ကျွန်တော်ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ ဗုဒ္ဓဘာသာကိုနှစ်နှစ်ကာကာ သက်ဝင်ယုံကြည်သူ တစ်ဦးပါ။
ဒါပေမဲ့ တနေ့တော့ ဘုရား၊ တရားစာအုပ်ဖတ်ရင်းတွေးမိတာလေးကို ဆွေးနွေးတင်ပြချင်ပါတယ်။
ကဲစလိုက်ကြရအောင်ဗျာ
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတိုင်း နေ့စဉ်မဟုတ်တောင် တခါတလေတော့ ဘုရားရှိခိုးကြပါတယ်။
ဒါဟာလဲ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့စဉ် အလုပ်ထဲမှာ တခုအပါအ၀င်ပါ။ ယုံကြည်သက်ဝင်လို့ပဲ ဖြစ်ဖြစ်၊ လူကြီးမိဘကပြောလို့ပဲ ဖြစ်ဖြစ်၊ နေ့စဉ်ဝတ္တရားတခုလိုပဲ ဖြစ်ဖြစ် မြတ်စွာဘုရားကို ရှိခိုးကန်တော့ကြပါတယ်။
မြတ်စွားဘုရားကို ပဲ ဖြစ်ဖြစ်၊ သံဃာတော်များကိုပဲဖြစ်ဖြစ်၊ သီလပဲဆောက်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဦးစွာ ပထမအနေနဲ့ သြကာသ ရွတ်ဆိုရပါတယ်။
အဲ ဒီမှာ ကျွန်တော်သိချင်တဲ့ အကြောင်းဒီမှာ စတာပါ။
ဘာလဲဆိုတော့
သြကာသ ၃ သုံးခါရွတ်ဆိုလိုက်ပြီး ကာယကံ၊ ၀စီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့မှ တပါးပါးသောကံဖြင့် ပြစ်မှားမိသော် ထိုအပြစ်တို့ကိုပျောက်စေခြင်းငှာ ဘုရားတပည့်တော် လက်အုပ်မိုး၍ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား တဲ့။
အဲဒီနောက် ဤသို့ရှိခိုပူဇော်ဖူးမျှော်ကန်တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊
ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး စသည်ဖြင့် လွတ်ချင်ကျွတ်ချင်တာတွေ ရှောက်ရွတ်တော့တာပဲ အဲနောက်တော့မှ
အဆုံးစွန်သောဘ၀၌ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရလွယ်ရောက်လွယ်တဲ့ သူတော်ကောင်း
သူမြတ်လောင်း ဖြစ်ရပါလို၏ဘုရား တဲ့
စဉ်းစားကြည့်ပါ ကိုယ်လုပ်ချင်တာတွေလုပ်ပြီး ဒီလိုရှိခိုး ကန်တော့ယုံနဲ့ ပြီးစတမ်းလား ခင်ဗျာ။ဦးသုံးကြိမ်ချပြီး ကန်တော့ယုံနဲ့ ကိစ္စပြီးကရောလို့ ထင်မှားစရာ ဖြစ်မနေဘူးလား
ပြီးတော့ ထပ်ပြီးတောင်းတဲ့ ဆုကလဲ နိဗ္ဗာန် ကို ရလွယ်ရောက်လွယ်ဆိုပြီး လုပ်ပြန်ရော။
ုဦးသုံးကြိမ်ချပြီး ကန်တော့ယုံနဲ့ ကိစ္စပြီးကရောလို့ ထင်မှားစရာ ဖြစ်မနေဘူးလား။
ဒီလိုသာပြီးကြစတမ်းဆို လောကမှာ ဘယ်သူမှ အပါယ်ငရဲမလားတော့ပါဘူး။
အာလုံး နိဗ္ဗာန်ကို ရောက်ကုန်ပါပြီ။
ဒီလိုသာဆို မြတ်စွာဘုရားရဲ့ တရားတွေဟာ အလကားဖြစ်မသွားဘူးလား။
မိတ်ဆွေရော ဘယ်လိုယူဆပါသလဲ။
အမြင်ချင်းဖလှယ်ကြရအောင် ကိုယ်ရဲ့ ယူဆချက်လေးကို ပြောကြပါ ခင်ဗျာ။
Subscribe to:
Post Comments (Atom)
9 Response to သြကာသ :Y
မင်္ဂလာပါအိမ်ရေ .. နွေးဆွေးတင်ပြထားတာ အရမ်းကိုကောင်းပြီး .. ဖြစ်သင့်တဲ့ အကြောင်းအရာလေး
တစ်ခုပါ ... အဲလိုမျိုးဆုတောင်းရင်းနဲ့တော့ မပြည့်နိုင်ဘူးပေါ့ဗျာ .. ဒါပေမဲ့ ဘုရားမရှိခိုးတာထက်စာရင်
တော့ .. ကောင်းတာပေါ့ .. နောက်ပြီး ... ဆုတောင်းရုံနဲ့တော့ မပြည့်နိုင်တာ မှန်ပေမဲ့ ... ဘုရား မရှိခိုးတဲ့သူတွေကို ရှိခိုးချင်စိတ်ပေါ်အောင် ... ပြုလုပ်ပေးနိုင်သလို ဖြစ်ရင်လည်း ကောင်းတာပဲလေ ...
ဘာပဲဖြစ်ဖြစ်ပေါ့ .. ဘာမှ မသိတာထက်စာရင် ၁ ကို သိတဲ့
သူက အကျိုးရှိတယ်လေ .. ၁၀၀ ထိ ဆက်သိချင်တဲ့သူက
ဆက်လေ့လာမှာပေါ့ဗျာ .....
တကယ်ဘဲ ရေးသင့်တဲ့ ပိုစ့်တစ်ခုပါ။ များသောအားဖြင့်က ဘုရားကို ရှိခိုးပြီး ဆုတောင်းတာ ( ဖြစ်ချင်တာ၊ လိုချင်တာတွေ) က များနေပါတယ်။ တကယ်တော့ ဆုတောင်းတိုင်း ဘုရားက ပြည့်မယ်လို့ မဟောပါဘူး။ ဘုရားရှင်ကလည်း ဖြည့်မပေးနိုင်ပါဘူး။ သတ္တ၀ါတွေဟာ မိမိတို့ကံကို မိမိတို့ဘဲ ဖန်တီးကြရတာပါ။ ဘုရားရှင်က ကုသိုလ်၊ အကုသိုလ် တရားတွေ နဲ့ ကျင့်စဉ်နည်းလမ်းတွေကိုဘဲ ဟောပြခဲ့တာပါ။ ဒါကြောင့် အခုပိုစ့်မှာရေးထားသလို အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊
ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး ဆိုတာလည်း ဆုတောင်းရုံနဲ့ မလွတ်ပါဘူး။ “အဆုံးစွန်သောဘ၀၌ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရလွယ်ရောက်လွယ်တဲ့ သူတော်ကောင်း
သူမြတ်လောင်း ဖြစ်ရပါလို၏” ဆိုတာကလည်း ဆုတောင်းလို့မရပါဘူး..။ ကျနော်တို့ ဗုဒ္ဓသာသနာဟာ လက်တွေ့ကျင့်ရတယ် သာသနာပါ။ လက်တွေ့ကျင့်မှဘဲ တရားရဲ့ အကျိုးကျေးဇူးကို သိရှိခံစားရတာမျိုးပါ။ ကန်တော့ပြီးဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ နိဗ္ဗာန်ရောက်ချင်ရင် နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ရမှာပေါ့။
ကျနော်ရှိခိုးတဲ့ ဘုရားရှိခိုးကို ရေးလိုက်ပါတယ်..။
အနက်တော့ မရွတ်ပါဘူး။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယ၊ ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီးဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး ၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျော့၊ ကန်တော့ပါ၏ အရှင်ဘုရား။
အနက်။ ။သြကာသ၊ သြကာသ၊ သြကာသ- ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (သုံးကြိမ် ခွင့် တောင်းခြင်းဖြစ်သည်)။ ကာယ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်- ကာယကံ၊ ၀စီကံ၊ မနောကံစသည့် သုံးတန်သောစေတနာဖြင့် အစချီကာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီးဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေးအမြတ်ပြုအပ်သော၊ အတုမရှိ မြတ်သော၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံရှိသူတို့သာ တွေ့ကြုံခွင့်ရနိုင်သော ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊ သံဃာအမြတ်ဆုံးရတနာ အစဖြာသော၊ ဘုရားပစ္စေကာ၊ ရဟန္တာနှင့်၊ အဂ္ဂ သာဝက၊ မိဘဆရာ၊ ဖန်ဖန်ဆုံးမ၊ ဆရာမြတ်တို့၊ ပစ္စည်းပေးသူ၊ တရားပေးလှူ၊ ဤဆယ်ဆူဟု ဆိုအပ်သော ခင်ပွန်းကြီးဆယ်ပါးတို့အား ရိုသေမြတ်နိုးလက်အုပ်မိုး၍၊ ရှိခိုး ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာနလျှော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား။
ဖတ်ဖူးတဲ့စာလေးထဲမှာတော့ ကိုယ်လုပ်နေတဲ့အလုပ်တွေကို အသက်ဝင်နေစေဖို့
ဆုတောင်းခြင်းကို ပြုကြတာပါ တဲ့
ပြည့်တာ မပြည့်တာ ကတော့ ဆုတောင်းခြင်းထက် လုပ်ဆောင်ချက်က ပိုအဓိကကျပါတယ်တဲ့။
အဲလိုလေးပြောင်းပြီး စဉ်းစားကြည့်ရင်ရော ???
အင်း..ဒီအကြောင်းကတော့ မိရိုးဖလာဘာသာဝင်တွေ အလုပ်လေ။ တကယ်တော့ သေချာလေ့လာကြည့်တဲ့သူ တိုင်း တကယ်လုပ်မှတကယ်ဖြစ်မှန်း လက်ခံထားကြပါတယ်။ ကျွန်တော်ဆို ဘုရားကိုအားနာလို့ ဆုတောင်းရင် လက်ငင်းတကယ်လိုတာပဲတောင်းတော့တယ်။ ဘုရားလဲ နားညည်းသက်သာ။ ကိုယ်လဲ အာညောင်းသက်သာတာပေါ့ဗျာ။ တချို့ကတော့ ရွတ်နေ တာကို ၀တ်ကျေတန်းကျေ လူကြားကောင်းအောင်ပါ။ ဆုတောင်းတိုင်းမပြည့် ပေမယ့် ဆုတောင်းမှလည်း ပြည့်စရာနဲ့ထိုက်တန်ရင် ကိုယ်လိုအပ်တာ ကွက်တိပြည့်တော့ ကောင်းပါတယ်လေ။
ဟုတ်ပါတယ်။ အစ်ကို့ရဲ့ အမြင်လိုပဲ ဗုဒ္ဒဘာသာကို အတွေးအခေါ်တစ်ရပ်လို လေ့လာလိုက်စားသူတွေအကြားမှာ ဒီလို ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့တာ ခုမှမဟုတ်ပါဘူး။ ကျွန်တော်သိသလောက်ပြောရရင် ဒီ သြကာသကန်တော့ချိုးကို publicly ဝေဖန်ခဲ့တာ တောင်တွင်းဆရာတော် ဦးဥက္ကဌ ဖြစ်ပါတယ်။ သူက အခု အစ်ကို ပြောတာတွေနဲ့ အတူတူလိုပါပဲ ဝေဖန်ခဲ့ပါတယ်။ ဦးဥက္ကဌဟာ နိုင်ငံကျော် ကျောက်ကွင်းအရေးတော်ပုံနဲ့ ကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာ အစွန်းရောက်သွားခဲ့ကာ သူ့ရဲ့ လူသေလူဖြစ် တရားကြောင့် ဓမ္မ၀ိနယ ခုံရုံးတင် စစ်ဆေးခြင်းခံရပြီး လူဝတ်လဲခဲ့ရပါတယ်။ အနောက်နိုင်ငံ သုတေသီ အချို့ကလည်း ဗုဒ္ဒဘာသာရဲ့ ချို့ယွင်းချက် ပျော့ကွက်လို့ (သူတို့ထင်တဲ့) အချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခဲ့ကြပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားစရာက ဒီလိုဖြစ်တက်သူတွေဟာ ဗုဒ္ဒဘာသာကို philosophy တစ်ခုလို သဘောထားပြီး လေ့လာကြတဲ့သူတွေမှာသာ အများဆုံးတွေ့ရပါတယ်။ အနောက်တိုင်းမှာဆိုရင် မစ္စက်ရီးစ်ဒေးဗ် စသူတို့ပါ။ မြန်မာတို့အတွက် အထင်ရှားဆုံးဥပမာကတော့ ရှင်ဥက္ကဌပါပဲ။ သူဟာ အတွေးအခေါ် ရင့်ကျက်သူပီပီ တရားတော်တွေကို Analyze လုပ်နည်းနဲ့ပဲ ချည်းကပ်ခဲ့ပါတယ်။ သူ ပမာဒ လေခသွားတဲ့အချက်က ဗုဒ္ဒဘာသာဟာ philosophy တစ်ခုမဟုတ်ဘူး ဆိုတာပါပဲ။ ဗုဒ္ဒဘာသာမှာ အတွေးအကြံသက်သက်နဲ့ မြတ်စွာဘုရားရဲ့ နက်ရှိုင်းကျယ်ဝန်းလှတဲ့ တရားတော်တွေကို နားမလည်နိုင်ပါဘူး။ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ဥာဏ်အဆင့်ဆင့်မြင့်တက်နိုင်ပြီး သံသရာက လွတ်မြောက်နိုင်မှာပါ။ ရှင်ဥက္ကဌဟာ အတွေးအခေါ်ပိုင်းမှာ ထက်မြက်သလောက် စရဏပိုင်းမှာ အားနည်းပုံကို သူ့စကားတစ်ချို့မှာ သိနိုင်ပါတယ်။ သူက စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗာန် ဆိုတဲ့ ပရမတ်တရားလေးပါးကို ရှေးရှေးဆရာတော်ကြီးတွေ အတူတွဲထားတာ မှားတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်တို့ ရုပ်တို့ဆိုတာ မျက်စိတစ်မှိတ် လက်ဖျစ်တစ်တွက်အတွင်းမှာ အကြိမ်ပေါင်း ကုဋေသိန်းသန်းမက ဖြစ်ပျက်ပြောင်းလဲနေတယ်။ ဒါကြောင့် အမြဲတရစပ် ပြောင်းလဲနေတဲ့ စိတ်နဲ့ ရုပ်ကို မဖောက်ပြန်တဲ့ ပရမတ်တရားဖြစ်တဲ့ နိဗာန်နဲ့ တွဲပေးထားတာ မှားတယ်လို့ ပြောပါတယ်။ ဒီခေတ်မှာ ၀ိပဿနာတရားကို ကောင်းမွန်မှန်ကန်တဲ့ ဆရာထံမှာ အတန်အသင့် ပေါက်ပေါက်မြောက်မြောက် အားထုတ်ဖူးတဲ့ ယောဂီဆိုရင်တောင် ရုပ်ဆိုတာကို သိပါလိမ့်မယ်။ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေ ၅၈၀၀ ကျော်ပျက်နေတဲ့ရုပ်ဟာ ဥတုဇရုပ်ခန္ဒာာ၊ ခုနက နိဗ္ဖာန်နဲ့ အတူတွဲထားတာ အတုံးလဲမဟုတ်၊ အမှုန်လဲမဟုတ်၊ အရည်လဲမဟုတ်တဲ့ ပရမတ်ရုပ်ခန္ဒာ ဆိုတာ ကွဲကွဲပြားပြား သိပါလိမ့်မယ်။ ကျွန်တော်ပြောချင်တာက ဗုဒ္ဒဘာသာကို အတွေးအခေါ်သက်သက်နဲ့ ချည်းကပ်ရင် သံသယ၀င်စရာတွေ၊ ၀ိစိကိစ္စာတွေ များလာလိမ့်မယ်။ ဒီလိုနဲ့ပဲ ဘာသာတရားပေါ်မှာ စိတ်ပျက်မှုတွေ ၀င်လာနိုင်တယ်လို့ပါ။
အဲဒါနဲ့ပဲ ကျွန်တော့် ကွန်မန့်လဲ လိုရင်းကိုမရောက်နိုင်တော့ဘူး။ ကဲအခုမှ သြကာသကို သွားရအောင်နော်။ သြကာသ ကန်တော့ချိုးအစမှာ ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့ရင် အဲဒီအပြစ်တွေကို ပျောက်ပါစေဖို့ “အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏” လို့ ဆိုထားပါတယ်။ ဒီနေရာမှာ လုပ်ချင်တာလုပ်ပြီး ကန်တော့လိုက်တာနဲ့ အပြစ်တွေ ကျေရော့လားလို့ မေးစရာဖြစ်တာ သဘာဝကျပါတယ်။ တကယ်ပဲ ရိုရိုသေသေ လေးလေးမြတ်မြတ် ရှိခိုးကန်တော့ရင် တော်ရုံတန်ရုံအပြစ်ကတော့ ကျေပါတယ်။ ဘာကြောင့်ကျွန်တော် ဒီလိုပြောနိုင်သလဲဆိုတော့ မဂ်ဖိုလ်မရအောင် တားဆီးတက်တဲ့ ကံငါးမျိုးထဲမှာ အရိယူပ၀ါဒန္တရာယ် ဆိုတာရှိပါတယ်။ အရိယာကို စွပ်စွဲကဲ့ရဲ့တဲ့ ကံပါ။ ဒီကံနဲ့ ညိနေရင် ဘယ်လောက်ပဲ ၀ိပဿနာတရားကို ကျိုးစားအားထုတ်အားထုတ် တရားထူးမရနိုင်တော့ပါဘူး။ ဒါပေမယ့် မိမိပြစ်မှား စော်ကားမိတဲ့ အရိယာပုဂ္ဂိုလ်ကို ရှိခိုးတောင်းပန်လိုက်တာနဲ့ အဲဒီကံကြီးကို ချေဖျက်နိုင်တယ်လို့ စာပေတွေမှာဆိုပါတယ်။ “အမိကိုသတ်တဲ့ကံ၊ အဖကိုသတ်တဲ့ကံ၊ ရဟန္တာကိုသတ်တဲ့ကံ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်တဲ့ကံ၊ သံဃာသင်းခွဲကံ” ဒီ ပဉ္စာနန္တရိယ ကံငါးပါးကို ကျူးလွန်မိရင်တော့ ဘယ်လိုပဲ ရှိခိုးရှိခိုး ဒီဘ၀အတွက်တော့ မကျေနိုင်တော့ပါဘူး။ ဒီဘ၀မှာ ဘယ်လိုမှ မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်တော့ပဲ သေတဲ့အခါ အ၀ီစိငရဲကိုပဲ သွားရမှာပါ။
နောက် အာဋာနာဋိယသုတ်မှာ-
အဘိဝါဒန သီလိဿ၊ နိစ္စံဝု*ပစာယိနော။
စတ္တာရောဓမ္မာဝ¡န္တိ၊ အာယုဝဏေဏာ သုခံဗလံ။ လို့ ဟောထားပါတယ်။
“မိမိထက်အသက် သိက္ခာ ဂုဏ်ဝါကြီးသူတွေကို ရှိခိုးအရိုအသေပြုသူများဟာ ဖြစ်ရာဘ၀မှာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်းအားကြီးခြင်းဆိုတဲ့ အကျိုးလေးမျိုးကို ရရှိနိုင်တယ်”လို့ အဓိပါယ် ရပါတယ်။ ဒီတော့ ဒါကို သံသယရှိစရာမလို ပါဘူးခင်ဗျာ။
နောက်တစ်ပိုင်းက ရှိခိုးပြီးတာနဲ့ လိုချင်တာတွေ လျှောက်တောင်းနေတယ်ဆိုတဲ့ အပိုင်းပါ။ ဗုဒ္ဒဟာ ဆုတောင်းရုံနဲ့ သံသရာကလွတ်မြောက်မယ်လို့လဲ မဟောသလို ယုံကြည်သက်ဝင်မှုသက်သက်နဲ့လဲ ကယ်တင်ပေးမယ်လို့ မဟောပါဘူး။ ကိုယ့်အားကိုယ်ကိုးရမှာပါ။ ဗုဒ္ဒဟာ လမ်းပြသူပါ။ သံသရာကလွတ်မြောက်ဖို့ အင်္ဂါရှစ်တန်ရှိတဲ့ မြတ်သောလမ်းကို ညွှန်ပြပေးသူပါ။ ဗုဒ္ဒဟာ သံသရာကလွတ်မြောက်ဖို့ လောကုတ္တရာရေးကို ဦးစားပေး ဟောပြောခဲ့ပေမယ့် လောကီအရေးကိုလည်း ချန်မထားခဲ့ပါဘူး။ သိင်္ဂလောဝါဒသုတ်မှာ၊ မင်္ဂလသုတ်မှာ စသည်ဖြင့် လောကီရေးအတွက်ကိုလည်း လမ်းညွှန်ပြသခဲ့ပါတယ်။ ဒီလိုဟောကြားတဲ့နေရာမှာ ဗုဒ္ဒဟာ အများသုံး စကားလုံးတွေကိုလဲ သုံးနှုန်းပြီး ဟောကြားခဲ့ပါတယ်။ ဗုဒ္ဒ၀ါဒရဲ့ အမြင့်ဆုံးပန်းတိုင်ဟာ နိဗာန်ဖြစ်ပေမယ့် လူချမ်းသာ၊ နတ်ချမ်းသာကိုလည်း ချန်မထားပဲ ဟောပြောပြခဲ့ပါတယ်။ လူဆိုတာ အရိယာမဖြစ်မချင်းကတော့ ဘ၀တဏှာဆိုတာ ရှိဦးမှာပဲမို့ အတင်းအကျပ် နိဗ္ဒာန်တစ်ခုထည်းကိုပဲဟောပြောမယ်ဆိုရင် လူတွေအဖို့ လိုက်နာကျင့်ကြံဖို့ အင်မတန်ဝန်လေး ခက်ခဲမယ်ဆိုတာကို သိတော်မူပါတယ်။ နောက်ပြီး လူနတ်ဗြဟ္မာချမ်းသာကို လိုချင်တယ်ဆိုတာလဲ ငရဲရောက်မယ့် ဒုစရိုက်အမှုတွေကို ပြုရင်း ရောက်နိုင်တာမဟုတ်ပါဘူး။ ဒါနအမှု၊ သီလအမှုဆိုတာတွေကို ဆောက်တည်မှ ဖြစ်မယ့်ရောက်မယ့်နေရာတွေ ဖြစ်ပါတယ်။ ကောင်းမှုကိုသာ အားပေးရာရောက်တဲ့အတွက် ဒါတွေကို ပစ်ပယ်တော်မမူခဲ့တာ ဖြစ်ပါတယ်။
ဆုတောင်းတိုင်းရသလားဆိုတာကတော့ ဆုတောင်းသူရဲ့ သီလ၊ ဆုပေးသူပုဂ္ဂိုလ်ရဲ့ သီလအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဗုဒ္ဒစာပေတွေထဲမှာ ရဟန္တာအရှင်မြတ်ကို ဆွမ်းလောင်းပြီး ဆုတောင်းပုံတွေ၊ ပစ္စေကာဗုဒ္ဒာကို ဆွမ်းလှုပြီး ဆုပန်ပုံတွေ၊ ဆုတောင်းပြည့်သွားပုံတွေ မရေမတွက်နိုင်အောင် တွေ့ရမှာပါ။ အထင်ရှားဆုံးပြောရရင် သုမေဓာရှင်ရသေ့နဲ့ ယသောဓယာလောင်းလျာတို့ရဲ့ ဆုပန်ပုံ၊ ဆုတောင်းပုံတွေပါ။ သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာမြတ်စွာဘုရားထံမှာ ဆုပန်တာပါ။ ဆုတောင်းတာမဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ပင်ပန်းကြီးစွာဖြည့်ကျင့်ရမယ့် ပါရမီကို စိန်ခေါ်ပြီး ဘုရားဖြစ်အောင် ကျိုးစားပါ့မယ်လို့ ဆုပန်တာပါ။ အဲဒီအချိန် ဘေးမှာရပ်ကြည့်နေတဲ့ ယသောဓယာလောင်းလျာာကလေးက လက်ထဲကကြာပန်းလေးတွေလှူပြီး ဒီရှင်ရသေ့ ဘုရားစင်စစ် ဧကန်ဖြစ်မယ့် ဘ၀အထိ သံသရာတစ်လျောက်လုံး ပါရမီဖြည့်ဖက် ဖြစ်ပါရစေဆိုပြီး ဆုတောင်းခဲ့တာပါ။ နိဗ္ဖာန်ကို၊ ဘုရားအဖြစ်ကို၊ မဂ်ဖိုလ်ကို ဆုတောင်းရုံနဲ့မရပေမယ့် အချို့အချို့သော ချမ်းသာတွေကိုတော့ သင့်တော်တဲ့ ဒါနသီလလည်းရှိမယ် ဆုလည်းတောင်းမယ် ဆိုရင်တော့ ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်ခုလောက် ရေးသားဆွေးနွေးခဲ့တာကို သဘောတူသူ မတူသူများကို ပြန်လှန်ဆွေးနွေးပေးဖို့လည်း လေးစားစွာ ဖိတ်ခေါ်ပါတယ်။
(ကျွန်တော် ပါဒ်ဆင့်တွေ ကောင်းကောင်းရိုက်လို့ မရသေးတာကြောင့် တစ်ချို့စာလုံးပေါင်းမှားတာတွေကို ခွင့်လွတ်ပေးပါ။ ဘယ်လိုမှန်အောင် ရိုက်ရမလဲဆိုတာလဲ ပြောပြကြပါဦး။ zawgyi keyboard ကြည့်ပြီးရိုက်တာပဲ။ ဒါပေမယ့် တစ်ချို့စာလုံးတွေကို ရိုက်မရဘူး။)
ဘုရားကိုရှစ့် ခိုးတဲ့အချိန်မှာ ရတနာသုံးပါးနဲ့ ဆရာတို့ မိဘတို့ ကို ကံသုံးပါးနဲ့ ပြစ်မှားခဲ့ ရင် ဆိုပြီး
ဝန်ချတောင်းပန်တယ်။
တကယ်ပြစ်မှားတာသိရင် တကယ်တောင်ပန်ချင်ရင် လူကိုယ်တိုင်သွားပြီးဖြစ်ဖြစ် စာရေးလို့ ဖြစ်ဖြစ် ဖုန်းနဲ့ ဖြစ်ဖြစ်တောင်းပန်တာပိုကောင်းတယ်။
ကိုယ့်အပြစ်ကိုယ်သိတာဟာကောင်းတာပေါ့။သိလို့ တောင်းပန်တာ မြင့်မြတ်တဲ့ အလုပ်ပါ။
အပြစ်ကနေတော့ တောင်းပန်တာနဲ့ မရပါဘူး။ ကိုယ်လုပ်တာကိုယ်ခံရတာဘဲ။ ဘုရားလည်းခံခဲ့ရတာဘဲ။
ဆုပန်ရုံနဲ့ မရပါဘူး။ကိုယ်တိုင်လုပ်ရတာပါ။ ဘုရားမှာဆုတောင်းထားတော့ စိတ်စွမ်းအားတခုတော့ရတာပေါ့။
သံပရာသီးဘာ့ကြောင့်ချဉ်ဆိုတာမျိုး မစဉ်းစားပါနဲ့ဗျာ။ စကားလုံးတွေနောက်က အနက်တစ်ခုခုကို ဖမ်းဆုပ်နိုင်ပါစေ။ ဒါက ကျနော့်အမြင်နော်။ ကျနော်က ထေရဝါဒ ဘာမှ မကျွမ်းပါဘူး။ စကားလုံးတွေအများကြီးလည်း မသိပါဘူး။ သြကာသတောင် မရတာကြာလှပေါ့။ လောလောဆယ် တရုတ်ပြည်က တာအိုနဲ့ ယင်ယန်းကိုလေ့လာနေပါတယ်။ ဥာဏ်ပညာဆီသွားရာလမ်းမှာ ပုံသေစနစ်ဆိုတာမလိုအပ်ဘူးလို့ထင်ပါတယ်။
လူသေလူဖြစ်ကို ရေးတဲ့ ဆရာတော်ရှင်ဥက္ကဌဟာ ဓမ္မ၀ိနယ ခုံရုံးတင် စစ်ဆေးခံရပြီး လူဝတ်လဲခဲ့ရတယ် ဆိုတဲ့ အချက်ဟာ မှားနေပါတယ်။ လူသေလူဖြစ် စာအုပ်ရေးသားခဲ့လို့ တရားစွဲခံရတဲ့အမှုကို နောက်ပိုင်းမှာ အစိုးရက ပိတ်ပစ်ပါတယ်။ ဆရာတော်ဟာ ၁၉၇၈ ခုနှစ်မှာ ပျံလွန်တဲ့အထိ ရဟန်းဝတ်နဲ့  နေသွားခဲ့တာပါ။
ဗုဒ္ဓဘာသာကို စိစိစစ်စစ် လေ့လာဝေဖန်ချင်ရင် သည်လင့်ကို သွားပီး လေ့လာဖို့ အကြံပေးချင်ပါတယ်။
http://sayamvasi.googlepages.com/toe-bookspage
ဒါကတော့.. ပြောတတ်ဘူး.. ကိုယ်တိုင် ခံယူထားတာပဲ ပြောပြမယ်... ဘုရားရှိခိုးတယ်ဆိုတာ... စိတ်ထဲမှာ ဘုရား၊ တရား ရှိတယ် လို့ဆိုလိုတယ် တနည်းအားဖြင့် ဘုရား၊ တရား မမေ့ဘူးပေါ့... ဆုတော့ တောင်းနေကြတာပဲ ပြည့်တာ မပြည့်တာ အသာထား.. စိတ်ထဲတော့ အနည်းနဲ့ အများပေါ့ သွားကြတာပဲ
မေမေပြောပြတာရှိတယ်.. ဘုရား၊တရား မမေ့ရင် နတ်တွေ စောင့်ရှောက်တယ်တဲ့.. တကယ်ပါ.. ယုံကြည်ဖို့ပဲလိုတယ်
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း