တမလွန်ဆိုတာ တကယ်ရှိသလား။
ကျွန်တော့်အထင် ရှိကောင်းရှိနိုင်ပါလိမ့်မယ်(တခါမှတော့ မတွေ့ဘူးပါ) အသံ အနံ့ တော့ ကြုံဖူးပါတယ်။
အဲဒါကတော့ အဘွားရဲ့အမ ဆုံးတုန်းကပါ ရက်မလည်ခင် နှစ်ရက်အလိုမှာ တော်တော်ပဲ ဆိုးဆိုးဝါးဝါးကြုံခဲ့တာပါ။
အဘွားအမဆုံးပြီးတော့ အဲဒီအိမ်ကို သူ့အမျိုးသားကရောင်းလိုက်ပါတယ်(သားထောက်သမီးခံမရှိပါ)
နောက်ပိုင်း မေ့မေ့ရော့ရော့ပါပဲ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၄လလောက်က အဘွားဆုံးတော့ အဲဒီပတ်ဝန်းကျင်ကလူတွေသွားဖိတ်ရင်းနဲ့ အဘွားအမအိမ်နား ကျွန်တော်ရဲ့အမပြန်ရောက်ပါတယ်။ အဲဒီအိမ်က ဘယ်သူမှမနေပဲ အိမ်အိုအိမ်ဟောင်းကြီးဖြစ်နေပါပြီ ခြေရင်းအိမ်က ပြောပြချက်အရ တခါတလေ ငြုပ်သီးထောင်းသံ ရေအိုးသံ စသဖြင့်ကြားရတယ်လို့ပြောပြပါတယ်။
အိမ်ကနေရာကောင်း ကာလပေါက်ဈေး သိန်းပေါင်းရာထောင်ချီတဲ့နေရာမှာ အခုလိုလူမနေ၊
အိမ်ကြီးကိုလဲမဖျက်တာဘာကြောင့်လဲ???????????
ဆက်ပြီးတော့ အောက်က ဗီဒီယိုဖိုင်လေးကိုလဲလေ့လာလိုက်ပါဦး အဲဒါကတော့ အင်တာနက်ပေါ်ကရတဲ့ဟာပါ။
Thursday, September 25, 2008
Subscribe to:
Post Comments (Atom)
1 Response to တမလွန်ဆိုတာ တကယ်ရှိသလား
ကျောက်ကျိချင် ဆိုတဲ့အတိုင်း....
ဗီဒီယို ကို ကြောက်ကြောက်နဲ့ ကြည့်သွားပါတယ် ယောင်ပြီး အသက်တောင် အောင့်ထားမိသေး.. ဟီး :D
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း