ကိုးလလွယ် ဆယ်လဖွား
အမေ့ရဲ့သားကျွန်တော်ဟာ
လူမှန်းမသိခင်တုန်းက
ကျွေးသမျှမကြိုက်ရင်ထွေးထုတ်
လူမှန်းသိလာတော့လဲ
ကျွေးသမျှမကြိုက်ရင်ဂျီး(ချေး)များခဲ့တဲ့
ကျွန်တော်
အခုတော့..............
အမေမရှိတဲ့ ဝေးတမြေမှာ
သား ကျွန်တော်ဟာ
ဘ၀ပင်လယ်ကြီးထဲ
လှေငယ်ကို ရွက်ကုန်ဖွင့်
ကံကြမ္မာရဲ့ လှိုင်းတပိုးတွေကို
အလူးအလဲ ခုခံကာကွယ်ရင်း
အမေနဲ့ အတူရှိစဉ်ကလို
စားဖို့အတွက် ပွားလို့မရတော့ဘူး အမေ
ရှိတာနဲ့ဖြစ်သလို စားရင်း
လောကဓံကို ကြံ့ကြံ့ခံနေတဲ့ ကျွန်တော်
အခုချိန်မှာ အမေ့လက်ရာလေးကို
ပြန်မြင်ယောင်မိပြီး သရေကျမိတာ
ကျွန်တော့်အမှားများလား
အမေ........။
အမေ့ရဲ့သားကျွန်တော်ဟာ
လူမှန်းမသိခင်တုန်းက
ကျွေးသမျှမကြိုက်ရင်ထွေးထုတ်
လူမှန်းသိလာတော့လဲ
ကျွေးသမျှမကြိုက်ရင်ဂျီး(ချေး)များခဲ့တဲ့
ကျွန်တော်
အခုတော့..............
အမေမရှိတဲ့ ဝေးတမြေမှာ
သား ကျွန်တော်ဟာ
ဘ၀ပင်လယ်ကြီးထဲ
လှေငယ်ကို ရွက်ကုန်ဖွင့်
ကံကြမ္မာရဲ့ လှိုင်းတပိုးတွေကို
အလူးအလဲ ခုခံကာကွယ်ရင်း
အမေနဲ့ အတူရှိစဉ်ကလို
စားဖို့အတွက် ပွားလို့မရတော့ဘူး အမေ
ရှိတာနဲ့ဖြစ်သလို စားရင်း
လောကဓံကို ကြံ့ကြံ့ခံနေတဲ့ ကျွန်တော်
အခုချိန်မှာ အမေ့လက်ရာလေးကို
ပြန်မြင်ယောင်မိပြီး သရေကျမိတာ
ကျွန်တော့်အမှားများလား
အမေ........။
21 Response to အမေ့လက်ရာ
စားဖို့အတွက် ပွားခါနီးမှ မာမား ကိုသတိရတယ်ပေါ့လေ...
တော်တော်ကောင်း တဲ့ သင်္ဘောသီး...
သင်္ဘောသီး ထောင်း လုပ်စားပစ်ဖို့ပဲကောင်းတယ်
မမှားပါဘူး ဟင်းမကောင်းတဲ့အချိန်ဆို အမေချက်တဲ့ဟင်းကိုသတိရတက်တာ အဝေးရောက်သားတိုင်းရဲ့ ခံစားချက်း) နားလည်တယ် ကိုအိမ် ..........။
အမေ....
မေကြီး...
အမိုး...
မာမား...
သားဆိုးခဲ့တာတွေခွင့်လွတ်ပါနော်...
ငိုပြန်ပလားဟ။ ဟင်းထဲမှာ မျက်ရည်တွေနဲ့။ :)
ဘ၀တူတွေပါ အစ်ကိုရေး(
ဖစ်မှဖစ်ရလေ ဦးဦးအိမ်ရယ်၊ ရော့ရော့ မြန်မာငါးဟင်း၊ အလွမ်းပြေစားလိုက်နော်
flickr.com/photos/24233013@N00/96681134
မန့်မရလို့ အခုမလာမန့်တယ်နော်
ဘာရေးရမှန်းတောင်သိတော့ဘူး လိမ်မာနေလို့
ဘလော့ မမ တွေ ညီမတွေကလည်း ကြိုက်တော့ဘူးဆိုတော့ အင်း ဟင်းကောင်းတော့ရမှာဟုတ်တော့ဘူးဟီဟီ
ဘာပဲ ဖြစ်ဖြစ် ဒီကဗျာလေးကို ဖတ်မိတော့ စိတ်ထဲမှာ တမျိုးကြီးပဲဗျာ။ အိမ်မှာ နေတုန်းကအမေက အိမ်ပြန်နောက်ကျရင် ဆူလို့ စိတ်အလိုမကျခဲ့ဘူး။
အခုကြပြန်တော့လည်း အလုပ်ပြန်လို့ အိမ်ပြန်နောက်ကျရင် စိတ်ပူမယ့်သူ တယောက်မှ မရှိတော့........................................................
မှားဘူး မှားဘူး ။ ဖြစ်နေကျ အဲဒါက ။ :D
မိဘအိမ်နဲ့ဝေနေတဲ့အချိန်မှာ ခံစားရမှုတွေက တော်တော်လေး လွမ်းမောဖွယ်ကောင်းပါတယ်။
အိမ်ချစ်သားလေး
မေမေချစ်သားလေး...ဖြစ်မယ်လို့ထင်ပါတယ်...
ကဗျာလေးကောင်း၏။
လွမ်းလိုက်တာ မေမေ့ကို
ကဗျာလေးကောင်းတယ်နော်
ဆက်လက်ရေးသားပါ။ အားပေးနေပါမယ့်။
ကဗျာ လက်ရာကောင်းတစ်ပုဒ်ပါပဲ ။ ကောင်း၏ ။
အော် အကိုအိမ်က အမေ့လက်ရာလွမ်းနေတာပေါ့
မှားတော့မှားပါဘူးလေ
ဒါပေမယ့်နောက်တစ်ခါအမေ့လက်ရာ စားရရင်တော့တန်ဖိုးထားတော့ပေါ့နော်
ကဗျာလေးကောင်းတယ်
အားပေးသွားပါတယ်
အဆင်ပြေပါစေ :D
ကိုအိမ်ပြောမှကျနော်လည်းမေမေ့လက်ရာမုန့်ဟင်းခါး
စားချင်လာပီ
ဘာအခုမှ မေမေ ကို သတိရပါပြီလဲ.
အကိုရေ အဆင်ပြေပါစေဗျာ
ကိုယ်ချင်းစာပါတယ်။ မြန်မာအစားသောက်တွေ
လွမ်းနေမှာပေါ့နော်။ ညီ အခုမှ အားလို.လာဖတ်ဖြစ်တာပါ။
ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစေ။
ကဗျာတော်တော် ကောင်းတယ်ဗျာ။
ပာ ပာားးး ပာုတ်ပါ့ ဗျာ . . .
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း