးမြူထားတဲ့ ကိုယ့်ရင်သွေးလေးပဲ ကိုယ်တိုင် ပြုပြင်တည်ဆောက်မွမ်းမံထားတဲ့ ကိုယ့်ကိုယ်ပွားလေးကို ကိုယ်က လှည့်မကြည့်တော့ပဲ တစ်ယောက်တည်းထားခဲ့မယ်ဆိုရင်...ကိုယ့်တုန်းက ကိုယ့်ခံစားချက် ကိုယ့်ရင်အနာတွေ ကိုယ့်အပူတွေ.အားလုံးကို အန်ချခဲ့သမျ သူက မငြီးမငြူပဲ ရင်ဖွင့်ခွင့်ပေးခဲ့တဲ့ ရင်ပြင်လေးတစ်ခုပဲလေ သူ့ကို တစ်ယောက်တည်း ထားခဲ့မယ်ဆိုရင်တော့ သိပ်ရက်စက်ရာကျမယ်ထင်တာပဲ အိမ်က ဒီလောက် ရက်စက်မယ်သူမဟုတ်ဘူးထင်ပါတယ်...
ဘယ်လိုဖြစ်ရတာ လဲဗျာ ဘာပဲဖြစ်ဖြစ်
စာရေးတာ တော့မရပ်ပါနဲ့ဗျာ
ပြဿနာ ရှိတယ် ဆိုရင်လည်းညီအကို မောင်နှမတွေရှိတာပဲအားလုံးဝိုင်းပီးဖြေရှင်းပေးမှာပေါ့
ခင်ဗျားက ဒီလိုကြီး ရပ်ပြစ်မယ်ဆို တော့သူစိမ်းဆန် တာပေါ့ဗျာ ကျနော့ ဆီကိုလဲ သီချင်းတွေပို့ပေးတာ
ကျေးဇူးတင်ပါတယ်ဗျာ ။ ရှေ့ဆက်အ ကောင်းဆုံးနဲ့စာတွေများများရေးနိုင်ပါစေဗျာ
ခင်မင်လျှက်
ဖြိုး
အိမ်ရေ... အပေါ်မှာလည်း သူများတွေ တော်တော်များများ ပြောသွားခဲ့သလို ၁၉နှစ်သားမှာတင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ခဲ့တဲ့သူ၊ မိဘတွေကို ပြန်ကန်တော့နိုင်ခဲ့တဲ့သူ၊ ဆွေမျိုးတွေကို ထောက်ပံ့နိုင်ခဲ့တဲ့သူက ပညာတတ်ကြီး (မောင်လေးက ဘွဲ့ဒီဂရီတွေကို ပြောတယ်ထင်ပါတယ်) ဖြစ်ချင်စိတ်ရှိလို့ လုပ်ရင်လည်း ဖြစ်ဦးမှာပါပဲ။ အခုလည်း အရာရာမှာ နှံ့စပ်သိကျွမ်းတဲ့သူမို့ ဂုဏ်ယူစရာဖြစ်နေပါပြီ။ ဘလော့ရေးတာကိုတော့ မရပ်လိုက်ပါနဲ့။ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ ဆက်ရေးနိုင်ပါစေ မောင်လေးရေ...
ညီလေးရေ, စိတ်ဓါတ်မကျပါနဲ့ကွာ.. ပညာတတ်ဆိုတာဘ၀ကပေးတဲ့အသိပညာတတ်မှပညာတတ်ကွ.. ဘလော့ခ်မရေးဖြစ်ရင်တောင်မပိတ်လိုက်နဲ့. တခါတလေ အချိန်ရ၇င်ရေးလို့ရတာပေါ့.. အကိုတောင်ပိတ်မလို့စဉ်းစားခဲ့သေးတယ်..အလုပ်အခြေအနေအရ ညနက်မှပြန်ရောက်တော့
မေ၇းဖြစ်တော့ဖူးလေ.. စိတ်ဓါတ်မကျနဲ့ကွာ..
အဟမ်း အဟမ်း စိတ်ဓါတ်ကျ နေတယ် ဆိုလို့ လာရောက် သွားပါကြောင်း...။
ဘာတွေဖြစ် အမ တော် မရှိချိန် နော် နာမယ်..
ရပ်ကြည့်ပါလားနော်..
မောင်အိမ်ရဲ့ ဘလော့ကို လူတိုင်းက နှစ်သက်တယ် နောက်ပြီး စာလာဖတ်သူတိုင်းကိုပျော်ရွင်စေတယ် အဲဒီပညာကကော....
မောင်လေးရေ... ပညာတတ်ဆိုတာ ဘာလည်းဟင်..
အမ တော် ကို အရှင်ရှင်းပြပါလား အဲဒါဆိုရင် အမတော် နားခွင့်ပေးမယ်..
ပြန်ရောက်ပြီ... စကားပြောမယ်
အစ်ကိုအိမ်..... မရောက်တာကြာလို့ ဒီလိုရေးထားတာမသိလိုက်ဘူး။ ပညာဆိုတာမှာ အသက်မွေးဝမ်းကြောင်းပညာကိုလည်း ပညာလို့ခေါ်တာပဲ။ ဘွဲ့တစ်ခုရပြီး ခုချိန်ထိမိဘလုပ်စာထိုင်စားနေရတာကို စိတ်ညစ်နေတဲ့လူလည်းရှိသေးတာပဲ။ ဝေလေးကတော့ ဒီလိုမျိုး ကိုယ့်အားကိုယ်ကိုးတတ်တဲ့လူကို ပိုပြီးတော့ လေးစားတယ်။ လူတစ်ယောက်ရဲ့ အရေးပါမှုဆိုတာ ဘွဲ့တွေ ဂုဏ်တွေနဲ့မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ထားနဲ့ပဲ ဆိုင်တယ်လို့ထင်တယ်။ ဘလော့မပိတ်ပါနဲ့။ ဆက်ရေးပါ ဘာမှစိတ်ဓာတ်ကျစရာမရှိဘူး။ အိုကေ... နောက်ကျမှသိရလို့စိတ်မကောင်းဘူး....
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း